အရောင်စုံတဲ့ ဒို့ရပ်ကွက်

novembertun(25)
Published in
#my
Words
65
Reading
1 min
Listen
Play
7y

ဝေလီဝေဟင်း မနက်ခင်းမှာ
တကျီးကျီးနဲ့ ကျေးငှက်တို့ရဲ့
သာသာယာယာ အသံစုံက
နေ့သစ်တစ်ခုကို အစပျိုးလို့
သူရကန်စက် နေမင်းကြီးလဲ
လောကတစ်ခွင် အလင်းပေးဖို့
အရှေ့ရပ်မှာ ရဲရဲနီလျက်
ပေါ်လာပြီ။
ရပ်ကွက်ထဲလဲ သမုဒ္ဒရာ
ဝမ်းတစ်ထွာတွက် သူသူငါငါ
လှုပ်ရှားလို့လာ အဲ့ချိန်မှာဘဲ
အိမ်ရှေ့တံခါး တည့်တည့်တွင်
နွားနို့ဗျို့ နွားနို့ဆိုတဲ့
ဘာဘူကြီးရဲ့ အသံအဆုံး
နွားနို့ယူဖို့ရာ ကျွန်တော့်ရဲ့အတွေး
တစ်စလဲ ခဏသာ
ပျောက်ဆုံးခဲ့ရပီ။
ကျောင်းဖွင့်ချိန်ခါမို့ ဖြူ စိမ်းလေးနဲ့
ကျောင်းသား/သူလဲ လှုပ်လှုပ်ရှားရှား
တစ်ဦးနှင့်တစ်ဦး စကာနောက်ကာ
ကျောင်းတော်ကြီးဆီသို့ ခရီးနှင်လျက်။
တစ်ချို့များဆို တောက်တောက်ပြောင်ပြောင်
ဝတ်စားဆင်လျက် ကျော့ကျော့မော့မော့
လုပ်ငန်းခွင်သို့ဆင်းကြပြီ။
တဝုတ်ဝုတ်နဲ့ ခွေးဟောင်သံကြားလို့
လှမ်းကြည့်လိုက်တော့ ပီနံအိတ်ကြီး
ထမ်းလျက်လမ်းလျောက်ကာ ဗူးခွံကောက်တဲ့
သူတစ်ချို့လဲ လှုပ်ရှားစပြု လာပြီ
သြော်သဏ္ဌာန်မတူ အလွှာကွဲပြီး
အကျင့်စရိုက် အဆိုးနဲ့အကောင်း
ဒွန်တွဲလျက် ကျွန်တော်ရပ်ကွက်ကြီးပါလား။
By,
November Tun