အာရုံစူးစိုက်မှုရှိပါစေလေ

Words
83
Reading
1 min
Listen
Play
9y

image
ဘယ်လောက်ဘဲကျွမ်းကျင်နေပါစေအာရုံစူးစိုက်မှုဆိုတာကို စိတ်ထဲ စွဲမှတ်သွားစေချင်လို့ ဒီပုံပြင်လေးကို ရေးပြလိုက်တာဖြစ်တယ်နော်ကဲ ဒါဆို အာရုံစူးစိုက်မှုဆိုတာ ဘာလဲသိအောင်ဆက်ပြောမယ်နောက်ထပ်ရှင်းမပြခင် ဒီအခြေအနေလေးကို ဖတ်ကြည့်လိုက်ပါအုံးနော် သင်လည်း ကြုံဖူးမှာပါနော်တကယ်လို့ကျောင်းသားတစ်ယောက်ဟာ စာမေးပွဲနီးကပ်လာလို့ စာကြည့်ဖို့ စားပွဲမှာ ထိုင်လိုက်တယ်ပေါ့နော်ခဏကြာတော့ ဗိုက်ဆာလာတာနဲ့ မီးဖိုချောင်ကို သွားပြီး စားစရာတစ်ခုကို ရှာပြီး စားလိုက်တယ်ပေါ့ စားပြီးတာနဲ့ စားပွဲကို ပြန်လာပြီး စာကို စဖတ်တယ်လေ စဖတ်လို့ မကြာခင်မှာ အိမ်အပြင်ဖက်က လူတွေ စကားပြောသံကြားလို့ နားထောင်နေမိတယ်ပေါ့သတိရလို့ စာကို ပြန်ဖတ်တယ်လေ ဖတ်လို့ ခဏအကြာမှာ ပျင်းလာတာနဲ့ ဘဲအခန်းထဲက ရေဒီယိုကို ဖွင့်ပြီး သီချင်းနားထောင်ပြန်တော့တယ်ပေါ့ သီချင်းနှစ်ပုဒ်ပြီးတော့ ရေဒီယိုကို ပိတ်လိုက်ပြီး စာကို ဆက်ဖတ်ပြန်တယ် ဒီအချိန်မှာ နေ့လည်က သူ့ရည်းစားကောင်မလေးကို သတိရလို့ ဖုန်းဆက်လိုက်တယ်ပေါ့လေဆယ့်ငါးမိနစ်မိနစ်လောက် စကားပြောလိုက်တယ်လေအခု စာပြန်ဖတ်မလို့ လုပ်ရင်း စားပွဲတင်နာရီကို ကြည့်လိုက်တော့ သူ စားပွဲမှာ ထိုင်နေတာ တစ်နာရီရှိသွားပြီပေါ့အခုထိ စာတစ်မျက်နှာတောင် ပြီးအောင် မဖတ်ရသေးဘူးလေအဲဒါ အာရုံစူးစိုက်မှု မရှိလို့ ဖြစ်တာပါလေသူ လုပ်ချင်တဲ့ စာဖတ်ခြင်းဟာ အာရုံစူးစိုက်မှုမရှိလို့ အချိန်သာ ကုန်သွားတယ်လေမပြီးမြောက်ခဲ့ဘူးပေါ့လေအာရုံစူးစိုက်မှု မရှိတဲ့ အလုပ်ဟာ ဘယ်တော့မှ မအောင်မြင်ပါဘူးဆိုတာမြင်ရမယ်လေတနည်းအားဖြင့် အာရုံစူးစိုက်လုပ်တဲ့ အလုပ်ဟာ အမြဲတမ်း အောင်မြင်ပါတယ်နော်သေချာလေးလုပ်သင့်တယ်နော်
ntusteemit@ntusteemit
photo-google steemit

အာရုံစူးစိုက်မှုရှိပါစေလေ | Ecency