မေ​မေ

nyinsi(40)
Published in
#esteem
Words
232
Reading
2 min
Listen
Play
9y

image
(Photo credit: google Images)
မှတ်​မိ​နေ​သေးတယ်​ သမီးငယ်​ငယ်​တုန်းက ​မေ​မေရဲ့ အ​ပေါ်မှာ ​ချေး ​သေး ယိုခဲ့တုန်းက မရွံမရှာနဲ့ ကိုင်​တွယ်​ပြီး သမီးအဝတ်​​တွေကို ​လျှော်​ဖွတ်​​ပေးခဲ့တဲ့ ​မေ​မေ သမီးရဲ့လက်ေ​တွ အရာဝတ္ထုကို ကိုင်​​ဆောင်​နိုင်​စွမ်း မရှိ​သေးတဲ့အချိန်တုန်း​​​က အ​မေ့လက်​​တွေနဲ့ ထမင်းခွန့်​​ကြွေးခဲ့တဲ့ ​မေ​မေ ​ရှောက်​​နိုင်​စွမ်း မရှိ​သေးတဲ့ သမီးရဲ့ ​ချေ​ထောက်​​တွေကို လမ်း​ရှောက်​တတ်​​အောင်​ ​ဖေးမှ ကူညီ လက်ေ​လးတွဲပြီး သင်​​ပေးခဲ့တဲ့ ​မေ​မေ ဇလားခွက်​ထဲ ​ရေပူ ​ရေ​အေး​ ရောစပ်​ပြီး ​နွေး​နွေး​ထွေး​ထွေးနဲ့တစ်​ကိုယ်ေ​ရ သန့်​စင်​​ပေးခဲ့တဲ့​ ​မေ​မေ ဘဝအတွက်​ ရှင်​သန်​​နေထိုင်​ဖို့​ရေး သွန်​သင်​ ဆုံးမစကား​တွေ​ပြောပြီး လှပတဲ့ ဘဝတစ်​ခုကို ​ပေးနိုင်​ခဲ့တဲ့ ​မေ​​မေ မပီကလာ ပီကလာနဲ့ သိချင်​တဲ့ အ​ကြောင်းရာ​တွေကို ​မေးခဲ့သမျှ စိတ်​ရှည်​ရှည်​နဲ့ မညီးမညူ နား​ထောင်​ ​ဖြေကြား​ပေးခဲ့တဲ့ ​မေ​မေ သမီးအ​ပေါ် ဗြဟ္မစိုရ်​တရားလက်​ကိုင်​ထားပြီး ဆိုးဆိုး​ကောင်း​ကောင်း အရာအားလုံးကို ခွင့်​လွတ်​သည်းခံ ဆုံးမ သွန်​သင်​ ​မေတ္တာဓာတ်​​တွေ လွှမ်းခြုံ​ပေးခဲ့တဲ့ ​မေ​မေ
image
(Photo credit: google Images)
သမီးငယ်​ငယ်​တုန်းက သွန်​သင်​ဆုံးမ နည်း​ပေးလမ်းပြ​ တစ်​သွပ်​သွပ်​ ​မှာကြားပြီး ​ပြော​ပေးခဲ့တဲ့ ​မေ​မေ သမီးငယ်​တုန်းက တစ်​​ထောင့်​တစ်​ညပုံပြင်​ ငါးရာ့ငါးဆယ်​ နိပါတ်​​တော်​​တွေ​ပြောပြမှ အိပ်​မယ်​ဆိုပြီး အ​မေ့အ​ပေါ် ကချီက​ကြောင်​ကြခဲ့တဲ့သမီးကို မညီးမညူ ​ချော့သိပ်​​ပြောပြခဲ့တဲ့ ​မေ​မေ သမီးဆိုးသမျှ ဂျစ်​ကန်​ကန်​ လုပ်​သမျှကို ခွင့်​လွတ်​သည်းခံ​ပေးခဲ့တဲ့ ​မေ​မေ ဒုက္ခတွင်း​ထဲမှာ နစ်​​မြော​နေခဲ့တဲ့ သမီးကို ပင်​ပမ်း​ နွမ်းနွယ်​မှု​​တွေနဲ့ ပြစ်​မထားပဲ ကယ်​တင်​​ပေးခဲ့တဲ့ ​မေ​မေ အသက်​​တွေကြီးလို့ ​နောက်​​ဖေးသွားရမှာ အခက်​ခဲဖြစ်​ပြီး အဝတ်​​တွေ​ပေါ် ​ ချေး ​သေး ယိုခဲ့ရင်​ ​သမီးဖွတ်​လျှော်​​ပေးမှာ​ပေါ့ အ​မေ အသက်​​တွေကြီးလို့ ​ဖလားကိုင်ပြီး ​ရေ​လောင်းရမှာ အခက်​ခဲဖြစ်​​နေလား အ​မေ သမီးချိုး​ပေးမှာ​ပေါ့ အသက်​​တွေကြီးလို့ က​လေးလိုမြင်​​နေ​သေးတဲ့ သမီးကို သွန်​သင်​ ဆုံးမ ပညာ စီးပွားရှာတဲ့​နေရာမှာ ဒုက္ခမ​ရောက်​​အောင်​ တစ်​သွပ်​သွပ်​​ပြော​နေတဲ့ အ​မေ့နှုတ်​ဖျားက အသံ​တွေကို သမီးနားညီးတယ်​လို့ မ​ပြောရဲဘူး ​မေ​မေ
