How To HIVE Account Registration Via Ecency / Burmese

Words
302
Reading
2 min
Listen
Play
5y

Hello , nice to meet you!
မင်္ဂလာပါ။

img_0.8032863252855607.jpg

This post can be read by English in this Post

ဤ Account သည် မြန်မာနိုင်ငံ၌ စစ်အာဏာရှင် အကြမ်းဖက်အဖွဲ့ကို တော်လှန်နေကြသော ပြည်သူပြည်သားများ၏ လိုအပ်ချက်အချို့ကို ကူညီနိုင်ရန် နှင့် စစ်ဘေးရှောင်ပြည်သူများ အတွက် စားနပ်ရိက္ခာ ထောက်ပံ့နိုင်ရန် ရည်ရွယ်ပြီး ဖွင့်ထားခြင်း ဖြစ်သည်။

ယနေ့၌ pdf-nug@pdf-nug account registration ပြုလုပ်ပုံကို မျှဝေပေးသွားမည် ဖြစ်ပါသည်။
HIVE Blockchain Account တစ်ခု ဖန်တီးခြင်းသည် အခြားသော နိုင်ငံသားများ အတွက် လွယ်ကူပါလိမ့်မည်။
သို့သော် နည်းပညာနိမ့်ပါးသော မြန်မာနိုင်ငံသား အချို့ အတွက်တော့ ယခု ဖော်ပြသော လုပ်ဆောင်ချက်များမှာ အသုံးဝင်လိမ့်မည်ဟု မျှော်လင့်မိပါသည်။
HIVE Blockchain မှာ ကျွန်တော်တို့ မြန်မာနိုင်ငံသား Account holder များသည် အနည်းငယ်သာ ရှိပါသည်။
HIVE Blockchain ကို နေ့စဉ် အသုံးပြုနေသော မြန်မာနိုင်ငံသား အရေအတွက်မှာ ၁၀ ဦး နီးပါးမျှသာ ရှိပါသည်။
သို့ဖြစ်၍ မြန်မာနိုင်ငံသားများ HIVE Blockchain အသုံးပြုတတ်လာစေရန် ဤ Account မှ ကြိုးစား အားထုတ်သွားပါမည်။

ကဲ HIVE Blockchain Account တစ်ခု ဖွင့်ပုံကို သွားကြပါစို့။
ပထမဦးစွာ https://signup.hive.io/ ကို Browser တစ်ခုခုကို အသုံးပြု၍ ရှာပါ။

img_0.07907508424456389.jpg

Registration Providers 6 မျိုးကို တွေ့မြင်ရပါလိမ့်မည်။
HIVE account registration လုပ်နိုင်သည့် နေရာများမှာ ထိုထက်မက များစွာ ရှိပါသည်။
မိတ်ဆွေတို့ ကြိုက်နှစ်သက်သည့် နေရာမှ Registration ပြုလုပ်နိုင်ပါသည်။

ယခု ကျွန်တော် မျှဝေပေးမည့် HIVE Account Registration လုပ်ခြင်းကို Ecency မှတဆင့် ပြုလုပ်ပြသွားပါမည်။
Ecency ဖြင့် Account Signup ပြုလုပ်ခြင်းကို ဦးစားပေးရခြင်း အကြောင်းမှာ
၁. အခကြေးငွေ မပေးရခြင်း၊
၂. Email verification သာ လိုအပ်ခြင်း နှင့်
၃. Master Password ရယူရန် မြန်ဆန်လွယ်ကူခြင်းတို့ကြောင့် ဖြစ်ပါသည်။

သို့ဖြစ်၍ အထက်ပါ ပုံတွင် မြင်ခဲ့ရသော Registration Providers ထဲမှ Ecency အပိုင်း၏ Sign up ကို Click လိုက်ပါ။
ထိုအခါ အောက်ပါပုံ၌ မြင်ရသည့်အတိုင်း လိုအပ်သော အချက်အလက်များ ဖြည့်စွက်ရန် နေရာ ပေါ်လာပါလိမ့်မည်။

img_0.299397378891232.jpg

၁. ကြိုက်နှစ်သက်ရာ အမည်တစ်ခု ရွေးချယ်ပါ။

၂. သင်ပိုင်ဆိုင်သည့် Email address တစ်ခု ထည့်ပါ။

၃. သင့်ကို ညွှန်ပြပေးသူ၏ Account အမည်ကို ထည့်ပါ။

ထို့နောက် Continue ကို Click ပါ။

ထိုအခါ သင် ဖြည့်စွက်ထားသော Email address သို့ Confirm ပြုလုပ်ရန် Mail တစ်ခု ပို့ပေးပါလိမ့်မည်။

img_0.9165614581390968.jpg

သင်၏ Email inbox သို့ သွား၍ Confirmation link ကို Click ပါ။

img_0.2428872360548382.jpg

ထို့နောက်တော့ သင့် Email ထံ အောက်ပါ ပုံ အတိုင်း Master Password ကို ပို့ပေးပါလိမ့်မည်။

img_0.7903199067346484.jpg

ပုံမှာ အနီရောင်ဖြင့် ချယ်မှုန်းထားသော နေရာမှ Password ကို Copy ယူပြီး လုံခြုံသောနေရာ၌ သိမ်းဆည်းထားပါ။
ဥပမာ။ Paper Notebook
Password ပျောက်ဆုံးလျှင် ပိုင်ဆိုင်မှု ပျောက်ဆုံးသည်နှင့် တူပါသည်။
ထို့ကြောင့် Password ကို လုံခြုံစွာ သိမ်းဆည်းရန် ထပ်မံ ပြောလိုက်ရပါသည်။

သင် Master Password ရပြီ ဆိုလျှင် သင့်ထံ ပို့ပေးထားသော mail ထဲမှ https://ecency.com ကို Browser မှာ ချ၍ သင်၏ username and password ဖြင့် account sign in ပြုလုပ်ပါ။

img_0.7117736050473101.jpg

သို့မဟုတ် PlayStore မှ Ecency App ကို Download ရယူပြီးလည်း Sign in လုပ်နိုင်ပါသည်။

ထိုနောက်တော့ သင်၏ ပထမဦးဆုံး Introduction Post ကို စတင် တင်နိုင်ပါပြီ။

pdf-nug@pdf-nug
Author : Tin Aung Soe

How To HIVE Account Registration Via Ecency / Burmese | Ecency