ဖန်ဂရန်ကို
ကျွန်တော်တို့ အရေးနိမ့်ခဲ့တန်ဂရန်ရာဇီရေခဲတောင်ထိပ်ပေါ် ကျွန်တော်တို့ မရောက်နိုင်ခဲ့ပါဘူး။
မျှော်လင့်ချက်ပါးလျနေပေမယ့်လဲ နာရီပေါင်းများစွာ အချိန်ပေးပြီး ရေခဲစပ်လျှိုအဝင်ဝထိပ်အထိ ကျွန်တော်တို့  အရောက်တက်သွားခဲ့ပါတယ် ။
သို့ သော် ဒေသခံအဖွဲ့ခေါင်းဆောင် ကြိုတင်မှန်းဆခဲ့သလိုပဲ လျှိုထိပ်ကနေ လျှိုအောက်ခြေအထိ ရေခဲထုက ထူထဲစွာ ဖုံးလွှမ်းထားခဲ့ပါပြီ။
ဖန်ဂရန်ရဲ့ ရာသီဥတုကို ကျွန်တော်တို့  အရှုံးပေးခဲ့ရပြီလို့ပဲ ဆိုကြကျွန်တော်တို့  လက်လျော့လိုက်ရတဲ့ လျှိုဟာ တောင်ခါးပန်းကနေ အောက်အထိကို နှစ်မိုင်ခွဲလောက် အရှည်ရှိပြီး ၇၀ဒီဂရီလောက် မတ်စောက်ပါတယ် ။
ဒီလျှိုထိပ်အထိတက်ပြီးမှ နှစ်ပေလောက်သာကျယ်တဲ့ တောင်ခါးပန်း ကုန်းစောင်းလမ်းလေးအတိုင်း ၃နာရီလောက်တက်လျှင် ရေခဲပြင်ထဲက ထင်းရူးတောတစ်ခုကို ရောက်ပါမယ် ။
အဲဒီထင်းရူးတောကမှတစ်ဆင့် ၃နာရီလောက် မတ်မတ်ကြီးဆက်တက်မှ ဖန်ဂရန်တောင်ထိပ်ကို ခြေချနိုင်မှာဖြစ်ပါတယ် ။
အခုကတော့ နှစ်မိုင်ခွဲလောက်အရှည်ရှိတဲ့ လျှိုတစ်ခုလုံးကို ပွယောင်းယောင်း ရေခဲထုကြီးက ထူထူထဲထဲ ဖုံးလွှမ်းထားလို့  နေပါပြီ။
၃။ ရေခဲလျောစောက်ကြီးသဖွယ်ဖြစ်နေတဲ့ လျှိုကို ဖြတ်သန်းဖို့ စဉ်းစားနေတဲ့ ကျွန်တော်တို့ ဟာ အခက်အခဲ သုံးခုနဲ့ ရင်ဆိုင်နေရပါတယ် ။
ပထမအခက်အခဲက ရေခဲထုသိပ်ပွနေတဲ့ ပြဿနာပါ ။
လျှိုအောက်ခြေနဲ့ ထိစပ်နေတဲ့ ကုန်းမြင့်ပြန့်လေးဆီလာခဲ့တဲ့ ခရီးမှာတောင် ရေခဲထုဟာ ကျွန်တော်တို့ ပေါင်ရင်းထိ အကြိမ်ပေါင်းများစွာ အလွယ်တကူ ကျွံဝင်နေပြီဖြစ်လျှင် လျှိုအတိုင်း ကုန်းထိပ်ကိုတက်ရမယ့် အချိန်သုံးနာရီလောက်ခရီးမှာ ရေခဲထဲကို ခါးလောက် ရင်ဘတ်လောက်ထိ ကျွံကျမယ့် အခြေအနေ ၊ အောက်အမာခံကိုလဲ ခြေထောက်ထောက်လို့ မမီတဲ့ အခြေအနေမျိုးကို ကျွန်တော်တို့  မလွဲမသွေ ရင်ဆိုင်ရပါလိမ့်မယ် ။
၎။ ဒုတိယ ပြဿနာကတော့ ရိက္ခာပြသနာပါ ။ ကျွန်တော်တို့ မှာပါတဲ့ အရန်ရိက္ခာတွေကုန်သွားပြီဖြစ်လို့  လက်ကျန်ရိက္ခာဟာ အပြန်ခရီးအတွက် ကွက်တိဖြစ်နေပါတယ် ။
ဒါကြောင့် ရာသီဥတုကောင်းလာတဲ့ အထိ ရက်အတန်ကြာ ဒီလျှိုအောက်မှာ စခန်းချပြီး ရေခဲထုအရည်ပျော်တာကို ထိုင်စောင့်နေလို့ မရတော့ပါဘူး ။
