Passion

onemm(42)
Published in
#life
Words
125
Reading
1 min
Listen
Play
9y

တကယ်တော့ ဘာအလုပ်ပဲလုပ်လုပ် အဓိကအရေးအကြီးဆုံးက Passion ပဲဗျ။

အလုပ်တစ်ခုလုပ်တော့မယ်ဆို ဒီအလုပ်ကို ရင်ထဲအသည်းထဲက နှစ်နှစ်ကာကာ ကြိုက်ပါမှ အောင်မြင်နိုင်တာမျိုး။ ထမင်းစားရင်တောင် မကြိုက်တဲ့ ဟင်းနဲ့ဆို စားမကောင်းဘူးမဟုတ်လား။ ကြိုက်တဲ့ဟင်းနဲ့ဆိုရင် ဘယ်လောက်စားစား မတင်းတိမ်နိုင်ဘူးလေ။ အဲဒီသဘောပဲပေါ့။

Passion ရှိမှ အောင်မြင်နိုင်မယ်။ Client servicing လုပ်မယ်ဆိုရင်လဲ Client နဲ့ တွေ့ရတာ စကားပြောရတာ service ပေးရတာကို တကယ် Passion ရှိမှ အောင်မြင်နိုင်မယ်။ တခြားဘာအလုပ်ပဲလုပ်လုပ် passion ဟာ အဓိက လိုအပ်တယ်။ ကုန်ကုန်ပြောရရင် တောင်းစားတာတောင် Passion ရှိမှ။

Passion မရှိတဲ့ သူတောင်းစားဆို မနက်မိုးလင်း အိပ်ရာထမယ်၊ သွားတောင်းမယ်၊ စားမယ်၊ ပြန်အိပ်မယ် ဒါပဲလေ။ Passion ရှိတဲ့ သူတောင်းစားဆို ဘာလုပ်မလဲ..

  • မနက်လင်းတာနဲ့ တောင်းရမယ့် location ရွေးမယ်။
  • တောင်းမယ့် strategy နဲ့ planning ကို သေချာဆွဲမယ်။
  • Target audience ကို သိအောင် သေချာလေ့လာမယ်။ (Buyer Persona ပေါ့)
  • သူများမြင်ရင် သနားပြီး ပေးချင်ကမ်းချင်စိတ်ရှိအောင် ကိုယ့်ကိုကိုယ် အဝတ်အစားက အစပြင်ဆင်မယ်။
  • တောင်းလို့ရတဲ့အထဲက ပတ်တီးဝယ်ဖို့၊ ခြေတုလက်တုဝယ်ဖို့ ဖယ်ထားမယ်။ (Assets တွေဝယ်တဲ့သဘော)
  • စားလို့သောက်လို့ ပိုတာတွေကို စုမယ်။ ခွက်အသစ်တစ်လုံး ဝယ်မယ်။ တခြား သူတောင်းစားတစ်ယောက်ကို လပေးနဲ့ ငှားပြီး တခြားနေရာမှာ ခွဲတောင်းခိုင်းမယ်။ (လုပ်ငန်းတိုးချဲ့တာ)
  • အခွဲတွေများလာရင် ကိုယ်တိုင်မတောင်းတော့ဘူး၊ Strategy ချပေးရုံပဲ။ ပိုက်ဆံပဲသိမ်းတော့မှာ။
  • နောက်ပိုင်းကျ Consultant တောင်လုပ်လို့ရသေး။ Begging Consultant ပေါ့။

ဒါကြောင့်ပြောတာ၊ Passion က အရေးကြီးပါတယ်ဆို။ ခုတောင် ခဏလေး သူတောင်းစားနေရာက ဝင်စဉ်းစားပြီး Passion ထည့်လိုက်တာ business plan ပါ ထွက်လာတယ်.. ကြည့်။

Passion | Ecency