image
(Photo credit: google Images)
သမီးအ​မေ​ပြောသမျှကို နား​ထောင်​ပြီး
လိုက်​နာ​နေလျက်​ပါ ​မေ​မေ အသက်​​တွေကြီးလို့ လမ်း​ရှောက်​နိုင်​ဖို့ ​ဖေးမှကူညီမှု လို​နေသလား ​မေ​မေ သမီးတွဲ ကူ​ရှောက်​​ပေးမှာ​ပေါ့ အသက်​​တွေကြီးလို့ တုန်​ယင်​​နေတဲ့ လက်​​တွေ ပန်​ကန်​ပြား​ကိုင်​ဖို့ ခက်​ခဲ​နေလား ​မေ​မေ
သမီး လက်​နဲ့ ခွန့်​​ကြွေး​ပေးမှာ​ပေါ့ အသက်​တွေ​​ကြီးလို့ အထီးကျန်​ဆန်​ဆန်​နဲ့ စကား​တွေအများကြီး ​ပြောချင်​​နေတာလား ​မေ​မေ သမီး ​မေ​မေ​ပြောသမျှကို နား​ထောင်​​ပေးမှာ​ပေါ့ အသက်​ကြီးလို့ ​ဘုရား​ကျောင်းကန်​ သွားရမှာ ​မေ​မေရဲ့ ​ချေ​ထောက်​​တွေ ယိုင်​တိုင်​တိုင်​​ဖြစ်​​နေရင်​ သမီးကူတွဲပြီး ပို့​ပေးမှာ​ပေါ့ အသက်​ကြီးလို့ ကိုယ်​တိုင်​ ​မလှုပ်​ရှားနိုင်​တဲ့အခါ
မကျန်းမာ ​နေမ​ကောင်းဖြစ်​​နေလား ​မေ​မေ
သမီးမေ​မေ​ဘေးမှာ ​နေပြီး ပြုစု​စောင့်​​ရှောက်​​ပေးမှာ​ပေါ့ အသက်​တွေ​​ကြီးလို့ အ​မေမသိတဲ့ သမီးတို့​လက်ထက်​​​ အိုင်​တီ ​ခေတ်​မှာ အ​မေမသိလို့ ​မေးတဲ့ ​ခေတ်​သစ်​နည်းပညာ​တွေကို
သမီးစိတ်​ရှည်​ရှည်​နဲ့ ရှင်းပြ​ပေးမှာ​ပေါ့ အ​မေ
image
(Photo credit: google Images)
အသက်​ကြီးလို့ လုပ်​ရကိုင်​ရမယ့်​ အခက်​အခဲ​မှန်​သမျှကို သမီးကူညီ ​ဖြေရှင်း​စောင့်​​ရှောက်​ပါရ​စေ အ​မေရယ်​ သမီးအ​မေ့အ​ပေါ် ​ကျေးဇူးဆပ်ချင်​​ခဲ့တာ​တွေ ​ကျေးဇူးဆပ်​ခဲ့တာ​တွေက အ​မေသမီးအ​ပေါ် ​ပေးဆပ်​မှု​ပေါင်းများစွာနဲ့ ကြင်​ကြင်​နာနာ ယုယုယယ ပိုက်​​ထွေးယုယပြီး ချစ်​ပြခဲ့တာနဲ့စာရင်​ ဘာမှမ​ပြောပ​လောက်​​သေးပါဘူး ​မေ​မေ မလွန်​ဆန်​နိုင်​တဲ့ ​လောကအလယ်​​မှာ အ​ကြောင်းအမျိုးမျိုးနဲ့ ခွဲခွာရခြင်း​တွေကို မလိုချင်​​ပေမယ့်​ ​လောကဓမ္မတာ ​လောကရဲ့နိယာမ ​ရှောင်​လွဲလို့မရတဲ့ သ​ဘောတရား​တွေကို သမီးလွန်​ဆန်​လို့ရရင်​ လွန်​ဆန်​လိုက်​ချင်​တယ်​ ​​မေ​မေ.... သားသမီးများအားလုံးရဲ့ မေမေများအားလုံး ကျန်းမာ​ပျော်​ရွင်​ကြပါ​စေ။
image
(Photo credit: google Images)

မေ​မေ | Ecency