ကျွန်တော်မြင်တဲ့ MYD

Words
133
Reading
1 min
Listen
Play
5y

မပြောဘူးလုပ်နေတာ ပြောစရာတွေရှိနေလို့ပါ
မြန်မာ crypto MYD ဆိုပြီးတွေ့တာနဲ့လေ့လာဖြစ်တယ်။ အများအားဖြင့်လည်း သိနေကြပြီဆိုတော့ ဒီအကြောင်းကပြောပြဖို့သင့်ပြီလေ။
crypto တွေဘယ်လိုရလဲ mining, trading, creating adward တွေကနေစတယ်လို့ပြောရမယ်။ crypto စဖန်တီးတာနဲ့ ကိုယ်ပိုင် exchange သို့မဟုတ် အခြားသော exchange တွင်ပေါ်မှာ တစ်ခါတည်းတင်ကြတယ် ဒါမှလည်း အရောင်းအဝယ်ဖြစ်မှာပါ။ အချို့ဆို ကိုယ်ပိုင် exchange တွေရှိနေသော်လည်း အခြား နာမည်ကြီး exchange ပေါ် ရောက်ဖို့မလွယ်ကူသေးပါ။ ကိုယ်ပိုင် exchange လည်းရှိအခြားသော exchange တွေပေါ် ရောက်နေတာတောင် အောင်မြင်မှု ကောင်းကောင်းမရတဲ့ crypto တွေအများကြီးပါ။ ဥပမာ doge coin ဆိုရင် အရောင်းအဝယ်ပုံစံနဲ့ သွားပါတယ်။ သူ့မှာ coin အရေအတွက် တစ်သိန်းထုတ်မယ်ဆိုရင် တစ်သိန်းကျော်တဲ့ coin တွေကို ဘမ်းပစ်တယ် ဒါကြောင့် ဈေးကွက်ဝင်လာပြီး ဈေးတက်လာတယ်။
MYD မှာက ကိုယ်ပိုင် exchange လည်းမရှိသေးသလို အခြား exchange ပေါ်တင်နိုင်ဖို့ဆိုတာ လွယ်ကူတာတော့မဟုတ်ပါ။ သူပေးတဲ့ပုံစံဟာ Airdrop, Referrals, Creativity တွေနဲ့ဖြစ်ပြီး ကိုယ်ထုတ်မည့် အရေအတွက်ကို တစ်ခါထဲ ထုတ်ပေးနိုင်သလိုဖြစ်နေပါတယ်။ Airdrop, Referrals, တွေနဲ့သွားတာ 50% လို့ဆိုထားတဲ့အတွက် ဒီနည်းလမ်းက မြန်မာပြည်ရဲ့ crypto လောကကို လိမ်ညာမှုတွေ စိုးမိုးလာအောင် အစိုးရတွေ မယုံကြည်နိုင်တဲ့ အချက်တစ်ခုလို့မြင်မိတယ်။ ထုတ်ထားတဲ့ အရေအတွက်ကျော်ရင် ဘမ်းမယ် ဘမ်းလို့ဈေးတက်မယ်ဆိုပြီး တွေးထားတယ် တကယ်တက်ဖို့ ဖြစ်နိုင်ခြေနည်းပါသည်။ ရင်းနှီးမြှပ်နှံမှုတွေအများအပြားနဲ့ project တွေတောင် အောင်မြင်တာရှိသလို မအောင်မြင်တာတွေ exchange ပေါ်ရောက်မှ ဖျက်ချခံရတာတွေ အများကြီးပါ။ ပြန်လည်ပြုပြင်ပြီး ရှေ့ဆက်ဘယ်လိုသွားမလဲ ဘယ်လိုပြုပြင်ရမလဲ ဘာတွေလိုလဲ update တွေဘယ်လိုပေးမလဲ ဆိုပြီး လုပ်ဆောင်လာရင်တော့ အခြေအနေကောင်းနိုင်ပါသေးတယ်။
ခုချိန်မှာ ဒီလောက်ပဲပြောနိုင်လို့ပါ။ MYD ဟာခုချိန် wallet အဆင့်ပဲရှိသေးတယ်။ ဈေးကွက်မမျှော်သေးပါနဲ့အုံး။ လိမ်တယ် ညာတယ်ဆိုတာတွေ ကျွန်တော်တစ်ခုမှ မပြောခဲ့ပါ။ ကိုယ်ပိုင်သာ စဉ်းစားသင့်ပါကြောင်း။

ကျွန်တော်မြင်တဲ့ MYD | Ecency