၅။ တစ်ခါ ရာသီဥတုကလဲ နေတစ်ချက်ချက်ပေါ်လာတယ်ဆိုပေမယ့် ဆိုးမြဲဆိုးဆဲရှိပါသေးတယ် ။
မြူတွေ အုပ်လာလိုက် ပြန်ရှင်းသွားလိုက် ၊ လျှိုထိပ်အထိ ရှင်းရှင်းလင်းလင်း လှမ်းမြင်ရလိုက် ၊ ချက်ချင်းဆိုသလိုပဲ ရှေ့ဆယ်ပေလောက်အထိတောင် သဲသဲကွဲကွဲ မမြင်ရတော့ဘဲ အုံ့ ဆိုင်းသွားလိုက်။
ရေခဲတွေ တစ်ဖွဲဖွဲရွာပြီး လေတွေတိုက်လာလိုက် ၊ တစ်ခါ ခနချင်းပဲ ပြန်ကြည်လင်လာလိုက် ရေခဲတောင်ဒေသရဲ့ ရာသီဥတုဖြစ်လို့  အပြောင်းအလဲ မြန်လွန်းလှသလို ဖြစ်နေပါတယ် ။
၆။ တတိယနဲ့ အကြီးဆုံးပြဿနာက လျှိုထိပ်ကနေ ရေခဲတွေ မကြာခဏ ပြိုပြိုကျနေတဲ့ ပြဿနာ ဖြစ်ပါတယ် ။ ရေခဲထုနဲ့အတူ ကျောက်တုံးတွေကလဲ ကြိုးကြားကြိုးကြား ပါလာပါသေးတယ် ။
ကျွန်တော်တို့  လျှိုထိပ်ကို တက်နေတုန်း ရေခဲအရည်ပျော်တာနဲ့ ကြုံပြီး ရေခဲထုရော ကျောက်တုံးတွေရော ပြိုကျလာခဲ့လျှင် ရှောင်ဖို့ တိမ်းဖို့  ခိုအောင်းဖို့ နေရာလုံးဝ မရှိပါဘူး ။
လျှိုထိပ်ကို တက်ချိန်ဟာ ရာသီဥတုကောင်းချိန်မှာတောင်အနည်းဆုံး သုံးနာရီလောက်ကြာမြင့်မှာမို့  လမ်းခရီးမှာတင် အပေါ်က ရေခဲပြိုကျလာမယ့်အရေးဟာ ရာခိုင်နူန်းအတော်များများ သေချာသလောက်ဖြစ်နေပါတယ် ။
၇။ ဒီရာသီဥတု အခြေအနေတွေ အားလုံးဟာ ကျွန်တော်တို့  ခရီးစဉ်ရဲ့ ငါးရက်မြောက်နေ့  ဖန်ဂရန်ချောင်းဖျား ( နမ့်လန်ချောင်း )အရောက် မိုးသည်းထန်စွာ ရွာသွန်းတာက အစပြုပါတယ် ။
မိုးနဲ့အတူ လေပါ ပါစပြုလာတဲ့အတွက် ချက်ချင်းဆိုသလို ရောက်ရာနေရာမှာပဲ တဲထိုးကြ ၊ ထင်းရှာကြ ၊ မီးမွှေးကြ လုပ်ကြရပါတယ်။
မီးမွှေးပြီးချိန်မှာပဲ ပတ်ဝန်းကျင်အပူချိန်ဟာ ၂ဒီဂရီလောက်အထိ ထိုးကျသွားပါတယ် ။
ညသန်းခေါင်မှာ အပူချိန် ဘယ်လောက်အထိ ဖြစ်သွားတယ်မသိရပေမယ့် လင်းအားကြီးမှာတော့ တဲအမိုးပေါ်တင်လာတဲ့ ရေခဲထုရဲ့ အလေးချိန်ကို မခံနိုင်တော့တဲ့အတွက် ကျွန်တော်တို့ တဲလေး တစ်ခြမ်းစောင်းပြီး ယိုင်လဲသွားပါတယ် ။
မှောင်ထဲမည်းထဲ ဓာတ်မီးတစ်ဝင်းဝင်းနဲ့ ရေခဲတွေ ထွက်ခါရ ၊ တဲကို ပြန်တည့်ရ အတော့်ကို ဒုက္ခများခဲ့ရတဲ့ ညတစ်ညပါပဲ ။
