redmi note 4 ( fire)

Words
148
Reading
1 min
Listen
Play
9y

-- --Xiaomi Redmi Note 4 မီးလောင် ပေါက်ကွဲမှု ဖြစ်ပွား-- --
စမတ်ဖုန်းများဟာ သင့်ရဲ့ အဖော်ကောင်းဖြစ်သလို သင့်ရဲ့ ရန်သူလည်း ဖြစ်သွားနိုင်ပါတယ်။ မကြာခင်က ထွက်ပေါ်ခဲ့တဲ့ သတင်းအရ indian country Bengaluru ရှိ ဈေးဆိုင်တစ်ခုမှာ စမတ်ဖုန်းတစ်လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။ အဲဒီ ဖြစ်ရပ်ကို CCTV ကနေ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။
*** Bengaluru ဒေသခံတစ်ဦးဟာ Redmi Note 4 အတွက် SIM အသစ်ကို ထည့်သွင်းဖို့ ဈေးဆိုင်သို့သွားခဲ့ပါတယ်။ ဆိုင်မှ ၀န်ထမ်းက SIM Card စိုက်ဖို့ SIM Slot ကို ဖွင့်တဲ့အခါမှာ ဖုန်းဟာ မီးလောင် ပေါက်ကွဲခဲ့ပါတယ်။ ဒီဖြစ်ရပ်ကြောင့် ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ သိရပါတယ်။ CCTV ရဲ့ မှတ်တမ်းအရ ဖုန်းဟာ ဆိုင်ဝန်ထမ်းက မီးမငြိမ်းသတ်ခင်အချိန်အထိ မီးလောင်နေခဲ့တာကို တွေ့မြင်ရပါတယ်။
*** ဒီဖြစ်ရပ်ဟာ ဇူလိုင်လ ၁၇ ရက်နေ့မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး အခုတော့ ဖုန်းကို Service Centre ကို ပို့လိုက်ပါပြီ။ လက်ရှိအချိန်အထိတော့ ဖုန်းမီးလောင်မှုနဲ့ ပတ်သက်၍ Mi India က တုန့်ပြန်ခြင်း မရှိသေးပါဘူး။ ဖုန်းပိုင်ရှင်ဟာ အနီးအနားမှ ရဲစခန်းမှာ ရှောင်မီကို တရားစွဲဆိုထားပါတယ်။
*** ယခင်နှစ်တုန်းကလည်း အိန္ဒိယမှာ Xiaomi ရဲ့ Device တစ်ခု မီးလောင် ပေါက်ကွဲခဲ့ဖူးပါတယ်။ Xiaomi Mi 4i ဟာ ရုံးခန်းမှာ အားသွင်းနေစဉ်မှာ မီးလောင်ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။ စမတ်ဖုန်းဈေးကွက်မှာ အပြိုင်အဆိုင်များလာတဲ့အတွက် ဖုန်းထုတ်လုပ်သူများဟာ အလွန်ပါးလွှာတဲ့ ဖုန်းများကို ထုတ်လုပ်ခြင်းဖြင့် ဒီဇိုင်းကို ထူးခြားဆန်းသစ်အောင် ဖန်တီးလာကြပါတယ်။ ဒီလို ကျစ်လစ်တဲ့ ဒီဇိုင်းက အပူလွန်ကဲမှုများ ဖြစ်ပေါ်လာစေပါတယ်။
မကြာခင်ကလည်း အိန္ဒိယမှာ Vivo ရဲ့ စမတ်ဖုန်းတစ်လုံး မီးလောင်ပေါက်ကွဲခဲ့ဖူးပါတယ်။ Vivo V5 အားသွင်းစဉ်မှာ ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါတယ်။ စမတ်ဖုန်း မီးလောင်မှု သမိုင်းထဲမှာ အဆိုးဝါးဆုံးကတော့ Samsung Galaxy Note 7 ဖြစ်ပြီး ကုမ္ပဏီဟာ ဂုဏ်သိက္ခာနဲ့ ငွေကြေးများစွာ ဆုံးရှုံးခဲ့ပါတယ်။

themobileindian
redmi note 4 ( fire) | Ecency