Healthy For Love

Words
333
Reading
2 min
Listen
Play
9y

သင့်ကျန်းမာရေးကောင်းပြီး ဒေါင်ဒေါင်မြည်နေဖို့ဆိုရင် ကနေ့မှစပြီး ဒီအချက်တွေကို လုပ်ကြည့်လိုက်ပါ .

  1. ရေများများသောက်ပါ

  2. မနက်စာကို ဘုရင်လိုစား၊ နေ့လည်စာကိုတော့ မင်းသားလေးလိုစား၊ ညစာကိုတော့သူတောင်းစားလို စားပါတဲ့။ (အားလုံး နားလည်ကြမှာပါနော်)

  3. သစ်ပင်ပေါ်က ရတဲ့ ဟင်းသီး ဟင်းရွက်တွေကို များများစားပေးပါ၊

  4. ဘ၀မှာ 3 E နဲ့ ရှင်သန် နေထိုင်ပါ — Energy, Enthusiasm နဲ့ Empathy

  5. တရားထိုင်ခြင်း၊ ယောဂ ကျင့်ခြင်း၊ ဘုရားရှိခိုးခြင်း တို့ကိုလည်း ပြုလုပ်ပေးသင့်ပါတယ်။

  6. ကစား ခုန်စားလည်း များများ ပြုလုပ်ပေးဖို့ လိုအပ်တယ်။

  7. သင် 2017 ခုနှစ်မှာ ဖတ်ခဲ့တဲ့ စာအုပ်အရေအတွက်ထက် ဒီနှစ်မှာ များများပိုဖတ်ပါ။

  8. တစ်ရက်မှာ 10 မိနစ်လောက် ဆိတ်ဆိတ်နေကြည့်ဖို့ကိုလည်း ကြိုးစားကြည့်သင့်တယ်။

  9. တစ်ရက်မှာ 7 နာရီလောက်တော့ အနည်းဆုံး အိပ်သင့်ပါတယ်။

  10. တစ်ရက်မှာ 10 မိနစ်ကနေ နာရီဝက်လောက်ထိ လမ်းလျှောက်သင့်ပါတယ်။

လမ်းလျှောက်နေစဉ်မှာလည်း မျက်နှာလေးကို ခပ်ပြုံးပြုံးလေး နေပေးရမယ်နော။

(အရူးလို့တော့ မထင်လောက်ပါဘူးနော်... :P)

Personality:

  1. ကိုယ့်ဘ၀ကို သူများတွေနဲ့ မယှဉ်ပါနဲ့။ သူတို့ ဘာလမ်းကြောင်းကိုလျှောက်လမ်းနေတယ်ဆိုတာ သင် မသိနိုင်ဘူးလေ။

  2. ကိုယ်မထိန်းချုပ်နိုင်တဲ့ အရာတွေပေါ်မှာ မကောင်းမြင်စိတ်တွေမထားပါနဲ့။ အဲ့ဒါတွေကြောင့်လည်း စိတ်ဆင်းရဲ မနေပါနဲ့။ လက်ရှိကိုယ့်မှာရှိနေတာလေးကို တန်ဘိုးထားပြီး ဒါတွေကိုပဲ ပိုကောင်းအောင်လုပ်လိုက်ပါ။

  3. အလုပ်တွေကိုလည်း အလွန် အကျွံ မလုပ်ပါနဲ့.. Limit တစ်ခုထိပဲ လုပ်တာ ကောင်းပါတယ်။

  4. ကိုယ့်ကိုကိုယ် သိပ်ပြင်းပြင်းထန်ထန်ကြီး မခိုင်းစေပါနဲ့။ ဘယ်သူမှလဲဒါမျိုးမလုပ်ပါဘူး။ သက်တောင့် သက်သာလေးသာ အကောင်းဆုံး ဖြစ်ပါတယ်။

  5. ကိုယ့်ရဲ့ တန်ဘိုးရှိတဲ့ စွမ်းအင်တွေကို အတင်းပြောခြင်းဖြင့် မကုန်ဆုံးပါစေနဲ့။

  6. အိပ်နေစဉ်မှာထက် နိုးနေချိန်တွေမှာ အိပ်မက် ပိုမက်ပါ။

  7. မနာလို ၀န်တိုဖြစ်နေတာဟာ အချိန်ဖြုန်းခြင်း တစ်မျိုးပါပဲ။ သင့်မှာရှိသင့်ရှိထိုက်တာတွေ အားလုံးရှိနေပါတယ်။