၈။ နောက်တစ်ရက်မှာလဲ မိုးတွေဆက်ရွာ ၊ ရေခဲတွေထပ်ကျ ၊ ချောင်းရေကလဲ တက်လာသမို့  နဂိုနေရာနဲ့ ပေနှစ်ဆယ်လောက်ဝေးတဲ့ ကုန်းမြင့်လေးတစ်ခုကို နေရာရွှေ့ ကြပါတယ် ။
အဲဒီနေ့ လဲ အဲဒီနေရာက ဆက်ထွက်လို့  မရပဲ ဖြစ်နေပါတယ် ။ နောက်တစ်ရက်လဲ ထိုနည်းလည်းကောင်းပါပဲ ။
တကယ်ကတော့ ကျွန်တော်တို့ဟာ ရေခဲတွေဆက်တိုက်ကျလာတာကြောင့် အထက်လဲ ဆက်တက်လို့ မရ ၊ ချောင်းရေ ဒလကြမ်းစီးလာတာကြောင့် အောက်လဲ ပြန်ဆင်းလို့ မရနဲ့ အဲဒီနေရာမှာပဲ သုံးရက်နီးပါး ပိတ်မိ သွားကြတာပါ။
နောက်တစ်နေ့ မနက်မှာတော့ ကံကောင်းထောက်မစွာနဲ့ မိုးစဲသွားပါတယ် ။
သို့ သော် ရေခဲထုကတော့ မြင်လေရာ ကျောက်တုံး၊တောင်စောင်း၊သစ်ပင် အားလုံးဖွေးဖွေးလှုပ်လို့ နေခဲ့ပါပြီ ။
၉။ ဒေသခံအဖွဲ့ခေါင်းဆောင်ကတော့ ရေခဲထု သိပ်ထူသွားပြီလို့  စိတ်ပျက်လက်ပျက် ညည်းတွားပါတယ် ။
သို့ သော် ကျွန်တော်တို့  အားမလျော့ကြသေးပါဘူး ။ ဆက်လက်ခရီးဆက်ကြပါတယ် ။
ရေခဲတောင်တွေကြား ရှီးပဒီး ရှာနေကြ ဇီယာဒန်းရွာက လမ်းပြအဖိုးကြီးက ပထမ ၊ ကျွန်တော်နဲ့ ဥာဏ်ပုက ဒုတိယနဲ့ တတိယ ၊ အဖွဲ့ခေါင်းဆောင် ဒေသခံ ရဝမ်လူမျိုး ကိုအောင်က စတုတ္ထ ၊ ကျန်တဲ့ ဒေသခံအထမ်းအဖွဲ့တွေက ပဉ္စမ အစဉ်လိုက် ဆက်လက်ထွက်ခွာကြပါတယ် ။
၉။ အမြင့်ပေတစ်သောင်းကျော်နေပြီဖြစ်လို့  လေထုဟာ တဖြည်းဖြည်း ပါးလျလာပါတယ် ။
အောက်ဆီဂျင်မဝတဲ့အတွက် ကျွန်တော်တို့  အသက်ရူသံတွေဟာ ဖားဖိုထိုးသလို ဆူညံပြီး အသားကုန်မောဟိုက်နေကြပါတယ် ။
ခြေလှမ်းဆယ်လှမ်းလောက်လှမ်းပြီးတိုင်း ပေါင်ရင်းလောက်အထိ တစ်ခါကျွံကျသွားတဲ့ ရေခဲထုထဲမှာ ကျွန်တော်တို့ ကျောပေါ်က ပေါင်သုံးဆယ်လောက် ကျောပိုးအိတ်တွေဟာ ပေါင်သုံးရာလောက် အလေးချိန်စီးသလို ခံစားရပါတယ် ။
ခြေဖျားလက်ဖျားလေးတွေဟာ နှင်းကာဖိနပ်နဲ့ လက်အိတ်တွေထဲမှာတောင် အထိအတွေ့ကို မသိတော့သလို ဖြစ်လာပါတယ် ။
ရေခဲတွေ ရွာချလိုက် ၊ မြူတွေဆိုင်းသွားလိုက် ၊ ရေခဲထုထဲ ကျွံဝင်သွားလိုက် ၊ အဆုတ်တွေနာလာတဲ့အထိ မောဟိုက်လာလိုက်နဲ့ပဲ ညနေစောင်းမှာ လျှိုကြီးရဲ့ အောက်ခြေကို ရောက်လာပါတော့တယ် ။
၁၀။ နှစ်မိုင်ခွဲလောက် အရှည်ရှိတဲ့ လျှိုတစ်ခုလုံး ရေခဲထုပွပွတွေဖုံးနေတဲ့ ကုန်းလျောကြီးအဖြစ် ပြောင်းလဲနေပုံကို မြင်တွေ့ရတဲ့အချိန် ...
