ွ အပျို ၊ လူပျိုတွေကို စစ်မှန်တဲ့ချစ်ခြင်းမေတ္တာနဲ့ ဖူးစာဆုံစေချင်တယ်။ တဘဝလုံးအရေးမှာ အရွေးမမှားစေချင်ဘူး။ အရွေးမှားသွားခဲ့တယ်ဆိုရင်လည်း တည်ပြီးသားအိမ်ထောင်ကို အတတ်နိုင်ဆုံး ညှိနှိုင်းလို့ ပျော်ပျော်ရွှင်ရွှင် ခိုင်မြဲလာအောင် နှစေ်ယောက်လုံးကြိုးစားစေချင်တယ် ၊ တာဝန်သိပြီးတာဝန်ယူတဲ့မိဘတွေကောင်းတွေ ဖြစ်စေချင်တယ်။ အနှစ်ချုပ်လိုက်ရင်တော့ အနာဂါတ်မှာ အစွန့်ပစ်ခံကလေးတွေ ၊ အဖျက်ချခံကလေးတွေ ၊ စိတ်ဒဏ်ရာနဲ့ကြီးပြင်းလာရတဲ့ ကလေးတွေ နည်းသမျှ နည်းစေချင်တဲ့စေတနာပါ။ သူတို့အစား ကျွန်မဝင်ဆုံးဖြတ်လို့မရဘူးဆိုတာ ကျွန်မသိပါတယ်။ ဒါပေမယ့်လည်းလေ စုံတွဲတိုင်းကို ပျော်ရွှင်စေချင်ပြီး မိသားစုတိုင်းကိုလည်း ပျော်ရွှင်စေချင်တာ ကျွန်မစေတနာပါ။ ကလေးတိုင်း မိဘစုံညီနဲ့ ပျော်ရွှင်စွာကြီးပြင်းခွင့် ရကြပါစေ။