ကိုယ့်တရားနဲ့ကိုယ်

phoeset(41)
Published in
#esteem
Words
90
Reading
1 min
9y
Listen to this post
~1 min

image
Credit : photo
=======

အခြားသူများက သင့်ကွယ်ရာမှာ သင့်မကောင်းကြောင်းကို ပြောတယ်။
စိတ်မကောင်း မဖြစ်ပါနဲ့၊
သင်သူတို့ထက် ထူးချွန်နေလို့ပါ။

အခြားသူများက သင့်ကိုအနာလို ဖြစ်နေတယ်။
စိတ်မထိခိုက်ပါနဲ့
သင့်မှာ အရည်အချင်းစစ်စစ် ပိုင်ဆိုင်နေလို့ပါ။

အခြားသူများက သင့်ကို ပုတ်ခတ်နေပါတယ်။
စိတ်မညစ်ပါနဲ့
သင်ပိုမို အောင်မြင်ကျော်ကြားသွားမှာ မို့လို့်ပါ။

သင်လုပ်သင့်တာတွေကတော့
အကြောင်းအကျိုးကို မြင်အောင်ကြည့်မယ်။
ပွင်းပွင်းကြီး ပြန်ပြောစရာလည်း မလိုပါ။
အဲ…ရှင်းပြနေစရာလည်း မလိုပါဘူး။
သင့်ကိုနားလည်တဲ့လူများအတွက် ရှင်းပြဖို့မလိုအပ်သလို
နားမလည်ချင်တဲ့လူများအတွက်၊ ရှင်းပြနေလည်း အပိုတွေပါ။

သင်လုပ်သင့်တာက..
ကုတ်ကုတ်လေးဆက်ကြိုးစားမယ်၊
ကြားချင်တဲ့စကားတွေကိုပဲ ရွေးချယ်ပြီးနားထောင်မယ်
ပျော်ပျော်လေးနေမယ်၊
စိတ်ညစ်စိတ်ရူပ်တာတွေ လုံးဝလက်မခံဘူး။

တည်ဆောက်ပြီးတဲ့ စာရိတ္တကို ကောင်းကောင်းဆက်ထိန်းမယ်၊
ကိုယ့်ဘ၀လမ်းကြောင်းကို ဖြောင့်အောင် ဆက်လျှောက်မယ်၊
လမ်းခရီးမှာ ရှိတဲ့ ရူ့ခင်းတွေကို အပြည့်အ၀ ခံစားမယ်။
ကိုယ့်ဘ၀ကို ကို်ယ်စိုပြေအောင် ဖန်တီးမယ်၊

ပါးစပ်ပေါက်တွေဆိုတာ သူများခန္ဒာကိုယ်မှာ ရှိတယ်။
သူများအပြော၊ သူများအရေး၊ ဒါသူများနဲ့ဆိုင်တယ်၊
ကိုယ့်နားက ကြားမလား၊ မကြားဘူလားဆိုတာ ကိုယ့်ပိုင်ရွေးချယ်လို့ရတယ်၊
နားဝင်ကောင်းတဲ့ဟာပဲ ကိုယ်ကြားတယ်၊
နားဝင်ခါးတဲ့ဟာတွေ ကိုယ်မကြားတော့ဘူး၊
စိတ်ညစ်ဖို့၊ စိတ်ထိခိုက်ဖို့ဆိုတာ ဟို ဆယ်ကမ္ဘာထက်တောင်ဝေးသေး၊
ဒါလောလောဆယ် ကိုယ်ပေါက်နေတဲ့ တရားပဲ။

Ref: we chat
Credit to Sayar Aung Ko Latt

ကိုယ့်တရားနဲ့ကိုယ် | Ecency