အမုန်းတော်ခံ

Words
439
Reading
2 min
Listen
Play
9y

အမုန်း​တော်​ခံ😑

"မိမီ.....တံခါးဖွင့်​စမ်း...."

"အဟင့်​....ဟင့်​"

အခန်းတွင်းမှ ငိုသံလိုလို ငြီးသံလိုလိုကြားရတာ​ကြောင့်​ ​ဒေါ်ထားတစ်​​ယောက်​ မီယိုအတွက်​ စိုးရိမ်​လာသည်​။

"​ဟေ့....မီယို....ဘာဖြစ်​​နေတာလဲ....
တံခါးဖွင့်​ပြီး မာမီ့ကို​ပြောစမ်း...."

"မာမီ.....မီမီတစ်​​ယောက်​တည်း ​နေပရ​စေ"

"ဟာ....ဘာတစ်​​ယောက်​တည်း​နေမှာလဲ.....
မောင်​​ခေတ်​သစ်​နဲ့လည်း ဘာ​တွေဖြစ်​ခဲ့တာလဲ....
သမီးက​ရော အခုဘာလို့ငို​နေတာလဲ....မာမီ​ကိုပြောစမ်းပါဦး....တံခါးဖွင့်​ပါမီယို....မဖွင့်​ရင်​ မာမီအပြင်​က​နေ ​သော့ရှာပြီး ဖွင့်​ဝင်​လာမှာ​နော်​"

`ဂျ​လောက်​´

မီယို​ တံခါးဖွင့်​​ပေး​တော့ ​ဒေါ်ထား အခန်းထဲသို့လျင်​မြန်​စွာ ဝင်​လာသည်​။

"မီယို....မာမီ့ကို​ပြောစမ်းပါဦး"
ကုတင်​​ပေါ်မှာ ထိုင်​​နေတဲ့မီယိုနား ကပ်​ထိုင်​လိုက်​ကာ ​မေးလိုက်​သည်​။

"အဟင့်​...ဟင့်​.....ကိုကို နိုင်​ငံခြားထွက်​သွားပြီ....ဟင့်​ဟင့်​...."

ထိုစကားကြားေ​တာ့ ဒေါ်ထားမသိမသာ​ပြုံးသည်​။

"​သြော်​....ဘာများလဲလို့ အဲ့ဒါ​ကောင်းတာ​ပေါ့"

"မာမီ!!!"

"သူ့အ​ကြောင်းထားပါ....​ခေတ်​သစ်​နဲ့က ဘာဖြစ်​လာတာလဲ"

"သူ့​ကြောင့်​ ကိုကိုထွက်​သွားတာ....သူ့ကို သတ်​ပစ်​ချင်​​လောက်​​အောင်​မုန်းတယ်​"

"အမယ်​​လေး မီယိုမရယ်​....ညည်း ဘယ်​​လောက်​မုန်းမုန်း ညည်းလက်​ထပ်​ရမယ့်​သူက ​​မောင်​ခေတ်​သစ်​ပဲမိမီ"

မီယိုက မျက်​ရည်​များကို လက်​ဖြင့်​ဖယ်​ထုတ်​လိုက်​ပြီး

"မီမီက​တော့ သူ့ကိုဘယ်​လိုမှလက်​မထပ်​နိုင်​ဘူး မာမီ သူ့ကိုလက်​ထပ်​မယ့်​အစား....."

"No....မဟုတ်​​သေးဘူးသမီး....သူက လူရည်​မွန်​​လေးပါ....သူက ဘာအားနည်းချက်​မှမရှိတဲ့ ပြီးပြည့်​စုံတဲ့လူသားတစ်​​ယောက်​​လေ"

"အဟက်​....အဲ့ဒါနဲ့ပဲ မာမီတို့က သူနဲ့​မရရ​အောင်​​ပေးစားချင်​တယ်​​ပေါ့ မီယို့ကို"

"ဟုတ်​တာ​ပေါ့.....ဒါမှငါ့သမီး​လေးလည်း တင့်​​တောင့်​တင့်​တယ်​ ​နေနိုင်​မှာ​လေ"

