Nice

Words
48
Reading
1 min
9y
Listen to this post
~1 min

သဲ.....
ဘာလိုလိုနဲ့....LDRS ဘဝနဲ့နေရင်း
ချစ်သက်တမ်းက ဒီနေ့ဆိုရင်
သံုးနှစ်နဲ့ခြောက်လရှိနေပြီနော်......

V-dayမှာလည်း ဘေးနားမရှိပေးနိုင်လို့
ကိုယ်တကယ်စိတ်မကောင်းဘူး...သဲ....
အဲ့အတွက် အဝေးကနေပဲ
ဆုတောင်းစကားလေးတွေပေးလိုက်မယ်....
သဲ...ကျေနပ်နိုင်ပါစေ.....

ကိုယ့်ရင်ငွေ့နဲ့ဖြစ်တဲ့ ကြယ်
ကောင်းကင်ရဲ့ဘယ်ဘက်အရပ်မှာ တည်ပါစေ....
ကစားပွဲဆန်တဲ့လောကကြီးထဲမှာ
သဲ...အံစာတံုးခေါက်တဲ့အခါတိုင်း
နံပါတ်ခြောက်ကျပါစေ.....
သဲ....လွတ်လပ်ပါစေ....နာရီတွေကိုတော်လှန်နိုင်ပါစေ
ကြမ်းတမ်းတဲ့လမ်းတွေဖြတ်ရရင်လည်း
သဲခြေဖဝါးနုနုတွေ မပွန်းပဲ့ပါစေနဲ့.....

နောက်ဆံုး....ကောင်းကင်မှာ
ကြယ်တစ်ပွင့်အဖြစ် လွတ်လပ်စွာ တည်ရှိပါစေ.....
ဘဝကို စာအုပ်တစ်အုပ်လိုဖွင့်ကြည့်တိုင်း
မွှေးပျံ့နိုင်ပါစေ.....
လာခြင်းကောင်းသူတို့ရဲ့ ရာဇဝင်နဲ့
ပြန်ခြင်းကောင်းသူတို့ရဲ့ သမိုင်းမှာလဲ
ထင်ကျန်နိုင်ပါစေ....
ဘုရားသခင်ကိုယ်တော်တိုင်က
နဖူးကိုငံု့နမ်းခံရတဲ့ ကောင်မလေးဖြစ်ပါစေ.....

ဒီဆုတောင်းစကားတွေက
ဒီနေ့ ချစ်သက်တမ်းနှစ်ပတ်လည်လေးက စ ပြီး
ထာဝရ တည်ရှိနေပါစေ....
သဲ......။ ။

Nice | Ecency