Ba Sai

pka(38)
Published in
#esteem
Words
129
Reading
1 min
Listen
Play
8y

ဘစိုင်း

ဒီရက်ပိုင်း…
စိုင်းစိုင်းခမ်းလှိုင်နဲ့ပတ်သက်ပီး
trollနေကြတာတွေစိပ်လာလို့ ပြောကြည့်အုံးမယ်

ကိုယ်က Sai Saiရဲ့
Only Fanကြီးမဟုတ်ပေမယ့်
ကိုယ်ဟိုးခလေးဘဝတည်းက

သူ့ရဲ့ဝမ်းနည်းမှတ်တမ်းတို့
ဒီဘက်ခေတ် လူပျို ပေါက်ဘဝမှာဆိုရင်
တောဂေါ်လီတို့လို့သီချင်းတွေနဲ့ကြီးပြင်းခဲ့ရတော့

လုံးဝCrazyကြီးမဟုတ်တောင်
သူ့ကိုသဘောကျတယ် ကြိုက်တယ်…

နောက်တစ်ခု
ကိုယ်ကစိုင်းစိုင်းခမ်းလှိုင်ဆိုတဲ့
အဆိုတော်တစ်ယောက်ဆိုတာထက်

သူ့ကိုလေးစားအတုယူစရာ
Iconတစ်ခုအဖြစ်မြင်တာ ကြိုက်တာဆိုပိုမှန်မယ်

စဉ်းစားကြည့်လေ
မြန်မာပြည်မှာ Rap-Singerတွေနဲ့
ပတ်သက်ရင်လက်ချိုးရေလို့ရတဲ့ခေတ်ထဲ

ဘယ် Rap-Singerကများနှစ်ရှည်လများ
သူလိုအောင်မြင်မှုကိုထိန်းထားနိုင်သလဲ?

ACID ပြိုကွဲတယ်
Example ပျောက်သွားတယ်
Noအဖွဲ့ကွယ်သွားတယ်…

အနဂ္ဂ ဘာဘူ မှိန်သွားတယ်
ယုန်လေး Videoယောင်ယောင်
ရုပ်ရှင်ယောင်ယောင်ဖြစ်သွားတယ်

ရဲလေးတို့မယားလိုလို
ဘာလိုလိုအိမ်ထဲကမထွက်တော့ဘူး

ကြက်ဖတို့ ဆယ်စက္ကန့်လောက်ပဲအရူးထလိုက်ရတယ်

လက်ရှိခေတ်ထနေတဲ့
Snare,G-Fattတို့တောင် Rapperဘိုးအေကြီးဆိုပီး
စိုင်းစိုင်းဘေး အလုအယက်ပြေးကပ်နေရတဲ့အဖြစ်

နောက်ဆုံးဗျာ
မြန်မာပြည်မှာ စိုင်းစိုင်းလို
ဘယ်RapperOne-Man 'Showထပီးလုပ်ရဲလဲ

ဟဲဟဲ … ပြေတီဦးစကားနဲ့
ဌားပြောရရင် ရူးတောင်သွားအုံးမယ်

ဒါဟာ…
သူ့ရဲ့ရုပ်ရည်ကြောင့်လို့တော့မပြောနဲ့

သူ့သီချင်းထဲကစာသားနဲ့ပြောပြရရင်
"စကားလုံးများက လက်ပစ်ဗုံးလိုပစ်ဖောက်ခွင်း"ဆိုတဲ့
အတိုင်း သူ့စာသားတွေကိုက မြောက်တာ

ကိုယ်သိသလောက် G Fattလောက်
စာသားအထားအသို မလန်းပေမယ့်…

Sai Saiက
စွန့်ဦးတွေးစဖန်တီးနိုင်တယ်
အဲတာသူ့ရဲ့မဟာအားသာချက်

အဲတော့…
ခုပြောခဲ့တာတွေက သူ့ရဲ့ Musicalပိုင်း
နောက်ထပ်ပြောလိုတာက သူ့ရဲ့Socialပိုင်း

စိုင်းစိုင်းဟာ
ကိုယ်သိသလောက်အရမ်းSocialကောင်းတယ်

ဒါဟာ အထက်မှာပြောခဲ့သလို
ကျွန်တော်တို့လူငယ်တွေအတုယူရမယ့်အချက်

Videoလောကမှာ
trollတာခံရဆုံးပုဂ္ဂိုလ်ဟာနေထူးနိုင်ဆိုရင်

Musicပိုင်းမှာ စိုင်းစိုင်းပဲ

ပိုပီးလေးစားဖို့ကောင်းတာက
စိုင်းစိုင်းဟာ ဘယ်လောက်trollတာခံရခံရ

ဘယ်Media ဘယ်စာနယ်ဇင်းရှေ့မှာမှ
တချို့ သော တစ်ရာဖိုးသုံးယောက်Actorတွေ
Singerတွေလို ကိုယ့်ပရိတ်သက်ကိုတရားစွဲမယ်
ဘာညာမပြောဘူး…

တခါတလေ
သူ့Wallမှာတောင်သူ့ကိုtrollတဲ့
Photosတွေတင်ပီး ဟာသတောင်ပြန်လုပ်လိုက်သေး

အဲတော့
ချူံ ပြောရရင် စိုင်းစိုင်းခမ်းလှိုင်ဆိုတာ

ဒီဘက်ခေတ်1500 Sim-Cardလေးထဲ
Bill-1000ထည့်တာတောင် 800အဖြတ်ခံပီး

ဇူကာဘက်အလကားလှု တဲ့
FaceBookပေါ်ခပ်တုန်တုန်MTVလေးတွေ
ဖျင်ယားတင်ပီး စင်ပေါ်ရောက်လာတဲ့
အဆိုတော်မဟုတ်ဘူးဆိုတာကိုတော့

ဘာလာလာtrollမယ်ဆိုတဲ့
ဝဲစားတစ်သိုက်သိသင့်တယ်လို့ ကိုယ်ထင်တယ်

                   ရှာဖွေတင်ပြသူ@pka

image

Ba Sai | Ecency