"သမီးသူ့ကို လုံးဝမချစ်​ဘူး​လေ"

"အချစ်​ဆိုတာ လူကဖြစ်​လာတာပါ....မာမီကလည်း နင့်​ဒယ်​ဒီ့ကို ချစ်​လို့ယူခဲ့တာမှမဟုတ်​ဘဲ....ဒါ​ပေမယ့်​လည်း အတူတူ​နေလာ​တော့ အချစ်​ဆိုတာ အမြစ်​တွယ်​လာတာ​ပေါ့...."

"မဖြစ်​နိုင်​တာ"

"မဖြစ်​နိုင်​ဘူး​တွေ ဘာ​တွေလုပ်​မ​နေနဲ့....​အောက်​ထပ်​မှာ ညည်းဒယ်​ဒီပြန်​​ရောက်​​နေပြီလားမသိဘူး စိတ်​ကိုအဆင်​သင့်​ပြင်​ထား​နော်​....သမီးလက်​ထပ်​ရမယ့်​တစ်​​ယောက်​တည်း​သော လူက ​ခေတ်​သစ်​ထွန်းပဲ"

"မာမီ!!!!"

မာမီ အခန်းထဲမှထွက်​သွား​တော့ ကိုကို့ကို သတိရတဲ့စိတ်​က ပြန်​ကြီးစိုးလို့လာသည်​။

"​ခေတ်​သစ်​ထွန်း....ဒါ​တွေအားလုံး ခင်​ဗျားကြီး​ကြောင့်​ ဖြစ်​လာတာပါ အဲ့​တော့ ခင်​ဗျားကြီး တာဝန်​ယူရမယ်​....ငါ့ကို အဲ့​လောက်​​တောင်​ လက်​ထပ်​ချင်​တဲ့ ခင်​ဗျားကြီးကို လက်​ထပ်​​ပေးရမှာ​ပေါ့....ဒါ​ပေမယ့်​ အဲ့ဒါက ခင်​ဗျားကြီးကို ချစ်​လို့မဟုတ်​ဘူး....မုန်းလွန်းလို့ပဲ.....သူများအချစ်​ကိုဖျက်​ဆီးတဲ့ခင်​ဗျားကြီးကို အပြစ်​​ပေးရမယ်​"

❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆

"တကယ်​လားသား"

"ဟုတ်​ကဲ့မာမီ....သားဆုံးဖြတ်​ပြီးသွားပြီ"

"မှန်​လိုက်​တာသားရယ်​....ဒီလိုမှ​ပေါ့....သားတို့အသက်​အရွယ်​က အိမ်​​ထောင်​ပြုသင့်​​နေပြီ​လေ.....
မာမီက သားကို ထားရဲ့သမီးမီယိုကို သ​ဘောမကျဘူးထင်​​နေတာ.....ဘယ်​လိုဖြစ်​သွားတာလဲသား"

"ဒီလိုပါပဲ.....သား​သေချာစဉ်းစားကြည့်​​တော့ သူက​ချောတယ်​​လေ....​ပေါ့ပျက်​ပျက်​နိုင်​တာတစ်​ခုပဲ ​ပြောစရာရှိတာ....ဒါ​ပေမယ့်​လည်း အဲ့ဒါ​လေးက ချစ်​ဖို့​ကောင်းပါတယ်​"

ခေတ်​သစ်​ထွန်းနဲ့​ဒေါ်နဒီတို့စကား​ပြော​နေသည့်​ ​နေရာသို့ ဦး​သစ်​လွင်​နဲ့သက်​ဖြိုးဝင်းတို့ေ​ရာက်​လာကာ

ဦးသစ်​လွင်​>>>ငါ့သားက အမြင်​ရှိသားပဲ....ဒီ​ကောင်​ကြီးလာ​လေ ငါနဲ့တူလာ​လေပဲကွ

သက်​ဖြိုးဝင်း>>>အဲ့ဆို မင်္ဂလာ​နေ့​လေး သတ်​မှတ်​လိုက်​​တော့​လေ ကျွန်​​တော်​လည်းဝါးတီးချင်​လာပြီ

ခေတ်​သစ်​>>>အစ်​ကိုက​တော့ စားဖို့ဝါးဖို့ပဲ​ချောင်း​နေတာ.....

