အနိုင်မရချင်ပါနဲ့

ngaphe(33)
Published in
#esteem
Words
174
Reading
1 min
Listen
Play
8y

image

အနိုင်မရချင်ပါနဲ့

လူတွေဟာ ပြဿနာတွေ ဖြစ်ကြတယ်။
ပြဿနာဖြစ်တိုင်း အနိုင်ရမှ ဖြစ်မယ် လို့ တွေးသလား။

အနိုင်အရှုံးဟာ ကိုယ့်အတွက် အမြဲတမ်း အရေးကြီးဆုံးကိစ္စဖြစ်နေမယ်ဆို ဒီတစ်သက်စာဘဝဟာ သင့်အတွက် အရှုံးပါ။

ဘာလို့လဲဆိုတော့ အနိုင်ရအောင် လုပ်တယ်ဆိုတာ လွယ်ပါတယ်။ ပြဿနာကို အနိုင်​ရရင် ရမယ်​နော်။ အ​ကောင်းဆုံးဘဝကို အဲဒီစိတ်​နဲ့မရနိုင်​ဘူး။

ဒါဆို အရှုံးပေးရမှာလား။
နိုင်လိုသူကို အရှုံပေး နှလုံးအေးတဲ့ ဆေး .. တဲ့ ။
ဒီစကား မှန်သလား။
အရှုံးပေးလိုက်ရတာ တကယ်ပဲ နှလုံးအေး သလား။
မအေးပါဘူးနော်။
အရှုံးပေးရတာ များလာရင် ကိုယ့်ကိုယ်ကိုယ် ကြည်ညိုမှုတောင် ပျက်သွားနိုင်တယ်။ ကိုယ့်ကိုယ်ကိုယ်လေးစားမှု self-respect ကိုယ့်ကိုယ်ကိုယ်တန်ဖိုးရှိတယ်လို့ ခံစားရမှု self-worthy ပျောက်သွားနိုင်တယ်။
နိုင်လိုသူကို အရှုံးပေးပြီး အရှုံးဘက်ကချည်းနေတဲ့သူဟာ ကိုယ့်ကိုယ်ကိုယ် စိတ်ပျက်မုန်းတီးနေတတ်တယ်။ လူတွေကိုလည်း မုန်းနေတတ်တယ်။
အရှုံးချည်းပေးနေတာ မကောင်းပါဘူး။

နောက်တစ်ချက်ကလည်း
အရှုံးမပေးသင့်တဲ့ကိစ္စမှာ အရှုံးမပေးပဲနေလိုက်တာဟာ လောကကိုစောင့်ရှောက်ရာ ရောက်ပါတယ်။
အရှုံးပေးတဲ့သူ များလာရင် လောကကြီး ဘာဖြစ်လာမလဲ။
အနိုင်ယူတတ်တဲ့သူတွေ ကြီးစိုးတဲ့လောကကြီး ဖြစ်လာမယ်။

အရေးကြီးဆုံး သိထားရမှာက
စိတ်ဓာတ်ရဲ့ မြင့်မားမှု နဲ့ အကောင်းဆုံးဘဝကို နေသွားမယ့်သူအနေနဲ့ အနိုင်မယူရမယ့်အချိန်မှာ အနိုင်မယူတာဟာ အောင်နိုင်ခြင်းဖြစ်ပါတယ်။

အကယ်၍ ကိုယ်ကမှန်ကန်လို့ အနိုင်ရခဲ့တယ် ဆိုရင်တောင် အဲဒါ လောကကိုစောင့်ရှောက်တဲ့စည်းကမ်းနဲ့ မှန်ကန်တဲ့မူဝါဒက အောင်နိုင်ခြင်းလို့ မှတ်ယူရမယ်နော်။

image

နိုင်ပြီဆိုရင် ငါ သိပ်ဟုတ်တယ် လို့ တွေးတတ်တယ်။ ငါ သိပ်ဟုတ်တယ် လို့ တွေးတတ်တဲ့စိတ်ကို မြင်အောင် ကြည့်ရမယ်နော်။
ဒါဟာ အမြဲတစေ အင်မတန်အားငယ်နေတတ်ပြီး သိမ်သိမ်ဖျင်းဖျင်းတွေသာတွေးတတ်တဲ့ အတ္တက တွေးတဲ့ အတွေးဖြစ်လို့ပါ။

ကိုယ့်အတ္တက ကိုယ့်ကို သိမ်ဖျင်းအောင်လုပ်လိုက်မှာကို သတိရှိရမယ်။

နောက်တစ်ဆင့် ဖြစ်နိုင်သေးရင်
သူနဲ့ ငါနဲ့ ပြဿနာဖြစ်ပြီးနောက် သူ အရင်ထက် ပိုပြီးအဆင့်မြင့်သောသူ ဖြစ်သွားပါစေလို့ ... စိတ်ထားရအုံးမယ်။
သူဟာ ကိုယ်နဲ့ အဆင်မပြေမှုတစ်ခု ဖြေရှင်းရတာ ညစ်ပတ်တဲ့သူနဲ့ သူထိတွေ့သွားရတာ မဟုတ်ဘူး။ ဒါကို သူ သိသွားနိုင်တာပါတယ်။ ကိုယ် ပြောပုံ ဆိုပုံ ရင်ဆိုင်ဖြေရှင်းပုံကို ကြည့်ပြီး သူဟာ အဆင့်မြင့်တယ် ဆိုတာ ဘာလဲ ဆိုတာ အရင်ထက်ပိုပြီး သိသွားပါစေ. နော်။

အကောင်းဆုံးဘဝကို အနိုင်မယူတတ်တဲ့သူမှ ရတယ်။

စိတ်ချမ်းသာမှုရှိတဲ့ဘဝကို ရှုံးသလား နိုင်သလား ဆိုတာ ထည့်မတွက်တတ်တဲ့သူပဲ နေနိုင်တယ်။

အနိုင်အရှုံးဟာ ကိုယ့်အတွက် အမြဲတမ်း အရေးကြီးဆုံးကိစ္စဖြစ်နေမယ်ဆိုရင် ဒီတစ်သက်စာဘဝဟာ သင့်အတွက် အရှုံးပါ။
ဘာလို့လဲဆိုတော့ အ​ကောင်းဆုံးဘဝကို အဲဒီစိတ်​နဲ့မရနိုင်​ဘူး။
ရေးသားသူ
မထက်ထက်ထွန်း
Htet HtetHtun
photo : google

image

အနိုင်မရချင်ပါနဲ့ | Ecency