အတွေးကဗျာများ ၅

Words
67
Reading
1 min
Listen
Play
9y

image

ချစ်သူသို့

ချစ်သူရေ

ပေးဆပ်ခြင်းများနဲ့ ချစ်လာခဲ့တဲ့

တို့တွေရဲ့ချစ်ခြင်းတွေဟာ

ဘ၀ရဲ့အားမာန်တစ်ခု ဖြစ်စေပြီး

ခိုင်ခိုင်မြဲမြဲ အတူလက်တွဲကြမယ်လေ။

ချစ်သူရေ

ကိုယ်တို့တွေရဲ့ အချိန်အခါလေးတွေတိုင်းမှာ

တမ်းတခြင်းများနဲ့အတူ

တယောက်ကိုတစ်ယောက် သတိရ ချစ်နေကြမယ်နော်။

ချစ်သူရေ

ကိုယ့်ရဲ့ အသိစိတ်နဲ့ လှုပ်ရှားမှုတိုင်းမှာ

ချစ်သူ ရဲ့ အရိပ် ၊ ချစ်သူရဲ့အငွေ့အသက်တွေက

အမြဲ ဖုံးလွှမ်းနေမှာပါ

ချစ်သူရေ

ချစ်ခြင်းရဲ့အခြားတစ်ဖက်မှာ

သိမ်မွေ့နူးညံ့တဲ့ ကမ္ဘာငယ်လေးရှိခဲ့ရင်

ကိုယ်တို့နှစ်ယောက် အတူနေကြမယ်နော်

ချစ်သူရဲ့လက်ဖ၀ါးနုနုလေးကို

ဆွဲကိုင်ပီး ရှေ့ကကြုံလာမယ့်

အတားအဆီးတွေကိုဖြတ်ကျော်ဘို့

ကိုယ့်ကို အချစ်တွေနဲ့ အမြဲတမ်း

အားပေးနေရမယ်နော် ။ ။

ဈာန် ( မုံရွာ )

ကလောင်အမည် ဈာန်( မုံရွာ)သည်
ကျနော်၏ ကဗျာရေးသော ကလောင်အမည်ဖြစ်ပါသည်။

Steemit photos for paragraph.jpg

Writer >>>nyinyiwin@nyinyiwin(Steemit) MSC006
Writing End Time >>> 11:00 PM (27.1.2018)

#Poem #Love

image

image

image

အတွေးကဗျာများ ၅ | Ecency