ဒေါ်နဒီ>>>သက်ဖြိုး​ပြောတာလည်း မှန်​တာပဲ....နှစ်​ဖက်​မိဘ​တွေ့ဆုံပွဲ​လေး လုပ်​ပြီး​တော့ ရက်​သတ်​မှတ်​လိုက်​ကြတာ​ပေါ့

ဦးသစ်​လွင်​>>>အဲ့ဒါ ​ကောင်းတယ်​နဒီ....ဒါမှ မြန်​မြန်​ယူပြီး မြန်​မြန်​​မြေးချီနိုင်​မှာ....

ခေတ်​သစ်​>>>အဲ့​လောက်​ကြီး​တော့ မ​တွေးထားပါနဲ့ ဒယ်​ဒီရာ....ကျွန်​​တော်​က အလုပ်​လုပ်​ချင်​​သေးတာ

သက်​ဖြိုးဝင်း>>>လုပ်​မ​နေနဲ့.....မင်းအလုပ်​​တွေ ငါလုပ်​​ပေးမယ်​....မင်းသာ ​မြေးချီနိုင်​​အောင်​ကြိုးစား

ထိုစကားဝိုင်းကို ​ခေတ်​သစ်​တစ်​​ယောက်​ အားမပါ​သော ဟန်​​ဆောင်​အပြုံးနဲ့သာ အဆုံးသတ်​လိုက်​ပြီး သက်​ပြင်းကို အထပ်​ထပ်​ချ၍ ကိုယ့်​အခန်းရှိရာ အ​ပေါ်သို့သာ တက်​လာခဲ့လိုက်​သည်​။

အခန်းထဲ​ရောက်​​တော့ ​မွေ့ယာ​ပေါ်ကို ပစ်​လှဲချလိုက်​ပြီး ​တောင်​စဉ်​​မ​ရောက်​ ​လျှောက်​​တွေး​နေမိသည်​။

သူမနဲ့လက်​ထပ်​ရမယ်​.....ဘယ်​လိုမျိုးလဲ.....
အချစ်​နဲ့လား.....အမုန်းနဲ့လား....ဒါမှမဟုတ်​ အနိုင်ယူချင်​ခြင်းနဲ့လား......

ကျွန်​​တော်​သိတာ တစ်​ခုက သူမကို ချစ်​လို့မရ​သေးတာပါပဲ။
ဒါ​ပေမယ့်​ သူမဆီက အချစ်​ကို​တော့ ပိုင်​ဆိုင်​နိုင်​​အောင်​ သူကြိုးစားရ​ပေမည်​။

"​ဒေါက်​.....​ဒေါက်​"

တံခါး​ခေါက်​သံကို ကြားလိုက်​ရတာ​ကြောင့်​ အိပ်​ယာ​ပေါ်မှထကာ ဖွင့်​​ပေး​တော့ မာမီ့ကို ​တွေ့ရသည်​။

"ဘာ​ပြောစရာရှိလို့လဲမာမီ"

"​သားကို မနက်​ဖြန်​ အချိန်​အား​အောင်​လုပ်​ထားဖို့ လာ​ပြောတာပါ....."

"ဘာဖြစ်​လို့......"

"မာမီတို့အိမ်မှာ ​​နှစ်​ဖက်​မိဘ​တွေ့ဆုံပွဲလုပ်​ဖို့​လေ.....
မနက်​ဖြန်​က ရက်​​ကောင်း​လေး​လေသားရဲ့ မီယိုတို့အိမ်​ကို​တော့ မာမီ​ပဲ​ပြောလိုက်​မယ်​....."

"အရမ်းများ မြန်​​နေသလားလို့ မာမီ....."

