အခက်အခဲတွေနဲ့ပါ

Words
53
Reading
1 min
Listen
Play
5y

boy_3213773_640.jpg
scr

ခက်ခဲတဲ့နေ့ရက်တွေကို အတူတူဖြတ်ကျော်နေကြရတာပါ အဆင်ပြေနေတဲ့သူအတွက်လည်း ဝမ်းသာမိပါတယ် သတိတော့ထားပါ အဆင်ပြေနေတယ်ဆိုတာကလည်း အခိုက်အတန့်အချိန်ပိုင်းလေးဘဲ ဖြစ်နိုင်တယ်လေ အဆင်မပြေခြင်းတွေ ရောက်လာရင် အဆင်သင့်ဖြစ်အောင်တော့ပြင်ဆင်ထားပါ
စိတ်ချယုံကြည်ပြီး သတိလက်လွတ်နေရင် အဆင်မပြေခြင်းတွေက တိတ်တဆိတ် အနိုင်ယူသွားနိုင်ပါတယ်
လူတွေအားလုံး စိုးရိမ်သောက ရောက်နေရတယ်လေ အဆင်မပြေတဲ့အချိန်မှာ အားငယ်ကြမှာပါဘဲ အားငယ်စိတ်တွေကို ဖုံးကွယ်ခြင်း အဆင်ပြေနိုင်မယ့်နေ့ရက်တွေကို မျှော်လင့်‌စောင့်စားနေကြတယ်လေ
တစ်နေ့တော့ အဆင်ပြေတဲ့ သာယာလှပသော နေ့ရက်လေး ရောက်လာမယ်လို့ ယုံကြည်နေပါတယ်
အရင်လို နေ့ရက်တွေ ပြန်လိုချင်တယ် အားလုံးပျော်ရွှင်နေတဲ့ နေ့ရက်ပေါ့
လူတိုင်း စိတ်ချမ်းသာ လွတ်လပ်စွာ သွားလာလှုပ်ရှားနေတဲ့ နေ့ရက်တွေလေ
ရောဂါတွေလည်း ကင်းဝေးပြီး ကျန်းမာ ချမ်းသာသောနေ့ရက်ကိုပေါ့
ဆုတောင်းနေပါတယ် အားလုံးအတွက်
ကိုယ်လည်း အဲ့ဒီနေ့ရက်ရောက်မှ ပျော်ရွှင်နိုင်မှာပါ
အခုတော့ အားတင်းထားတယ်လေ

အခက်အခဲတွေနဲ့ပါ | Ecency