This post is from a low-reputation account and contains an unverified outbound link. Be cautious before clicking external links.

Merlion

Words
172
Reading
1 min
Listen
Play
8y

image
Credit Image Source
https://www.google.com/search?tbm=isch&source=hp&ei=m27bWpebCozWvATNw574CA&q=merlion&oq=&gs_l=mobile-gws-img.1.0.35i39l3.0.0..3799...1....0.0.............mobile-gws-wiz-img.....3.NwNx%2Bp7%2BPXU%3D#imgrc=qm1svd7Z3_TG_M:

စင်ကာပူလို့ ပြောလိုက်တာနဲ့ ခြင်္သေ့ခေါင်းနဲ့ ငါးကိုယ်တွဲဖက်ပုံဖော်ထားတဲ့ ရုပ်တုကြီးကို ပြေးမြင်မိကြမှာပါ။
ဒီရုပ်တုကြီးကို Merlion လို့ ခေါ်ဆိုကြပြီး စင်ကာပူနိုင်ငံရဲ့ လာဘ်ကောင်တစ်ခုလည်းဖြစ်ပါတယ်။ ငါးကိုယ်ပိုင်းကို ဖန်တီရခြင်းရည်ရွယ်ချက်ကတော့ စင်ကာပူနိုင်ငံစတင်ဖြစ်ပေါ်ဖို့ မူရင်းဖြစ်ခဲ့တဲ့ တံငါရွာလေးကို ရည်မှန်းတာဖြစ်ပြီး ခြသေ့င်္ခေါင်းကတော့ စင်ကာပူတို့ရဲ့ မူရင်းအမည်ဖြစ်တဲ့ Singapura ကနေ စတင်တာဖြစ်ပါတယ်။ အဓိပ္ပါယ်ကတော့ lion city ခြင်္သေ့မြို့တော်လို့ ဆိုလိုတာဖြစ်ပါတယ်။
ဒီသင်္ကေတရုပ်တုကို Erl Almocera က ဒီဇိုင်းရေးဆွဲခဲ့တာဖြစ်ပြီး ဒီ Merlion သင်္ကေတကို ခရီးသွားအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Singapore Tourism Board က သူတို့ရဲ့ လိုဂိုအဖြစ် ၁၉၆၄ ကနေ ၁၉၉၇ အထိ အသုံးပြုခဲ့ကြပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ သင်္ကေတကို ထိန်းသိမ်းတဲ့အနေနဲ့ Singapore Tourism Board အဖွဲ့ကလည်း သူတို့ရဲ့ လိုဂိုကို ပြန်လည်ပြုပြင်ခဲ့ပါတယ်။ ဒါပေမယ့် လက်ဆောင်ပစ္စည်းတွေမှာတော့ ရိုက်နှိပ်ဖို့ ခွင့်ပြုခဲ့တယ် သိရပါတယ်။ မူရင်း Merlion ရုပ်တုကို ၁၉၇၂ ခုနှစ်မှာဖွင့်လှစ်ခဲ့တာဖြစ်ပြီး ၀န်ကြီးချုပ်လီကွမ်ယုက ဖွင့်လှစ်ပေးခဲ့တာဖြစ်ပါတယ်။ မူရင်းရုပ်တုကို တည်ဆောက်စဉ်မှာ စင်ကာပူမြစ်ဝမှာ ရပ်လျက်ပုံစံနဲ့ တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ စင်ကာပူမြစ်ဝမှာ ထားရှိမှု အဆင်မပြေတော့တဲ့အတွက် လက်ရှိတည်ရှိရာနေရာမှာ ထပ်မံတည်ဆောက်ခဲ့ပါတယ်။ အသစ်တည်ဆောက်တဲ့ရုပ်တုဟာ ၁၂၀ မီတာအမြင့်ရှိတယ်လို့လည်း သိရပြီး Marina Bay ရဲ့ အရှေ့မှာ တည်ရှိတာဖြစ်ပါတယ်။
Sentosa ကျွန်းပေါ်မှာ တည်ရှိတာဖြစ်ပြီး သြစတြေးလျအနုပညာရှင် James Martin က ဒီဇိုင်းထပ်မံပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ် ညနေပိုင်းမှာတော့ လျှပ်စစ်လက်ပြီး မိုးကြိုးပစ်တဲ့အတွက် Merlion Park အတွင်းမှာရှိတဲ့ Merlion ထိခိုက်ပြီး ဦးခေါင်းက မြေပြင်ထက်ကျသွားခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း ရက်ပိုင်းအတွင်းမှာပဲ လုပ်သားတွေက ပြန်လည်မွမ်းမံခဲ့ကြပါတယ်။ Merlion ရုပ်တုတွေဟာ စင်ကာပူနိုင်ငံသားတွေ မြတ်နိုးတဲ့ သင်္ကေတဖြစ်တဲ့အလျောက် ရုပ်တု အမျိုးမျိုးတည်ရှိပါတယ်။ အဲဒီထဲက ထင်ရှားတဲ့ Merlion ရုပ်တု ၅ ခုကတော့ Merlion Park ပန်းခြံအတွင်းရှိတဲ့ ၈ မီတာကျော်ရှည်လျားတဲ့ Merlion ရုပ်တု၊ မူလရုပ်တုအနောက်မှာ တည်ရှိတဲ့ ၂ မီတာရှည်လျားတဲ့ရုပ်တု၊ Sentosa ကျွန်းမှာတည်ရှိတဲ့ ၃၇ မီတာ ရှည်လျားတဲ့ Merlion ရုပ်တု၊ Tourism Court မှာတည်ရှိတဲ့ ၃ မီတာ ရှည်လျားတဲ့ Merlion ရုပ်တု၊ Faber တောင်ပေါ်ရှိ Faber Point မှာတည်ရှိတဲ့ ၃ မီတာရှည်လျားတဲ့ ရုပ်တုတို့ဖြစ်ပါတယ်။ Merlion ရုပ်တုတွေဟာ အနုပညာဖန်တီးမှုတွေနဲ့ တီဗွီဇာတ်လမ်းတွေမှာလည်း ပါဝင်လေ့ရှိပါတယ်။

Merlion | Ecency