"မမြန်​ပါဘူးသားရဲ့......အဲ့ဆို မာမီပြင်​ဆင်​ထားလိုက်​​တော့မယ်​​နော်​...."

"မာ...မာမီ!"

မာမီက လှည့်​ထွက်​သွား​တော့ သက်​ပြင်းကို ဝုန်းဒိုင်းကြဲချမိသည်​။

ဘယ်​လို​တောင်​ ရင်​ဆိုင်​ရပါ့!

❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆

"မီယို.....မီယိုမ.....မပြီး​သေးဘူးလား.....
မြန်​မြန်​လုပ်​ ​နောက်​ကျ​နေပြီ"

"ဟာ.....မာမီကလည်း ကြယ်​သီး​လေး ပြီး​အောင်​တပ်​ပရ​စေ ဘာလို့ ဒီ​လောက်​​တောင်​ ​လော​နေရတာလဲ"

"​လောရမှာ​ပေါ့ အချိန်​​လည်းကြည့်​ဦး.....နင့်​ဒယ်​ဒီက ကား​ပေါ်မှ​ရောက်​​နေပြီ....လာပါ.....မြန်​မြန်​ထွက်​ခဲ့ ကား​ပေါ်​ရောက်​မှ အဲ့ဒီကြယ်​သီးတပ်​​တော့"

"ရောက်​လာကြပြီ.....လာ....."

မီယိုတို့၏ကားဆိုက်​သည်​နှင့်​ ဦးစွာဆီးကြိုနှုတ်​ဆက်​သည်​က ​ဒေါ်နဒီ

"​ဒီမှာ ပန်းစည်း​လေးလက်​​ဆောင်​ ယူလာတယ်​ နဒီ"

"ဝိုး....သိပ်​လှတာပဲ....​ကျေးဇူးပါပဲထားရယ်​....
လာ...အထဲဝင်​ထိုင်​ကြ​လေ.....
ခေတ်​သစ်​​ရယ်​...ဧည့်​သည်​​တွေ ​ရောက်​​နေပြီ"

ဒေါ်နဒီ့​ခေါ်သံကြားသည်​နှင့်​ မီးဖို​ချောင်​ထဲမှထွက်​လာသူက ​ခေတ်​သစ်​.....

ဟင်းချက်​​နေသည့်​ပုံစံဖြင့်​ ​ယောင်းမကြီးကိုင်​လာကာ....

"အန်​ကယ်​တို့ ခဏ​လေး​နော်​ ကျွန်​​တော်​ ချက်​လို့ပြီး​တော့မယ်​"

"​သြော်​...အင်းပါ...ရပါတယ်​ ဖြည်းဖြည်းလုပ်​ပါ"

ဒေါ်ထား>>>ဟယ်​....​ခေတ်​သစ်​က ဟင်းချက်​တတ်​တယ်​​ပေါ့ အရမ်း​တော်​တာပဲ

ဒေါ်နဒီ>>>ဟုတ်​တယ်​....သူက ဟင်းချက်တာကို ငယ်​ငယ်​ကတည်းက စိတ်​ဝင်​စားတာ​လေ

ဒေါ်ထား>>>​တော်​လိုက်​တာ တို့သမီးနဲ့များ တခြားစီ

မီယို >>>ဒါ....သက်​သက်​ လာကြွားတာပဲ

ပွစိပွစိ​ဖြင့် တီးတိုး​ပြောလိုက်​သည့်​မီယို့စကားကို ​​ခေတ်​သစ်​အ​မေဖြစ်​သူက.....

"ဘာ​ပြောလိုက်​တာလဲ မီယို​လေး"

"​သြော်​....​ခေတ်​သစ်​ထွန်းက ဘက်​စုံရတာပဲလို့ ​ပြောတာပါ"

"ဟုတ်​တယ်​....သားက အဲ့လိုပဲ....အားလုံးကို သူကလုပ်​တတ်​ချင်​တာ​လေ"

"ဟုတ်​ကဲ့.....သူက ဟင်းပါချက်​တတ်​တာဆို​တော့ သမီးက သူ့ကိုပိုင်​ဆိုင်​ရတာ ​တော်​​တော်​ကံ​ကောင်းတာပဲ​နော်​အန်​တီ....."

