မြှားနတ်မောင်

Words
57
Reading
1 min
Listen
Play
9y

သူငါသူ လူတွေမေး
ဘယ်တော့ စားရလေမလည်း
ဂေါ်မစွံတဲ့ လူပျိုသိုးရယ် ……
အဖြစ်ရယ် မရှိလေသလား
တစ်နှစ်လာ တစ်ခါမေး
ရှက်ရပါ သလေး ……

ငါ့အလှည့် လာတော့မည်
အားကျမခံ ပြန်လည်ကြွား
အရှက်ပြေ ဟစ်လုံးထုတ်တယ်
နောက်နှစ်ခါ လက်ထပ်ပွဲ
ခြိမ့်ခြိမ့်သဲ မင်္ဂလာပွဲကြီး
လက်ဖွဲ့ဖို့ ပြင်ပေါ့လေး ……

နောက်နှစ်ခါ ရောက်ပြန်ပေါ့
ပွဲထုတ်စရာ ဇနီးအလှမရှိသေး
လက်ဗလာ တွဲစရာရယ်ဝေး
ပွဲတစ်ကာလှည့် ကိုယ်လက်ဖွဲ့
ဖူးစာရေးနတ် မျက်စိလည်
မကြင်ပေါင် တူရှောင်လွဲလို့
ငါ့ကိုများ လက်ရှောင်ပစ်လေသလား ……

မှန်ချင်းစမ်းပါဘိ ဒီတစ်ခါ
ကြင်ယာတော် မောင့်သက်လျှာ
ပစ်မယ်ကြံ ချိန်ရွယ်ဆ
အကြောင်းကံ ရှောင်လွဲရန်ဖန်လာ
မြားနတ်မောင် လက်မှိုင်ချလို့
ဒီနှစ်တော့ ပစ်စရာမြားကကုန်
ရင်ဝေးရယ် နောက်နှစ်ခါမှ ……………။