မိန်းမကောင်းဆိုသည်မှာ လှပကျော့ရှင်းနေသူတိုင်း မိန်းမကောင်းမိန်းမမြတ်တွေ မဟုတ်ကြပေမယ့် မိန်းမကောင်းမိန်းမမြတ်တွေကို မြင်သူတကာတွေကတော့ လှပကျော့ရှင်းနေတယ်လို့ သတ်မှတ်တတ်ကြတယ်
မိန်းမကောင်း မိန်းမမြတ်ဆိုတာ သူတစ်ပါးဆီက ရောက်လာမယ့်ဟာတွေထက် ကိုယ်တိုင် ကြိုးစား လုပ်ကိုင်ပြီး ရရှိလာတဲ့ ရလဒ်တွေကို ပိုမို တောင့်တတတ်ကြသူတွေပါ ကိုယ့်ဘဝကို ကိုယ်တိုင်တည်ဆောက်ပြီး အိပ်မက်တွေကို ကြိုးစားအကောင်အထည်ဖော်နေတတ်ကြသူများ ဖြစ်ပါတယ် မိန်းမကောင်း မိန်းမမြတ်ဆိုတာ ကိုယ့်ခံစားချက် ကိုယ့်ပြသနာတွေ ကိုယ့်အခက်အခဲ ကိုယ့်လက်ရှိအခြေအနေတွေကို အများသူငှာသိအောင် ဖော်ထုတ် ပြောကြား ပေါက်ကွဲနေမယ့်အစား မိမိကိုယ်ကို ကြိုးစား ဖြေသိမ့်နိုင်ပြီး အောင်မြင်အောင် လုပ်ကိုင်ဆောင်ရွက်နိုင်စွမ်းရှိကြသူများဖြစ်ပါတယ်
မိန်းမသားတွေ အများစုဟာ အုပ်စုဖွဲ့အတင်းပြောလေ့ရှိကြပေမယ့် မိန်းမမြတ်တွေကတော့ အမြဲတမ်း အတင်းမပြော တတ်ကြပာဘူး သူတစ်ပါးမကောင်းကြောင်း အတင်းပြောတယ်ဆိုတာဟာ ဂုဏ်သိက္ခာ အဆင့်အတန်းရှိသူ မိန်းမကောင်းတွေ အတွက်
မကောင်းတဲ့ ဝါသနာဆိုးအလေ့တစ်မျိုးလို့ ခံယူထားလို့ပဲ ဖြစ်ပါတယ် ဆန့်ကျင်ဘက်လိင်တွေဆီက ဂရုစိုက် စိတ်ဝင်စားတာကို မိန်းမအများက ခံယူချင်ကြပေမယ့် မိန်းမမြတ်တွေကတော့ ဘဝကို ရိုးရှင်းစွာ ဖြတ်သန်းလိုကြပါတယ် မိန်းမကောင်း တွေကတော့
ကိုယ့်ချစ်သူ ၊ ကိုယ့်ခင်ပွန်း ကိုယ့်မိသားစုအတွက် ရိုးမြေကျပေါင်းသင်းပြီး မိသားစုဘဝကို တိုးတက်ရအောင် အမြဲတမ်းသစ္စာစောင့်သိ ကြိုးစားနေသူများဖြစ်ပါတယ် ကိုယ့်ကြင်ဖော်တစ်ယောက်တည်းကိုသာ စွဲစွဲမြဲမြဲ သစ္စာရှိပြီး သက်ဆုံးတိုင် ခိုင်မြဲရွှေလက်တွဲလိုကြပါတယ် မိန်းမမြတ်တွေဆိုတာ ပညာ နဲ့ဝါသနာကို လက်တွေ့ကျအောင် အကောင်အထည်ဖော်တတ်ကြပြီး တိုးတက် မြင့်မားအာင် အစဉ်သဖြင့် ကြိုးစားနေကြသူတွေ ဖြစ်ပါတယ် လောကကြီးကို ရိုးရှင်းစွာဖြတ်သန်းကြပြီး
ဆန်းပြားစွာ တွေးမြင် ခံစားတတ်ကြသူများဖြစ်ပါတယ်အသိတရားမြင့်မားတယ်ဆိုတာ
ဉာဏ်ကောင်းခြင်းသက်သက်တင် မဟုတ်ဘူး
မိန်းမကောင်း မိန်းမမြတ်ဆိုတာ အကြောင်းအကျိုး ၊ အကောင်းအဆိုးကို ပြတ်ပြတ်သားသား သိမြင် ဆင်ခြင် ဆုံးဖြတ်နိုင်တဲ့ အသိတရားမျိုး ပိုင်ဆိုင်ထားကြပါတယ်
လူတကာပြောတိုင်း ယုံစား လွယ်သူတွေ မဟုတ်ကြဘူး ခံစားချက်ကို ဦးစားမပေးသလို ခံစားလွယ်သူတွေ မဟုတ်ဘူး မြှောက်ပင့် ချီးမွမ်းခြင်း နှိမ့်ချ ကဲ့ရဲ့ခြင်းတွေမှာ မယိမ်းယိုင်တတ်ကြဘူး မနာလို ဝန်တိုစိတ် တွေ မကင်းကြပေမယ့် အဖြစ်အပျက် အခြေအနေ သဘာဝ အကျိုးအကြောင်း ဆီလျှော်စွာ တွေးမြင် ချိန်ဆ နားလည် နိုင်ကြသူတွေပါ ပြုံးရွှင် ချိုသာနေတဲ့ မျက်နှာထားဟာ မြင်ရသူအပေါင်းကို စိတ်ကြည်နူးစေပါတယ် တည်ကြည်ပြီး ကြည်လင်တဲ့ မျက်နှာထားကလည်း မြင်ရသူတွေကို ယုံကြည်မှုကို ဖြစ်စေတယ်တည်ငြိမ်ပြီး ရင့်ကျက်တဲ့ မျက်နှာထားကလည်း စိတ်ငြိမ်ပြီး တည်ကြည်ခိုင်ခံ့မှု ကို ပြဆိုတတ်တယ် မိန်းမကောင်း မိန်းမမြတ်တွေဟာ မျက်နှာထားနဲ့ ကိုယ်ဟန်အနေအထားကို မြင်ရကတည်းက ကျက်သရေ ရှိကြောင်း ထင်ပေါ်နေစေတတ်တယ်
