- How To Create Apple ID -

Words
236
Reading
2 min
Listen
Play
8y

စတီးမစ်​မြန်​မာများ အားလုံး မင်္ဂလာပါ ခင်​ဗျာ။ ယခု Post ​လေးတွင်​ဖြင့်​ Apple devices ကိုင်​​ဆောင်​သူများအတွင်​ Apple ID Account ဖွင့်​နည်း​လေးအား ​ဖော်​ပြ​ပေးသွားမည်​ဖြစ်​ပါသည်​။


Image Source

ကျွနု​ပ်​ သင်​တန်းစတင်​တက်​​ရောက်​သည့်​နှစ်​ ၂၀၁၅ ခုနှစ်​ကဆိုလျှင်​ဖြင့်​ Apple ID တစ်​ခုလျှင်​ ၁၀၀၀၀ / ၁၅၀၀၀ ထိ ​ဈေး​ပေါက်​ခဲ့သည်​။ ယခုအချိန်​တွင်​လည်း သင့်​​လျှော်​​သော ​ဈေးနှုန်းတွင်​ ရှိ​နေ​ပေ​သေးသည်​။ မိတ်​​ဆွေတို့အတွက်​ ယခု Post တွင်​ ပြီးပြည့်​စုံ​သော Apple ID account ဖွင့်​နည်းအား ​ဖော်​ပြ​ပေးသွားပါမည်​။

အ​ကောင့်​ စတင်​ ဖွင်​​တော့မည်​ဆိုပါက

User name ,
Password ,
Date of Birth ,
Email,
Questions and Answers
စသည်​တို့အား မှတ်သားထား​စေချင်​ပါသည်​။ iPhone အသုံးပြုသူများအတွက် Apple ID သည်​ အလွန့်​ အလွန်​ အထူးကိုအရေးကြီးပါသည်​။ 

Setting > Mail သို့ဝင်​၍ Add Account ကိုနှိပ်ပါ။
iCloud ကိုနှိပ်ပါ။ ပြီး​နောက်
Create new Apple ID ကိုနှိပ်ပါ။
Date of Birth ထည့်ပါ။ (​သေချာမှတ်​သားထား​ပေးပါ။)
First Name , Last Name ထည့်ပါ။
Get a free iCloud email address ကိုနှိပ်ပါ။
iCloud email တစ်ခုပြုလုပ်ဖို့အတွက် name တစ်ခုရယူပါ။
Password ပေးပါ။ (​သေချာစွာမှတ်​သားထား​ပေးပါ)
Questions & Answers သုံးခုကို ပြုလုပ်ပေးပါ။ (​သေချာစွာမှတ်​သားထား​ပေးပါ)
Agree ကိုနှိပ်ပါ။ Verifying ပြုလုပ်နေပါလိမ့်​မည်​။ ခေတ္တစောင့်​ပေးပါ။ ပေါ်လာသည့်​ box တွင်​ OK ကိုနှိပ်ပေးပြီး ထို့နောက်ဆက်လက်၍ Save ကိုနှိပ်ပါ။


Image Source

App Store Search box မှတဆင့် free apps တစ်ခုရှာ၍ GET >> Install တို့ကို နှိပ်ပါ။ Use Existing Apple ID ကိုနှိပ်ပြီး အထက်တွင်​​ဖွင့်ထားသော သင်၏ Apple ID နှင့် Password တို့ကို ထည့်သွင်းပေးပါ။ပြီး​နောက်
Review ပြုလုပ်ပေးပါ။ Review လုပ်သည့်​အဆင့်များသည်​အရေးကြီးပါသည်​။
Agree to Terms and Conditions ကို On ပေးပါ။ Next ကိုသွားပါ။ Title , First Name , Last Name များအား ဖြည့်စွက်ပါ။
Payment နေရာတွင်​ None ကိုရွေးပါ။ Street ပထမအကွက်မှာ ထည့်ချင်တဲ့ ဂဏန်း(၄)လုံးကိုထည့်​​ပေးပါ။ Street ဒုတိယအကွက်တွင်​ လမ်းနာမည် အမည်တစ်ခုခုထည့်ပါ။ City နေရာတွင်​လည်း သင့်တော်ရာအမည်တစ်ခုခုထည့်သွင်းပါ။ State ရွေးချယ်ပါ။ အရေးကြီးတဲ့နေရာကတော့ Zip နေရာမှာ ဂဏန်း (၅) လုံး ထည့်ပါ။ Phone နေရာမှာ .. ရှေ့အကွက် ဂဏာန်း (၃)လုံး ၊ နောက်အကွက်နေရာမှာ ဂဏန်း (၇)လုံးထည့်ပါ။ ဒါဆိုရင်တော့ အချက်အလက်တွေ အားလုံးဖြည့်စွက်ပြီးပါပြီ။
Next ကိုနှိပ်ပါ။ ကိုတိန်​ညွန့်​ အားနှိပ်​ပါ။
App Store ကိုသွားပြီး Application တွေအားလုံးကိုလည်း စိတ်ကြိုက်ထည့်သွင်းနိုင်ပါပြီ။ 

ခင်​မင်​​လေးစားစွာဖြင်​ ဖြိုး​ဇော်​ဦး ကျုံမ​ငေး
Writing by phyozawoo
MSC-071

- How To Create Apple ID - | Ecency