"ဘာလို့လဲကွဲ့"

"သူနဲ့ရရင်​ သူ့ကိုပဲ အိမ်​မှာဟင်းချက်​ခိုင်းပြီး သမီးက အပြင်​မှာ စီးပွားရှာမယ်​​လေ"

"ဟဲ့.....သမီး"

ဒေါ်ထားက သမီးဖြစ်​သူအား မျက်​စပစ်​ကာ ဆွဲဆိတ်​လိုက်​​တော့ မီယိုက နှုတ်​ခမ်း​ထော်​ပြလိုက်​သည်​။

"ဟားဟား.....မီယို စကား​ပြောတာချစ်​စရာ​လေးပဲ....ဟင်းချက်​​နေရင်း ​နား​ထောင်​​နေတာ...."

ခေတ်​သစ်​က မီးဖို​ချောင်​ထဲမှ ထွက်​လာကာ ​ပြောလိုက်​​တော့ မီယို မျက်​​စောင်းထိုးလိုက်​သည်​။

"အန်​ကယ်​တို့ အန်​တီတို့ ညစာသုံး​ဆောင်​လို့ရပါပြီဗျာ...."

ခေတ်​သစ်​စကားကြား​သော်​လည်း မီယိုကထိုင်​ရာမှမထ​သေး။

"မီမီ.....နင်​လည်း လာခဲ့​လေ...."

"အံမာ....ဘာမီမီလဲ....မီယိုဆို မီယို​ပေါ့....​"

"နင်​ကလည်း သင့်​သင့်​မြတ်​မြတ်​​နေကြရ​အောင်​ပါ
ငါတို့က မကြာခင်​လက်​ထပ်​...."

"ဘာလက်​ထပ်​လဲ....မ​နေ့ကကိစ္စကိုမှ အားမနာဘူး
နင်​မို့လို့ ​ပြောထွက်​တယ်​"

"နင်​ကလည်း ငါ့အိမ်​အထိ​ရောက်​လာပြီး နှစ်​ဖက်​မိဘ​တွေ့ဆုံပွဲကို ​အေး​အေးချမ်းချမ်းလာ​တွေ့တယ်​​ဆို​တော့ ငါ့ကိုပဲ ပြန်​သ​ဘောကျပြီထင်​​နေတာ"

"အံ့ပါ....ရူး​နေလား....ငါက နင့်​ကိုပြန်​သ​ဘောကျရ​အောင်​ ငါကပလပ်​ကျွတ်​သွားတာမို့လို့လား"

"ထားပါ....ဘာပဲဖြစ်​ဖြစ်​ နင်​ငါ့ကိုလက်​ထပ်​ရမှာပါပဲ"

"နင်​ ငါ့ကို လက်​ထပ်​ရ​အောင်​အထိ ချစ်​လို့လား....ဟမ်​"

"မဟုတ်​ပါဘူး.....ငါက နင့်​ကို ချစ်​လာမလားလို့ လက်​ထပ်​ချင်​တာပါ"

"​စောင့်​ကြည့်​​နေပါ...နင်​ပဲငါ့ကို ချစ်​လာမလား...ငါပဲနင့်​ကိုနှိပ်​စက်​နိုင်​မလားဆိုတာ"

"ဟားဟား....နင်​က ငါ့ကိုနှိပ်​စက်​မယ်​ဟုတ်​လား"

"ငါ နင့်​ကိုမုန်းတယ်​​လေ....ငါ့ရဲ့အမုန်းက နင့်​ကိုနှိပ်​စက်​တာပဲ​"

"အဟက်​....ဘာ​ပြောတယ်​....နင်​ကငါ့ကိုမုန်းတယ်​...ဟုတ်​လား...."

"ရှင်​ကြားတဲ့အတိုင်းပဲ​လေ...."

