ဒီနေ့ မနက် ၁ နာရီခွဲမှာ EPL Week 2 ပွဲစဉ် အဖြစ် Crystal Place vs Man City တို့ ကစားခဲ့ကြ၏။ Man City က ၁-၄ ဖြင့် ဂိုးပြတ် အနိုင်ရသွားခဲ့၏။ ပထမပိုင်း ၁၇ မိနစ်မှာ ဆံပင်ကေအသစ်နဲ့ Haaland က City အတွက် ဦးဆောင်ဂိုး သွင်းယူပေးသွားခဲ့၏။ ပထမပိုင်းကတော့ အဆိုပါ သွင်းဂိုး ၁ ဂိုးထဲနဲ့သာ ပြီးသွားခဲ့လေ၏။ ဒုတိယပိုင်း ၅၄ မိနစ် မှာ Cherki က City အတွက် ဒုတိယဂိုး ထပ်မံ သွင်းယူ၏။
၅၆ မိနစ်မှာ Crystal Place ၏ Free Kick ကန်သွင်းမှု City ဂိုးသမား၏ နောက်ကျောနဲ့ထိပြီး ဂိုးဝင်သွားကာ ၁-၂ ဖြင့် ပွဲက အကြိတ်အနယ် ဖြစ်လာခဲ့၏။ သို့ပေမဲ့ ၅၉ နှင့် ၈၄ မိနစ်တို့မှာ Cherki နှင့် Haaland တို့က ၁ ဂိုးစီ ထပ်မံသွင်းယူပြီး အနိုင်ရလဒ်ကို သေချာသွားစေခဲ့၏။ နည်းပြသစ် Enzo Maresca လက်ထက်မှာ ဒုတိယမြောက် EPL နိုင်ပွဲ ရယူပြီး ရာနှုန်းပြည့် နိုင်ပွဲဆက်နေခဲ့၏။
ဒီနေ့ညမှာတော့ နောက်ထပ် ပွဲစဉ် ၄ ပွဲ ကစားသွားဖို့ ရှိနေပါသေး၏။ Liverpool vs Nottm Forest, Bournemouth vs Everton, Coventry vs Hull City, Tottenham vs New Castle တို့ ယှဉ်ပြိုင် ကစားကြမည် ဖြစ်၏။ တန်းတက် ၂ သင်း ထိပ်တိုက် တွေ့ဆုံသည့် ပွဲစဉ်က စိတ်ဝင်စားစရာပင်။ Week 1 မှာ Coventry က Arsenal ကို ၃-၀ ဖြင့် ရှုံးထားပြီး Hull City က Man United ကို ၂-၀ ဖြင့် အနိုင်ရထား၏။
Week 1 မှာ ရှုံးပွဲတွေ့ထားသည့် Tottenham အနေဖြင့် Week 1 မှာ Liverpool နဲ့ သရေကျခဲ့သည့် New Castle နဲ့ ကစားရဖို့ ရှိနေ၏။ အဓိက ကစားသမား အချို့ ထွက်ခွာ သွားပေမဲ့ New Castle ၏ ကစားပုံက တောင့်တင်းနေဆဲပင်။ Liverpool နဲ့ ပွဲစဉ်မှာ နောက်ဆုံး မိနစ် ဂိုးကိုသာ ခွင့်မပြုပေးလိုက်ရရင် အနိုင် ၃ မှတ် သေချာပေါက် ရပေလိမ့်မည်။
Saudi Pro League ဘက်မှာတော့ Goat Ronaldo ၏ Al Nassr အသင်း နိုင်ပွဲ ဆက်နေခဲ့၏။ Al Taawoun ကို အိမ်ကွင်းမှာ ၂-၁ ဖြင့် အနိုင်ရယူပြီး ရာနှုန်းပြည့် နိုင်ပွဲ ရယူထား၏။ ဦးဆောင်ဂိုးကို ဧည့်သည်အသင်းက ပထမပိုင်း ၁၁ မိနစ်မှာတင် သွင်းယူခဲ့ပေမဲ့ ၄၅+၅ နှင့် ၅၀ မိနစ်တို့မှာ Al Nassr တို့ ချေပဂိုးနှင့် အနိုင်ဂိုးတွေ ပြန်လည်လို့ သွင်းယူသွားနိုင်ခဲ့၏။ အနိုင်ဂိုးရှင်ကတော့ Ronaldo ပေါ့။ သူ့ရဲ့ Pro ကစားသမားဘဝ သွင်းဂိုး ၁၀၀၀ အိပ်မက်က နီးသထက် နီးလာနေပြီဟု ဆိုရပေလိမ့်မည်။
(photos from EPL & RSL pages)