ဈေးတို့ရဲ့သဘာဝ

Words
79
Reading
1 min
Listen
Play
8y

bobo (7).jpg
ဈေး ဆိုသည့် မြန်မာ စကားလုံးနှင့် ဘာသာစကားအသံတူသော ဘာသာစကားများစွာရှိပါလေသည်။
လူ့ယဉ်ကျေးမှု သမိုင်းအစကတည်းကပင် ဈေးရှိလာခဲ့သည်ဟု ယူဆလို့ရပါလေသည်။ ပစ်စည်းများ
လဲလှယ်အသုံးပြုမှုတို့တါင် အများလက်ခံသော ငွေကြေးပေါ်ပေါက်လာသည်တွင် ပစ်စည်းများကို မလဲလှယ်
ကြတော့ဘဲ ငွေကြေးဖြင့် ရောင်းဝယ်မှုပြုလာကြသည့်သဘောဖြစ်မည်ထင်ပါသည်။
ထိုကဲ့သို့ လူမှုရေးတွင်
ဈေးသည် အရေးပါသော နေရာကရှိခဲ့သည်ဆိုတာကတော့ သေချာနေပါလေသည်။ လူမှုရေးတွင် အရင်းခံ
အကြောင်းရပ်ဖြစ်သော စားဝတ်နေရေး ကိတ်စတွင် ဈေးရဲ့ အခန်းကန်နသည် အထူးပင် နေရာကြီးမားခဲ့
မည်ဖြစ်လေသည်။
ဈေးသည် လူသားတို့ရဲ့ စီးပွားရေး အချက်အချာဖြစ်လေသည်။ အရောင်းအ၀ယ်ဆိုသော စကားကိုမသုံးရသော
လုပ်ငန်းများမှာပင် ဈေးရဲ့ သဘောသဘာဝက ကင်းကွာမသွားပါဘူး သူ့သဘာဝကတော့ ရှိနေပါလေသည်
ဝန်ထမ်းများ ၀န်ဆောင်မှုလုပ်ငန်းများတွင် လုပ်ခဆိုသည်မှာ ဈေးနှင့် တည့်တည့်ကြီးသက်ဆိုင်ပါလေသည်။

ကုန်ပစ်စည်းထုတ်လုပ်မှု လုပ်ငန်းများ သယ်ယူပို့ဆောင်မှုလုပ်ငန်းများ မှစပြီးတော့ အားလုံးသော ၀န်ဆောင်မှုလုပ်
ငန်းများတွင် လုပ်ခဆိုသည့် အဖိုးအခပေးချေရသည်မဟုတ်ပါလော။လူ့ဘ၀တစ်လျှောက်လုံးတွင် လုပ်ခအဖိုးအခ
ဆိုသည့် အရောင်းအ၀ယ်သဘော သက်ရောက်မှုများကို မဖြစ်မနေအသုံးပြုကြရပါလေသည်။ တစ်နည်းအားဖြင့်
ဆိုရလေသော် ဈေးဆိုသည်မှာ လူ့ဘ၀ကဲ့သို့ပင် လေးနက်ဆန်းကျယသော အရေးကြီးသော အရာတစ်ခုဖြစ်ပါ
လေမည်။
nightboy@nightboy
photo- google image

ဈေးတို့ရဲ့သဘာဝ | Ecency