"Wow....​ပျော်​လိုက်​တာ....နင်​ငါ့ကိုမုန်းတယ်​တဲ့လား ပျော်​လိုက်​တာကွာ"

"နင်​...ရူး​နေပြီလား"

"ငါ နင့်​ကိုချစ်​သွားပြီ....နင်​မုန်းလို့ကို ငါကချစ်​သွားတာဟ....နင်​ ငါ့ကိုမုန်းပါ.....
နင်​ ငါ့ကိုမုန်း​လေ​လေ....ငါ့ရဲ့အချစ်​က ပိုနက်​ရှိုင်းလာ​လေပဲ"

"ဟာ.....ငါနင့်​ကို သတ်​ပစ်​ချင်​လာပြီ​နော်​ ​ခေတ်​သစ်​ထွန်း...."

သူမစိတ်​တိုသွားသည့်​ပုံစံ​လေးက က​လေးတစ်​​ယောက်​ပမာ.....ချစ်​ဖို့​ကောင်းလှသည်​။

ဒါသက်​သက်​....ငါ့ကို စိတ်​တိုလာ​အောင်​လုပ်​တာပဲ.....​ခေတ်​သစ်​ထွန်း......

"သမီးနဲ့သားရယ်​.....ထမင်းလာစားကြ​တော့​လေ....ဟင်း​တွေ ​အေးကုန်​​တော့မယ်​...."

မိဘ​တွေ၏စကား​ကြောင့်​ ​ခေတ်​သစ်​တို့ ထမင်းစားခန်းထဲသို့ ဝင်​လာခဲ့သည်​။

"လာ....စားကြ....မီယို​လေး​ရော ထည့်​စား​နော်​....
မီယိုက ငါး​ပေါင်းကြိုက်​လား"

"ကြိုက်​တယ်​အန်​တီ....မီမီက ငါး​ပေါင်းဆို အရမ်းကြိုက်​တာ...ငယ်​ငယ်​ကတည်းက"

"ဟုတ်​လား မီမီ....အဲ့ဆို ငါ​လေ နင့်​ကို​နေ့တိုင်းချက်​​ကျွေးမယ်​....သိလား"

ခေတ်​သစ်​၏စကား​လည်းကြား​ရော...မီယိုက မျက်​​စောင်းကို ဒိုင်းခနဲထိုးချလိုက်​သည်​။

"ဟားဟား.....သားနဲ့သမီးက တကယ်​ချစ်​စရာ​ကောင်းတာပဲ....ဒီလိုပုံစံအတိုင်းဆို သားနဲ့သမီးကို ဒီတစ်​ပတ်​ ကြာသပ​တေး​နေ့မှာပဲ ​ပေးစားလိုက်​ရင်​​ကောင်းမလားလို့"

ဦးသစ်​လွင်​၏စကားကို ထားတို့မိဘ​တွေကလည်း အခိုင်​အမာ​ထောက်​ခံကြ​သည်​။

ဒေါ်နဒီကလည်း.....

"ဟုတ်​ပါ့ ကြာသပ​တေး​နေ့က ရက်​ရာဇာပဲ.....​ကောင်းတယ်​....ကျွန်​မလည်း သ​ဘောတူတယ်​"ဟု​အားရဝမ်းသာ​ပြော​တော့......

ခေတ်​သစ်​က
"ဒီတပတ်​​ကြာသပ​တေးဆို​​တော့.....ဒီ​နေ့က ဘာ​နေပါလိမ့်​.....?"

ခေတ်​သစ်​​ရော မီယိုပါ နံရံထက်​ရှိ အဆင်​သင့်​တည်​ရှိ​နေ​သော ပြက္ခဒိန်​အား လှမ်းကြည့်​လိုက်​​တော့

"ဒီ​နေ့က အင်္ဂါ​နေ့ကြီး.....ဒါဆို မင်္ဂလာ​ဆောင်​ရမယ့်​​ image

ဆက်​ရန်​........

အမုန်းတော်ခံ | Ecency