Sleeping နည္​း

Words
93
Reading
1 min
9y
Listen to this post
~1 min

အိပ်စက်ခြင်းဟာ လူတိုင်းအတွက် အရေးပါတဲ့အရာတစ်ခုဖြစ်ပါတယ်။
ကောင်းမွန်စွာ အိပ်စက်နိုင်မှသာ နေ့တဒူဝလုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စွာ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ကောင်းမွန်စွာအိပ်စက်နိုင်ဖို့ နည်းလမ်းလေးတွေကို ဖော်ပြပေးပါမယ်။

၁။ အချိန်မှန်ကန်စွာအိပ်ပါ။

သင့်အနေနဲ့ ကောင်းမွန်တဲ့အိပ်စက်မှုရရှိပြီး သင့်အိပ်စက်မှုတိုးတက်ဖို့ဆိုရင် အချိန်မှန်အိပ်စက်သင့်ပါတယ်။ ညစဥ် တူညီတဲ့အချိန်မှာ အိပ်ပြီး နံနက်ခင်းတိုင်း တူညီတဲ့အချိန်မှ ထပါ။ ဒါက သင့်ရဲ့ ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေမှာဖြစ်ပါတယ်။

၂။ ဆေးလိပ်သောက်ခြင်းရပ်ပါ။

ဆေးလိပ်မှာပါဝင်တဲ့ နီကိုတင်းဓာတ်က သင့်ကို တက်ကြွစေပါတယ်။ ဒီလိုဖြစ်ခြင်းဟာ သင့်ရဲ့ အိပ်စက်လိုစိတ်ကို ပျောက်ကွယ်စေပါတယ်။ ဒါကြောင့် သင်ကောင်းမွန်စွာအိပ်စက်ပြီး ကျန်းမာရေးနဲ့ ညီညွတ်စေဖို့ ဆေးလိပ်သောက်ခြင်းကို ရပ်တန့်ပါ။

၃။ သောက်သံုးနေတဲ့ဆေးဝါးတွေရှိရင်ဆန်းစစ်ပါ။

သင့်မှာ အကြောင်းကြောင်းကြောင့် သောက်သံုးနေတဲ့ ဆေးဝါးတွေရှိရင် အိပ်စက်ခြင်းကို ထိခိုက်ခြင်း ရှိ၊ မရှိဆန်းစစ်ပါ။ တချို့သောဆေးဝါးတွေရဲ့ သက်ရောက်မှုကြောင့် သင့်ကို အိပ်မပျော်တဲ့ရောဂါဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် သောက်သံုးနေတဲ့ဆေးဝါးတွေရှိရင် ဆရာဝန်နဲ့ တွေ့ဆံုပြီး သက်ရောက်နိုင်မှုတွေကို မေးမြန်းပါ။ မလိုအပ်တဲ့ဆေးဝါးတွေရှိရင် လှေျာ့ချပါ။

၄။ လေ့ကျင့်ခန်းလုပ်ပါ။

သင့်အနေနဲ့ နေ့စဥ်လေ့ကျင့်ခန်းပြုလုပ်သင့်ပါတယ်။ နေ့စဥ် မှန်ကန်တဲ့လေ့ကျင့်ခန်းပြုလုပ်ခြင်းက သင့်ရဲ့ အိပ်စက်ခြင်းကို တစ်ထောင့်တစ်နေရာက အထောက်အကူပြုစေမှာဖြစ်ပါတယ်။ ဦးနှောက်ကိုလည်း အထောက်အကူပြုစေပါတယ်။

၅။ အိပ်ရာဝင်ခါနီးကဖိန်းဓာတ်ကိုဖြတ်တောက်ပါ။

ကဖိန်းဓာတ်ပါတဲ့ ကော်ဖီလို အရာတွေကို အိပ်ရာဝင်မယ့်အချိန်နဲ့ ဝေးကွာတဲ့အချိန်မျိုးမှာ သောက်သံုးသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကဖိန်းဓာတ်က သင့်ရဲ့ ခန္ဓာကိုယ်လှုပ်ရှားမှုတွေကို တက်ကြွစေတတ်လို့ ဖြစ်ပါတယ်။

Sleeping နည္​း | Ecency