သေမိန့်ပေးတဲ့ဂါထာ

Words
55
Reading
1 min
Listen
Play
8y

သေမိန့်ပေးတဲ့ဂါထာ
ဆိုကရေးတီးကိုတော့ လူတိုင်းလိုလိုသိကြပါလေမည် သူသည် လူငယ်လူရွယ်များကိုဖျက်ဆီးသူဖြစ်
ပါလေသည်။ အေသင်မြို့နိုင်ငံရဲ့ အယူအဆများကို ဆန့်ကျင်တော်လှန်သူ သူပုန်ထသူဖြစ်လေသည်။
အေသင် အာဏာပိုင်အဖွဲ့ကို မထေမဲ့ပြင် ပုတ်ခက်သူလည်းဖြစ်လေသည်။ ဒါကြောင့် နတ်ဖန်ညနေ နေကွယ်
ချိန်မှာ အသင် အဆိပ်သောက်လို့ သေရပါလိမ့်မည်ဟု အမိန့်ချလေသည်။ အေသင် တရားစီရင်ရေးအဖွဲ့ရဲ့
သေဒဏ်အမိန့်သည် ပြင်းထန်လို့နေပါလေသည်။
ခန်းမဆောင်ကြီးတစ်ခုလုံး ပကတိ တိတ်ဆိတ်သွားပါလေသည်။ မျက်လုံးပေါင်း ထောင်သောင်းတို့သည်
အကြည့်သည် ငါ့အပေါ်တွင် စုပြုံလို့နေခဲ့လေသည်။ စင်မြင့်ထက်တွင် ကျောက်ကုလားထိင်များပေါ်က အေသင်
မြို့နိုင်ငံ အုပ်ျုပ်ရေး အဖွဲ့ဝင် လူတို့ရဲ့ မျက်လုံးများက အစူးရှဆုံးနဲ့ အတောက်ပဆုံးလို့ ငါထင်ပါလေသည်။
နက်ရှိုင်းသော တိတ်ဆိတ်ခြင်းတို့သည် ရောက်ရှိလို့လာခဲပပြီဖြစ်ပါလေသည်။ ဘယ်အရာကများ ငါ့ကို
ကယ်တင်လေမည်နည်း ငါတကယ်ကိုမသိနိုင်ခဲ့ပါလား။ အော် ဘ၀က တိုတိုလေးရယ်ပါ။

သေမိန့်ပေးတဲ့ဂါထာ | Ecency