ဒီတစ်ခါမှာတော့ ပရိသတ်တွေ အပျင်းပြေစေဖို့ ကမ္ဘာတလွှားက ထူးထူးခြားခြားအားကစားနည်းတွေအကြောင်း တင်ဆက်ပေးမှာပါ။
သမရိုးကျအားကစားနည်းတွေကို ကြည့်ပြီး ပျင်းနေပြီလား wowbox ပရိသတ်တို့ရေ။
၁။ မိန်းမကိုသယ်ဆောင်ရတဲ့ကစားနည်း
image
တချို့အမျိုးသားတွေ အိမ်ကို ပြန်လာပြီဆိုရင် မိန်းမဖြစ်သူရဲ့ မေးမြန်းစစ်ဆေးမှုတွေ ခံရတတ်ပါတယ်။ ဒါပေမယ့် ဒီကစားနည်းဆော့ကစားသူတွေကတော့ အဲဒီမေးမြန်းစစ်ဆေးမှုတွေကို ကြုံတွေ့ရမှာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ မိန်းမတွေကိုယ်တိုင် ကစားနည်းထဲမှာ ပါဝင်ရမှာဖြစ်ပြီး ကစားနေရတာနဲ့ စစ်ဆေးမေးမြန်းဖို့ အချိန်တောင်ရှိမှာမဟုတ်ပါဘူး။ ဒီကစားနည်းရဲ့ ပုံစံကတော့ ကိုယ့်ရဲ့ မိန်းမဖြစ်သူကို သယ်ဆောင်ပြီး အတားအဆီးတွေရှိတဲ့လမ်းကြောင်းကို ပြေးလွှားယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ မြောက်အမေရိကဒေသမှာ နှစ်စဉ်အဲဒီကစားနည်းပြိုင်ပွဲကို ကျင်းပလေ့ရှိပြီး အနိုင်ရရှိသူဟာ ကိုယ့်မိန်းမရဲ့ ကိုယ်အလေးချိန်နဲ့ ညီမျှတဲ့ ဘီယာကို ဆုအဖြစ်ရရှိမှာဖြစ်ပါတယ်။
၂။ ချိစ့်အလှိမ့်ကစားနည်း
image
ချိစ့်ဆိုတာနဲ့ ပေါင်မုန့်တွေ ကြားထဲမှာ ညှပ်စားတဲ့ အရာကို မြင်မိမှာပါ။ ဟုတ်ပါတယ် ဒီပြိုင်ပွဲကတော့ အဲဒီချိစ့်တွေနဲ့ လုပ်ထားတဲ့ ဘီးကို လှိမ့်ပြီး ယှဉ်ပြိုင်ရတာဖြစ်ပါတယ်။ နှစ်စဉ် ဒီပြိုင်ပွဲကို ဗြိတိန်နိုင်ငံမှာရှိတဲ့ ကော်ပါးတောင်မှာ ပြုလုပ်လေ့ရှိပါတယ်။ ကစားနည်းကို ဘယ်လိုဆော့ကစားရလဲဆိုတော့ ကြီးမားတဲ့ချိစ့်ဘီးကြီးကို မတ်စောက်တဲ့တောင်ပေါ်ကနေ လှိမ့်ချလိုက်ပါတယ်။ အဲဒီလိုလှိမ့်ချပြီးနောက်မှာ ပြိုင်ပွဲဝင်တွေက အဲဒီနောက်ပြေးလိုက်ရမှာဖြစ်ပါတယ်။ တောင်ရဲ့ အောက်ခြေကို ပထမဆုံးရောက်ရှိသူက ချိစ့်ကို ရရှိပြီးအနိုင်ရရှိမှာဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်တဲ့အခါ သတိတော့ ထားဖို့လိုပါတယ်။ ဘာလို့လဲဆိုတော့ မတ်စောက်တဲ့တောင်ပေါ်ကနေ ပြေးဆင်းရမှာဖြစ်တဲ့အတွက် ဒဏ်ရာအနာတရတွေ ရရှိနိုင်လို့ဖြစ်ပါတယ်။
၃။ ဥပစ်တဲ့ကစားနည်း
image
ကမ္ဘာ့ဥပစ်ကစားနည်းအဖွဲ့ချုပ်ရဲ့ အဆိုအရ ဒီကစားနည်းဟာ လူတွေကို ပျော်ရွင်စေတဲ့ကစားနည်းဖြစ်တယ်လို့ သိရပါတယ်။ ဒီကစားနည်းဟာ အသင်းအဖွဲ့နဲ့ကစားရတာဖြစ်ပြီး တစ်သင်းမှာ ၁၁ ယောက်စီ ပါဝင်မှာဖြစ်ပါတယ်။ အသင်းအဖွဲ့ (၂) ဖွဲ့ ဥတွေကို အပြန်အလှန်ပစ်ကစားရမှာဖြစ်ပြီး ရမှတ်အပေါ်မူတည်ကာ အနိုင် ၊ အရှုံးသတ်မှတ်ပေးမှာဖြစ်ပါတယ်။

၁။ မိန်းမကိုသယ်ဆောင်ရတဲ့ကစားနည်းဒီတစ်ခါမှာတော့ ပရိသတ်တွေ အပျင်းပြေစေဖို့ ကမ္ဘာတလွှားက ထူးထူးခြားခြားအားကစားနည်းတွေအကြောင်း တင်ဆက်ပေးမှာပါ။

၎။ ရေအောက်မှာ ဟော်ကီကစားနည်း
ပရိသတ်တွေအနေနဲ့ မြေပြင်ပေါ်မှာ ကစားတဲ့ ဟော်ကီပြိုင်ပွဲနဲ့ ရေခဲပြင်ဟော်ကီပြိုင်ပွဲတွေကို သိရှိကြမှာပါ။
ဒီဟော်ကီကစားနည်းကတော့ ထူးထူးခြားခြား ရေအောက်မှာကစားရမှာဖြစ်ပါတယ်။
ဒီကစားနည်းကို Octopus လို့လည်း လူသိများကြပါတယ်။
ဒီကစားနည်းကို တစ်ကမ္ဘာလုံးမှာ ကစားကြပြီး ရေကူးကန်ထဲမှာ အသင်း (၂) သင်း တုတ်ချောင်းတွေကို အသုံးပြုပြီး ယှဉ်ပြိုင်ကစားကြတာဖြစ်ပါတယ်။ဒီကစားနည်းကို ၁၉၈၀ ခုနှစ်က စတင်ခဲ့တာဖြစ်ပြီး world championship ရဲ့ ကိုယ်ပိုင်ကစားနည်း လည်းဖြစ်ပါတယ်။