DigiCal Calendar Agenda

Words
80
Reading
1 min
Listen
Play
9y

image
ဖုန်းအတွက် အကောင်းဆုံး DigiCal Calendar Agenda
သင့် Android ဖုန်းအတွက် အကောင်းဆုံး Calendar app ကို ထည့်သွင်းအသုံးပြုချင်တယ်ဆိုရင် ဒီ DigiCal Calendar Agenda app က ကူညီပေးနိုင်ပါတယ်။
ဒီဇိုင်းပုံစံရိုးရိုးရှင်းရှင်းလေးနဲ့ သင့်အချိန်ဇယားတွေကို နေ့ရက်၊ အချိန် တိတိကျကျ ရေးမှတ်ထားနိုင်ဖို့အတွက် agenda တွေ အများကြီးကို ရေးဆွဲနိုင်ပါတယ်။ အချိန်ဇယားရေးဆွဲတဲ့အခါမှာလည်း လျင်မြန်လွယ်ကူမှုရှိအောင်ပြုလုပ်ပေးထားပြီး စွမ်းအားပြည့်ဝရှင်းလင်းပြတ်သားတဲ့ agenda 7 ကို ထောက်ပံ့ပေးထားတာကို တွေ့ရပါတယ်။ အသုံးပြုရတာလွယ်ကူပြီး မျက်စိပသာဒရှိရှိလှပတဲ့ calendar widgets တွေပါရှိပြီး Google Calendar, Outlook And Exchange နဲ့ တွဲဖက်အသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် planner မှာ အပူချိန်၊ လေထုစိုထိုင်းမှု၊ လေထုဖိအား၊ တိမ်ထူထပ်မှု၊ လေတိုက်ခိုက်နှုန်း၊ နေဝင်နေထွက်အချိန်တွေကို ပြသပေးနိုင်ပါသေးတယ်။ ထောက်ပံ့ပေးထားတဲ့အရောင် 42 ရောင်ထဲက ကိုယ်နှစ်သက်တဲ့အရောင်ကို ရွေးချယ်သတ်မှတ်ပေးနိုင်ပါတယ်။ ပြည်တွင်းပြည်ပအချိန်တွေနဲ့ တွဲဖက်ရေးမှတ်နိုင်တဲ့ အချိန်ဇယားတွေလည်း ပါရှိတာကြောင့် အဆင်ပြေပါတယ်။ DigiCal Calendar Agenda app ကို အသုံးပြုဖို့အတွက် Android 4.2 နဲ့အထက် ရှိရပါမယ်။

DigiCal Calendar Agenda | Ecency