ပတ်ဝန်းကျင် နဲ့ အခြေအနေအလိုက် ပေါင်းသင်းတတ်ပါတယ် မိန်းမကောင်း မိန်းမမြတ်တွေဟာ အများအားဖြင့် ရိုးသားပြီး မနှိမ့်ချတောင်မှ ဂုဏ်မမောက်တတ်ကြဘူး
ပြတ်သားတတ်ကြပေမယ့် အပေါ်စီးက မာန နဲ့ ဆက်ဆံတာမျိုး မဟုတ်ဘူး အငြင်းပွားတာတွေ ရန်လိုတာတွေ မရှိပေမယ့် မတရားကိစ္စတွေကို လက်သင့်ခံ ကြတာမျိုး မလုပ်ဘူး မဟုတ်မခံ ကက်ကက်လန် ပြန်လှန် ရန်တွေ့မှာလည်း မဟုတ်ပြန်ဘူး
ပြသနာတွေ အခက်အခဲတွေကို သက်ဆိုင်ရာကဏ္ဍအလိုက်
ပြတ်ပြတ်သားသား ထိထိရောက်ရောက် ရှင်းလင်းတတ်ကြသူတွေပါ လူချစ်လူခင် များစေတာထက် လူမုန်း မများစေဘဲ
လူတိုင်းက လေးစားအောင် ပြောဆိုဆက်ဆံတတ်တဲ့ အလေ့အထ လက်ကိုင်ထားကြပြီး သြဇာရှိတဲ့ သံတမန်ကောင်းတွေ ဖြစ်ကြတယ်
မိန်းမကောင်းတွေဆိုတာ အဆင်းရှိယုံ အချင်းမရှိတာလည်း မဟုတ် အချင်းရှိပြီး အဆင်းမကောင်းတာလည်းမဟုတ် အဆင်း ရူပါ သင့်တယ် လှပ ပြည့်စုံကြပြီး အလေ့ကောင်း အကျင့်ကောင်း ပညာကောင်း ဆင်ခြင်ဉာဏ်ကောင်း ဝီရိယကောင်း သင်ယူလွယ်လေ့ကောင်းမွန်ကြတဲ့ အရည်အချင်းကောင်းတွေ နဲ့လည်း ပြည့်စုံနေတဲ့ သူတွေသာ ဖြစ်ပါတယ် ထက်မြက်ပြီး ဂုဏ်သိက္ခာလည်း ရှိဖို့ လိုတယ် အရှက် အကြောက် ဆိုတာလည်း အကန့်သတ် နဲ့ရှိသင့်တယ် အရှက် အကြောက်တွေနဲ့ အရည်အချင်း မရှိတာလည်း လိုအပ်ချက်ပါပဲ
ဉာဏ်ရည်ဉာဏ်သွေး နဲ့ သင်ယူလေ့လာမှုက အဆင့်အတန်းနဲ့ ဂုဏ်ကို ဖြစ်စေမှာပါ။ ဉာဏ်ကောင်းပေမယ့် စာရိတ္တ ချွတ်ယွင်းနေလည်း မရဘူး ကျော်ကြားမှု နဲ့ အောင်မြင်မှုတွေရဖို့ လမ်းကြောင်းမှန်မှန် ကြိုးစားချင်စိတ် ရှိတာ အကောင်းဆုံးပါ အောင်မြင်မှုရတိုင်း ဂုဏ်ကျက်သရေ ပါလာတာမျိုး မဟုတ်ဘူး တှရားမျှတမှု နဲ့ အကျင့်စာရိတ္တ တွေကောင်းမှ
ကျက်သရေရှိတဲ့ လေးစားခံရတဲ့ မိန်းမမြတ်ဖြစ်စေပါမယ် ငွေကြေးဥစ္စာ ဂုဏ်ဒြပ်တွေ နဲ့ ထင်ပေါ်ကျော်ကြားမှုတွေကိုလည်း
အလွန်အကျွံ တပ်မက် လောဘ မကြီးမိဖို့ ဆင်ခြင်နိုင်မှ မိန်းမကောင်းပါ
လော်လီသော သဘာဝ လွန်ကျူးသော အတ္တ
အမှားအမှန်မသိသော မာန လွန်ကဲလွန်းသော ဆန္ဒ နဲ့ မမျှတသော လောဘစိတ်တွေကို အကောင်းဆုံး ထိန်းချုတ်နိုင်ကြသူတွေသာ မိန်းမကောင်း မိန်းမမြတ်တွေ ဖြစ်လာမှာပါ မိန်းမကောင်း မိန်းမမြတ်တွေ ဆိုတာ
ဘာသာတရား ကိုင်းရှိုင်းကြသူတွေ ဖြစ်သလို
ငါးပါးသီလ ကို တော်တန်ယုံ မကျိုးပေါက်တတ်ကြသူတွေပါ မိန်းမတိုင်း မိန်းမကောင်း မိန်းမမြတ် ကြပါစေ.....