သဘောကျမိတာလေး

Words
41
Reading
1 min
Listen
Play
2y

ခုမနက် ခပ်စောစော
ကျောင်းလခ သွားသွင်းတော့

အစိုးရဘဏ်ဝင်ဝင်ချင်း
ခုံဘေးတန်းလျားမှာ
အဘတစ်ယောက် ဟင်းချက်နေတာ
မွှေးနေတာပဲ

မိုးအေးအေးနဲ့
သူ့ ဝက်သားမျှစ်ချဉ်ဟင်းအနံ့က
ပနံသင့်နေပါရော

သူများဟင်းချက်နေတာကို
စပ်စပ်စုစုကို ဝင်ကြည့်ခဲ့တာ

အဘက confidence level အပြည့်ကြီး
ဘယ်သူ့မှ ဂရုမစိုက်
သူ့သူ ချက်နေတာ

ဝက်သားတုံးကြီးကလည်း
လက်သီးဆုပ်လောက်ကြီးမို့
ကိုယ့်အတွက်တော့
တကယ် သဘောကျမိပါတယ်

ဒါနဲ့ပဲ သူ့ဟင်းအနံ့က နှိပ်စက်လို့
နီးရာ ကော်ဖီဆိုင်ဝင်ပြီး
ဗိုက်ဖြည့်လိုက်ရတော့တယ်

ချစ်တို့ရော
မိုးအေးအေးမှာ
ကော်ဖီတစ်ခွက်နဲ့
အထာကျနေပြီလား

ချစ်တဲ့ တီဖြိုး

သဘောကျမိတာလေး | Ecency