Credit to google.
ငယ်ငယ်တုန်းက ဒီနေ့လိုညမျိုးဆို တော်တော်ပျော်နေပြီ။မနက်ဖြန်ဆို သင်္ကြန်ကျပြီလေ။ရေပက်လိုက် စတုဒီသာကျွေးတာ လိုက်စားလိုက်နဲ့ အပျော်ကြီးပျော်ပေါ့။ငယ်ငယ်တုန်းကတော့ ဘာအတွေးမှလဲ မရှိတော့ စိတ်လွတ်လက်လွတ်ပျော်နိုင်တယ်။အခုအသက် တစ်နှစ်ကြီးလာလေ သူများတွေ ပျော်နေတာဘဲကြည့်ပြီး ကျေနပ်နေချင်တော့တယ်။တစ်ချို့အသက်ကြီးပိုင်းတွေကျတော့ပိုဆိုးသွားပြီး။သင်္ကြန်ရှောင်ဖို့ ဘယ်နေရာသွားလိုက်အုံးမယ်တို့၊တရားစခန်းဝင်လိုက်အုံးမယ်တို့နဲ့ တစ်ယောက်တစ်မျိုးစီပေါ့။ကိုယ်မြင်တာပြောရရင် ငယ်ငယ်တုန်းကတော့ ပျော်ဖို့ဘဲသိတယ်။နည်းနည်းလေးအသက်ကြီးလာလေ ခံစားချက်ကနည်းနည်းပြောင်းသွားပြီ။ကိုယ်မရောက်သေးတဲ့ အသက်ကြီးပိုင်းကျတော့ ရှောင်ဖို့လုပ်ကြပြီ။ဒါတွေကလည်း ဘဝမှာ ဖြတ်သန်းလာခဲ့တာတွေ၊ကြုံခဲ့ရတာတွေ အခြေခံပြီး ပြောင်းလဲသွားတာဖြစ်မှာပေါ့။ဘယ်လိုဘဲဖြစ်ဖြစ် သင်္ကြန်ဆိုတာ မြန်မာတွေအတွက်နှစ်ကူးဆိုတော့ နှစ်သစ်အတွက် ရည်မှန်းချက်အသစ်၊စိန်ခေါ်မှု အသစ်တွေကို အောင်မြင်ပြီးမြောက်ဖို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။