FBS မှာ Crypto trading လုပ်ဖို့ ဖြုတ်ပစ်တာလား?

Words
52
Reading
1 min
Listen
Play
5y

screenshot_7.png

ဒီနေ့ အရာရာအဆင်မပြေတာနဲ့ trading ပြန်လုပ်ကြည့်မယ်ဆိုပြီး fbs အကောင့်လေးဖွင့် ဘာမှမကြည့်ပဲ deposit တင်လိုက်တယ်။ ငွေလည်းဝင် အရောင်းအဝယ်လုပ်မယ်ဆိုတော့ crypto အုပ်စုတွေရှာမတွေ့တော့ဘူး။ အရင်ဆို btc/usd, eth/usd, ltc/usd အတွဲတွေပါဝင်ပြီး အခု ရေနံတွေ၊ ရွှေတွေ၊ crypto တွေမတွေ့ရတော့ဘူးဗျာ။ ထည့်လို့ရတယ်ဆိုရင်လည်း ဘယ်လိုပြန်ထည့်ရလဲပြောပေးကြပါအုံး။ ခုတော့ အပေါ်ကပြထားတာ usd/jpy အတွဲပါ။ မရှိတော့ ရှိတာစမ်းသပ်ကစားနေပါတယ်။ လုပ်ဖူးသူများ၊ အတွေ့အကြုံရှိသူများပြောပေးကြပါအုံး မကစားတာ နှစ်နှစ်လောက်ရှိပြီခုမှပြန်စမ်းကြည့်နေတာပါ အရှုံးတွေလည်းများခဲ့တာကိုဗျာ။ ခုရက်ပိုင်း btc ဈေးက အတက်အကျကြမ်းတော့ စိတ်ဝင်စားသွားတယ်လေ။ ဒါနဲ့ trading မယ်ဆိုပြီးဝင်လိုက်တာ ရှာမတွေ့။ အဖြစ်ကအဲလိုပါဆို။ splinterlands ကိုတော့ ဒီနေ့မှပဲ ကစားလို့ရပါတော့တယ်။ အရင် လေးရက်လောက်ကစားလို့မရဖြစ်ခဲ့ပါတယ်ဗျာ။

FBS မှာ Crypto trading လုပ်ဖို့ ဖြုတ်ပစ်တာလား? | Ecency