လျှိုဘေးနူတ်ခမ်း ကမ်းပါးစောက်တွေကနေ ရေခဲတွေ ကျောက်တုံးတွေကလဲ မကြာခဏပြိုကျ လိမ့်ဆင်းနေတာကို မြင်တွေ့ရချိန် ...
လျှိုထိပ် ချောက်ကမ်းပါးဘေးက နှစ်ပေလောက်သာကျယ်တဲ့ လျှောက်လမ်းလေးကိုလဲ ရေခဲထုတွေ အရမ်းဖုံးလွှမ်းသွားပြီဆိုတာ ခန့်မှန်းမိချိန် ...
လျှိုအောက်ခြေ ကုန်းမြင့်လေးနားမှာပဲ ကျွန်တော်တို့  နှစ်ယောက် ခြေပြစ်လက်ပြစ် ပြိုလဲကျသွားခဲ့ပါတယ် ။
၁၂။ တကယ်တော့ ဒီနေရာအရောက်အထိ ကျွန်တော်တို့  မိုင်၆၀ ၇၀လောက် ခြေလျင်ခရီးနှင်ခဲ့ပြီးပါပြီ ...
ကမ်းပါးယံတွေကိုလဲ ကြိုးနဲ့တွယ်တက် ခရီးဆက်ခဲ့ပြီးပါပြီ ...
ရေစီးသန်တဲ့ ဖန်ဂရန်ချောင်းကိုလဲ အကြိမ်၂၀ကျော် ဖြတ်သန်း ဆန်တက်ခဲ့ပြီးပါပြီ ...
ညအချိန် သုညဒီဂရီအောက်ထိုးထိုးဆင်းသွားတဲ့ ရေခဲမိုး ရာသီဥတုဒဏ်ကိုလဲ ကြံ့ကြံ့ခံ အံတုပြီးပါပြီ ...
သို့ သော်လည်း ဒီနေ့  ဒီနေရာ ဒီအမြင့်ပေအရောက်မှာတော့ ကျွန်တော်တို့  ဘာဆက်လုပ်ရမှန်း မသိတော့ပါဘူး ။
၁၃။ နောက်ဆုံးမှာတော့ စိတ်ကိုဒုံးဒုံးချရင်း ရေခဲထုထဲမှာပဲ ခြေပြစ်လက်ပြစ်ထိုင်ကာ ကျောပိုးအိတ်ထဲက အလံတွေကိုဆွဲထုတ် အလံတိုင်တွေမှာ တပ်နေမိပါတော့တယ် ။
ဒီတစ်ခေါက်မှာတော့ နိုင်ငံတော်အလံ ၊ ကျောင်းအလံနဲ့ အင်တိတ်အလံသုံးခုကို ဖန်
ဂရန် ရေခဲစပ်လျှိုအဝင်ဝမှာပဲ ထိုးစိုက် အလေးပြုခဲ့ရပါတယ် ။
များမကြာမီ အချိန်အတွင်း တောင်ထိပ်မှာ တက်စိုက်နိုင်ဖို့  နောက်တစ်ကြိမ် ကြိုးစားကြည့်ကြပါအုန်းမယ် ။
---------------------NLD ဖန်အများစုရဲ့ အတွေးအခေါ်က သိပ်ရှင်းတယ် ...
NLDကို ထောက်ခံလျှင် ဘာလုပ်လုပ် မှန်တယ် ...
အဲဒီလူတွေဟာ သူရဲကောင်းတွေ ...
NLD ကို ကန့်ကွက်တာနဲ့ အဲဒီလူဟာ ဘယ်သူပဲ ဖြစ်ဖြစ် အရင် ဘာသမိုင်းပဲရှိရှိ ချက်ချင်းဆိုသလို အဘဘောမ ထိုင်ခုံပျောက်လို့  လိုက်ကန့်လန့်တိုက်တဲ့ကောင် ၊ ပြည်သူ့ ရန်သူ အမှတ် ၁ တန်းဖြစ်သွားတယ် 😁😁😁
ကိုယ်တွေကတော့ ဘာပဲဖြစ်ဖြစ် NLD ဖန်တွေရဲ့ အတွေးအခေါ်တွေအတွက် ဂုဏ်ယူတယ် 😂😂😂
ဦးသိန်းစိန် အစိုးရလက်ထက်က ဦးသိန်းစိန်ကို ရစရာမရှိအောင် ဝိုင်းသမခဲ့သူတွေ အခု ငှက်အုပ်က အသေအကြေ ဝိုင်းဆိတ်တာခံနေရတော့ သံဝေဂလဲရ ...အတော်လဲ သဘောကျ .... အသံထွက်လဲ အော်တောင်ရယ်မိတယ် ...
😂😂😂😂😂😂
ရဲမိုး