အားမာန်

Words
66
Reading
1 min
9y
Listen to this post
~1 min

လွမ်းစရာမဟုတ်ပေမယ့်....
နာနာကျည်းကျည်း ပစ်ခတ်ခဲ့တယ်....

ကျည်ဆံတွေ ရိပ်ခနဲ....ဖျတ်ခနဲ....
သွေးစတွေ ဖွာခနဲ....ပေါက်ခနဲ....

ရေခဲမှတ်အောက်ထိရောက်နေတဲ့ အအေးဒဏ်ကို
မမှုနိုင်လောက်အောင် အသက်လုနေရတယ်...

တစ်ချက်တစ်ချက် ချစ်သူ့ပုံရိပ်တွေ
တစ်ဖျတ်ဖျတ်နဲ့ အတွေးထဲထိ
ခဏလေးဝင်ရောက်ရောက်လာတယ်....

ခြေလက်တွေ အေးစက်စက်
သွေးစက်စက်မထွက်ဖို့အရေး
ဒဏ်ရာတွေကို ငါအံကြိတ်ပြီး ပတ်တီးစည်းလိုက်တယ်

ငါ့ ဘေးက ရဲဘော်ရဲဘက်တွေ
သစ္စာလေးချက်ရဲ့ နောက်ဆုံးအချက်ကို ဆိုရင်း....
နိုင်ငံ့အတွက် အဆုံးစွန်ထိပေးဆပ်သွားတယ်...
ဟင့်အင်း.....ငါ.....ရှိုက်သံမထွက်စေရဘူး...
နားထဲမှာကြားနေရတာက....
"ငါ့နိုင်ငံတော်....ငါ့နိုင်ငံသား....ငါ့တပ်မတော်အတွက်
ငါ၏အသက်ကို....စွန့်လွှတ်ရန်....အဓိဌာန်ပြုပါ၏...."

"ကိုယ် မြန်မြန်ပြန်လာနော်....သဲ အရမ်းစိတ်ပူနေတာ"

"သား....ပြန်လာရင်အိမ်ကို မြန်မြန်လာနော်
သားကြိုက်တဲ့ဟင်း မေမေ ချက်ကျွေးမယ်...."

"စစ်သားဆိုတာ ဒီလိုပါပဲ သားရဲ့....ဖေဖေ သားကို
ကိုယ့်သားဆိုပေမယ့် အလေးပြုတယ်...."

တဒိုင်းဒိုင်း အသံတွေ ပိုဆူညံလာတယ်....
မိုးကပါ တပ်ကူပေးနေသလိုလို.....
မြင်ကွင်းတွေဝေဝါး....အတွေးတွေ ထွေပြားလာတယ်

နောက်ဆုံး....အံတစ်ချက်ကို
သွေးထွက်လုမတတ်....
ခပ်တင်းတင်းလေးကြိတ်လိုက်တယ်....
တစ်ခွန်းသော သစ္စာစကားကို ရင်ထဲအသဲထဲထိ
စွဲဝင်ကိန်းအောင်းနေအောင် အထပ်ထပ်ဆိုလိုက်တယ်
phyochay@phyochay follow me

အားမာန်​ | Ecency