လက်လီစိတ်တာကသေချာတယ်

Words
109
Reading
1 min
Listen
Play
8y

image

လက်လီကုန်စုံဆိုင်များ
လက်လီရောင်းသော ကုန်စုံဆိုင်များသည် နိုင်ငံရဲ့ စီးပွားရေးကို များစွာအထောက်အကူပြုပါလေသည်။
နိုင်ငံတစ်ခုရဲ့ အရေးပါသော အောက်ခြေ အထောက်အပံ့များဖြစ်ပါလေသည်။ ကုန်စည် ဖြန့်ဖြူးရေးတွင်
အလွန်အရေးပါသော နေရာတွင် ရှိနေပါလေသည်။ ဖွံ့ဖြိုးသော နိုင်ငံများတွင် ကုန်စုံဆိုင်ကြီးများသည်
နိုင်ငံတစ်ခုလုံးတွင် ဆိုင်ခွဲများ ထားပြီးတော့ ကုန်စည်များကို စနစ်တကျ ဖြန့်ဖြူးရောင်းချကြပါလေသည်။
တစ်နည်း ဆိုရသော် စီးပွားရေး လုပ်ငန်းကြီးများသည်ပင်လျှင် ကုန်စည်ဖြန့်ဖြူးရေးအတွက်ကို လက်လီဆိုင်လေး
များ ပွားပြီးတော့ ပိုမိုကျယ်ပြန့်အောင် လုပ်ဆောင်ဖြန့်ဖြူးကြရလေသည်။
နိုင်ငံရဲ့ စီးပွားရေး ပမာဏကိုလိုက်ပြီးတော့ နိုင်ငံတိုင်းတွင် လက်လီဆိုင်များသည် ပမာဏ အကြီးအငယ်တို့ကို
ဖြစ်ပေါ်လာစေပါသည်။ ဆိုင်ကြီးများကို မြို့ကြီးများတွင် တည်ဆောက်ပြီးဖြစ်သောကြောင့် မြို့ငယ်များ ရွာငယ်များ
လူဦးရေနည်းပါးသောနေရာများတွင် ဆိုင်ငယ်လေးများ ထပ်မံဖွင့်လှစ် ရောင်းချကြလေသည်။ဖြန့်ချီရေးလုပ်ငန်းသည်
ကျယ်ပြန့် နှံ့စပ်သည်နှင့်အမျှ ပမာဏကြီးထွားလာပါလေသည်။ မြို့ကြီးများ မြို့လတ်များမှာပင် ဆိုင်ကြီးများ ရှိနေ
သော်လည်း ဆိုင်ငယ်များရဲ့ အရေအတွက်ကတော့ လျှော့နည်းမသွားပါဘူး။
ပိုလို့ တိုးလာသည်သာ ရှိနေပါလေသည်
နိုင်ငံရဲ့ စီးပွားရေး အခြေအနေကို လေ့လာလိုပါလျှင် ဆိုင်ကြီးများ ဂရုစိုက်တာထက် လက်လီဆိုင်ငယ်များကို ပိုပြီး
လေ့လာ သင့်သည်ဟု မြင်တွေ့ရပါလေသည်။ နိုင်ငံအားလုံးမှာပင် လက်လီဆိုင်ကလေးတို့သည် အရေးပါလေသည်။
ထိုဆိုင်သေးသေးလေးများကို အထင်သေးလို့မရပါဘူး။ စီးပွားရေး တိုးတက်သော နိုင်ငံရှိ မြို့ကြီး မြို့ငယ်တို့တွင်
လက်လီဆိုင်ကလေးများသည် အလွန်များပြားစွာရှိပါလေသည်။ ထိုဆိုင်ကလေးများသည် နေရာအစုံတွင် ပုံစံမျိုးစုံ
နဲ့တွေ့မြင်ရပါလေသည်။ သူတို့တည်ရှိရာ ရပ်ကွက်ကလေးများတွင် လူများစွာတို့အတွက် စားဝတ်နေမှုတို့ကို
အလွန်အထောက်အကူဖြစ်စေပါလေသည်။ တစ်ပိုင် တစ်နိုင် လက်လီဆိုင်လေးများ ဖွင့်လှစ်ရောင်းချခြင်းသည်
လျှင်မြန်သော စီးပွားဖြစ်ထွန်းမှုကို ဖြစ်ပေါ်စေနိုင်ပါလေသည်။
naymyoko@naymyoko
photo . google image