  8. အတိတ်က ပြသနာတွေကို မေ့လိုက်ပါ့တော့။ ကိုယ့်ရဲ့ လက်တွဲဖော်၊ကြင်ဖော်တွေမှာ အတိတ်က အရိပ်ဟောင်းတွေ ရှိနေရင်လည်း ပြန်မဖော်ပါနဲ့တော့။ဒါတွေက လက်ရှိဘ၀ရဲ့ ပျော်ရွှင်မှုတွေကို ဖျက်ဆီးလိမ့်မယ်။

  9. ဘ၀ဟာ သိပ်တိုတောင်းပါတယ်။ လူတစ်ယောက်ကို မုန်းဖို့ ဆိုတဲ့အချိန်တောင် ရှိမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် တစ်ခြားလူတွေကို မမုန်းပါနဲ့။

  10. ပစ္စုပ္ပန်မှာ ပျော်ရွှင်ဖို့အတွက် အတိတ်တွေနဲ့ ငြိမ်းချမ်းရေး ရယူလိုက်ပါ။

  11. ကိုယ့်ရဲ့ ပျော်ရွှင်မှုတွေရဲ့ သခင်ဟာ ကိုယ်မှလွဲလို့ နောက်တစ်ယောက်မဖြစ်နိုင်ပါဘူး။

  12. ဘ၀ဆိုတာ ကျောင်းတော်ကြီး တစ်ခုဖြစ်တယ်။ သင်က အဲ့ဒီကျောင်းတော်ကြီးမှာပညာသင်ရမယ့် ကျောင်းသားလေးပေါ့။ ပြသနာဆိုတာက သင်ရိုးညွှန်းတမ်း တစ်ခုရဲ့အစိတ်အပိုင်းမျှသာ ဖြစ်တယ်။ အက္ခရာ သင်္ချာတွေကို တွက်ချက်သလိုဖြေရှင်းနိုင်သွားမှာပါ။ အဲ့ဒါတွေရဲ့ သင်ခန်းစာကတော့သင့်ဘ၀တစ်လျှောက်လုံးအတွက် အရေးပါနေမှာပေါ့။

  13. များများပြုံးပါ၊ များများရယ်ပါ။

  14. အငြင်းအခုံတွေတိုင်းမှာ သင်ချည်းပဲ အနိုင်ရနေမှာ မဟုတ်ဘူး။ သင်သဘောမတူတာတွေကို သဘောတူအောင် ကြိုးစားကြည့်လိုက်ပါလား။

Society:

  1. သင့်မိသားစုနဲ့ မကြာခဏ ဖုန်းပြောပါ။ အဝေးရောက်နေတယ်ဆိုရင်ပေါ့။တူတူနေတယ်ဆိုရင်တော့ နွေးထွေးတဲ့ ဆက်ဆံရေးလေးဖြစ်အောင် တည်ဆောက်ပါ။

  2. အများသူငှာအတွက် ကောင်းမှုတစ်ခု နေ့စဉ်ပြုကြည့်ပါ။

  3. လူတိုင်းကို အရာအားလုံးအတွက် ခွင့်လွတ်တတ်ဖို့ ကြိုးစားကြည့်ပါ။
    (သိပ်စိတ်ချမ်းသာစရာကောင်းတယ် ကိုယ်တွေ့ပါပဲ)

  4. အသက် 70 ကျော် ဘိုးဘိုး ဘွားဘွားတွေ၊ အသက် 6 နှစ်အောက် ကလေးတွေနဲ့အချိန်များများ ပိုဖြုန်းပါ။

  5. တစ်နေ့မှာ လူသုံးယောက်လောက်ကို ကိုယ့်ကြောင့် ပြုံး ရီ သွားအောင်ကြိုးစားကြည့်ပါလား။

  6. တစ်ခြား သူတွေ သင့်ကို ဘာပဲ ထင်ထင်။ ဒါသင့်အလုပ် မဟုတ်ဘူး။

  7. သင့်ရဲ့ အလုပ်က သင်နေမကောင်းဖြစ်နေချိန်မှာ သင့်ကို လာပြုစုမှာ
    မဟုတ်ဘူး။ သင့်ရဲ့ သူငယ်ချင်းတွေ၊ မိသားစုဝင်တွေကသာ သင့်အနားမှာ
    ရှိနေကြလိမ့်မယ်။ သူတို့တွေနဲ့ များများ ထိတွေ့နေဖို့ လိုအပ်တယ်။

