???????

Words
100
Reading
1 min
9y
Listen to this post
~1 min

ကျောင်းသား နဲ့ ပညာရေး -အပိုင်း(၁)
အဆင့်တစ်တဲ့
ဒါအောင်မြင်မှုလား
မဟုတ်ဘူး ။
ကျနော့်အောင်မြင်မှုက
စာမေးပွဲခန်းထဲမှာ ကြံုခဲ့ရတာပဲ
ဒီထက်ပိုပြောရရင် စာမေးပွဲကို မဖြေရလည်း ကျနော်အောင်မြင်သွားပြီ....
စာသင်တယ် စာလေ့လာတယ်ဆိုတာ
စာတတ်ဖို ့ မဟုတ်လား...
ကျနော်စာတတ်အောင်ပဲ သင်ခဲ့တာပါ အဆင့်တစ်ရဖို ့မတွေးထားဘူး။

image

အဆင့်တစ်ဆိုတာ ပကတိအောင်မြင်မှုမဟုတ်ဘူး။
ဒါနှိုင်းရအောင်မြင်မှု....
အခြားသူတွေထက် အမှတ်ပိုများတယ်လို ့သာ အဓိပ္ပာယ်ရပြီး အတော်ဆုံးပါလို ့ အဓိပ္ပာယ်မထွက်ဘူး....။

အဆင့်တစ်ရလို ့ မပျော်ဘူးလားမေးရင် ကျနော်ပျော်ပါ တယ်... ဒါပေမယ့် ဒါဟာ မရင့်ကျက်တဲ့ စိတ်ထားမျိုးပါပဲ...
ကျနော်ပြောခဲ့သလို စာတတ်ဖို ့စာ လေ့လာတာဖြစ်တဲ့အတွက် တက္ကသိုလ်ဝင်တန်းစာကို
တတ်မြောက်ခြင်းကသာ ကျနော့်ရဲ့ အောင်မြင်မှုအစစ်ပဲ...
အဆင့်၁ဆိုတာ နှိုင်းရအောင်မြင်မှုပါ။

ဒီတော့ ကျနော် အကြံပြုချင်တာက သူများထက်သာရမယ်ဆိုတဲ့စိတ်နဲ ့ စာမလုပ်နဲ ့.. ငါစာတတ်ရမယ်ဆိုတဲ့ စိတ်နဲ ့ပဲ စာလုပ်စေချင်တယ်။
နှိုင်းယှဥ်လိုတဲ့စိတ်က မနာလိုမှုကို ဖြစ်စေတယ်...

image

ဥပမာ တစ်နိုင်ငံလုံးက ကျောင်းသား တွေဝင်မဖြေကြရင် သေချာပေါက် ခင်ဗျား အဆင့်၁ရမယ်...။
အဆင့်၁ရခြင်းမရခြင်းဟာ အခြားသူတွေအပေါ်မူတည်ပြီး ကိုယ်စာတတ်ခြင်းမတတ်ခြင်းက ကိုယ့်အပေါ်မှာပဲ မူတည်တယ်...။
အဆင့်၁ဟာ စာတတ်ခြင်းလောက် အရေးမပါကြောင်း အရင်တင်ပြတာပါ။

အဆင့်၁ကိုအားမကျနဲ ့... စာတတ်ခြင်းကိုပဲ အားကျစိတ်ထားပါ။
အကြောင်းကြောင်းကြောင့် အဆင့်၁ မရပဲ ကျနော့်ထက်သာသူတွေ ရှိကို ရှိနေမယ်ဆိုတာ ကျနော်ယုံတယ်။

        aungyeyint
        photo credit;google image