My childhood memory

Words
113
Reading
1 min
Listen
Play
2y

2020လောက်က
ရေးထားတဲ့ပိုစ့်ဟောင်းလေး
ဝေမျှပါရစေရှင့်

ဒီရေဗူးမြင်ရင်
အားလုံးက
ငယ်ဘဝကို သတိရရုံပဲ

ကိုယ့်ဆီမှာကတော့
ဇာတ်လမ်းလေးရှိတယ်

ဒရမ်မာ ကျကျခင်းရရင်
သူငယ်တန်းကလေးဘဝက
ဒီရေဗူးကို မက်ခဲ့တာပေါ့
ဒီရေဗူးနဲ့ ကျောင်းတက်ချင်တယ်
အမားက မဝယ်ပေးနိုင်ဘူး

တစ်ရက် ကျောင်းဆင်းတော့
စာရေးစားပွဲထဲ ဒီဗူးလေး
ဘယ်သူကျန်ခဲ့မှန်း မသိပေမယ့်

ကလေးဆိုတော့
တပ်မက်စိတ်နဲ့
အိမ်ယူပြန်ခဲ့တယ်

ရေဗူးတစ်ကိုင်ကိုင်နဲ့
ပျော်လိုက်တာ
ဘယ်သူကတော့
ရေဗူးပျောက်လို့ ငိုမလဲ
ကျွန်တော် မသိခဲ့ဘူး

အိမ်ရောက်ခါနီး ကားလမ်းအကူး
တွဲထားတဲ့ အစ်ကို့လက်ကို ဖြုတ်ချ

အမားအမား အော်ခေါ်ပြီး
အမေကို ပြချင်ဇောနဲ့
လမ်း​​ဖြတ်ပြေးတယ်

ဒုန်းဆိုတဲ့ အသံတစ်ချက်ပဲ
ကျွန်တော် သိလိုက်ပြီး
လူက ဆယ်ပေလောက်
လွင့်ခဲ့တယ်တဲ့

ငယ်ကနေ
သူတစ်ပါးပစ္စည်းကို
ဘယ်တော့မှ မယူဖို့
သင်ခန်းစာဖြစ်ခဲ့တယ်

ခုချိန်ထိ ပြန်ပြောဆို
ရိုးဂုဏ်ရှိတဲ့ မိဘနှစ်ပါးက
မွေးလာရတာကို
ကိုယ် တကယ်နှစ်ခြိုက်တယ်

စဥ်းစားကြည့်
ကိုယ့်သမီး ကားနဲ့တိုက်လို့
ဆယ်ပေ​လွှင့်ပြီး
၂နာရီလောက် သတိလစ်သွားတာ
အလျော်တစ်ချက်မှ မတောင်းဘူး

အိမ်ဘေးက ဘာတောင်းညာတောင်းသင်ကြတဲ့အခါ

အို ကားဆရာက
အမေအိုကို လုပ်ကျွေးနေတာ
ကျွန်တော့ကလေးလည်း
သွေးထွက်သံယိုမှ မဖြစ်တာဗျာ

ဘာလုပ်မှာလဲ
သူများစိတ်ဆင်းရဲရမယ့်ပိုက်ဆံ
လို့ အပါး ပြန်ပြောခဲ့တာ
အခုထိ အမှတ်ရနေတုန်းပါပဲ

ရာထူးတွေ
ငွေတွေနဲ့ ပတ်သက်လို့
ခုတ်ကြထစ်ကြ
ကွက်ကျော်ရိုက်ကြတဲ့အခါ
ကျွန်တော် ပြုံးတယ်

ကျွန်တော့်ကို
ကျော်ခွလိမ်သွားကြတဲ့သူတွေကတော့
သူတို့ လိမ်ထားတာတွေ
ဆက် ဖုံး ဆက်ဖာနေရတာ
ပင်ပန်းနေမြဲပဲ

Credit photo to original uploader

အမှတ်တရဝေမျှရင်း
ချစ်တဲ့ တီဖြိုး

May 6 2024

My childhood memory | Ecency