Life:

  1. မှန်ကန်တဲ့ အရာကိုသာ လုပ်ပါ။

  2. အသုံးမ၀င်တဲ့၊ နှစ်လိုဖွယ်မရှိတဲ့၊ ကြည်နူးဖွယ် မကောင်းတဲ့အရာမှန်သမျှကို သင့်စိတ်ထဲက ထုတ်ပစ်လိုက်ပါ။

  3. ကောင်းတာပဲ ဖြစ်နေဖြစ်နေ၊ ဆိုးတာပဲ ဖြစ်နေ ဖြစ်နေ မမြဲပါဘူး။ အမြဲပြောင်းလဲနေမှာ ပါပဲ။

  4. ကိုယ်ဘာတွေပဲ ခံစားနေရ နေရ၊ ကိစ္စ မရှိပါဘူး။ ကဲ… လာ သွားစို့..
    အလှပြင်လိုက်၊ ရှိုးထုတ်လိုက်။ ပျော်ပျော်နေရမှာပေါ့။

  5. အကောင်းဆုံးတွေဆိုတာ ဖြစ်လာအုံးမှာပါ။

  6. ကိုယ့်ရဲ့ အတွင်း စိတ်သန္တန်ဟာ အမြဲပျော်ရွှင်နေရမယ်။ ဒါကြောင့်ပျော်ပျော်သာနေပါ။

တော်​ဝင်​သဇင်​ပန်းလို နန်းဆန်​တဲ့ ​ကောင်​မ​လေး​ရေ...

မင်း​လေးကို ဘုရားသခင်​က ဖန်​ဆင်း​ပေးလိုက်​တဲ့ ကိုယ့်​ရဲ့ ​နောက်​ဆုံးနံရိုးတ​ချောင်း​လေးလို့ ထင်​မိတယ်​။

စလုံလူမျိုး​တွေလို ရိုးသားပြီး အပြစ်​ကင်းတဲ့ မျက်​နှာ​လေးပိုင်​ဆိုင်​ထားတဲ့ မင်း​လေးအတွက်​ဆိုရင်​ ရာမ မင်းသားနဲ့အပြိုင်​ ရူဒြာ​လေးကိုပဲ တင်​ရတင်​ရ..၊ Hulk နဲ့ပဲ အပြိုင်​ ဖိုက်​ရဖိုက်​ရ...ကိုယ်​...အရာအားလုံးကို ရင်​ဆိုင်​ရဲပါတယ်​။

မင်း​လေး နှုတ်​ဖျားက ထွက်​လာတဲ့ ဆည်း​လည်းသံ​လေးကို ကြားရင်​...ကိုယ်​ မ​ပြောနဲ့... ကမ္ဘာကြီး​တောင်​ ​ကြွေသွားနိုင်​ပါတယ်​။

မင်း​လေးရဲ့ အကြည့်​နုနု​လေး​တွေကို ရင်​ဆိုင်​လိုက်​ရတဲ့ အချိန်​တိုင်း ကိုယ့်​နှလုံးခုန်​နှုန်းက Lamborghiniကား ထက်​မြန်​သွားတယ်​။

မင်း​လေးက ကိုယ့်​အတွက်​ ​တော်​​လေးဝဝင်​ မိန်းမတ​ယောက်​ မဖြစ်​ရင်​​တောင်​ ကိုယ်​က ကျန်​စစ်​သားမင်းရဲ့ အရိန္ဒမာလှံလို မင်း​လေးကို တသက်​လုံး သစ္စာရှိရှိ ချစ်​သွားမယ်​ဆိုတာ ယုံကြည်​​ပေးပါ။

ကျေးဇူးပြုပြီး ကိုယ့်​ရဲ့ ပန်းခင်းထားတဲ့ နှလုံးသား​ပေါ်ကို မင်း​လေး ​ခြေဗလာနဲ့ ရဲရဲတင်းတင်း ​လျှောက်​လှမ်းလာခဲ့ပါ..။
image
Writer by@onlinehunter
Thank all steemit friends

Healthy For Love | Ecency