စကားအရာ သတိထားပါ

Words
58
Reading
1 min
Listen
Play
8y

C30FD0A1-CAAD-49EE-89A1-BC5572824FF4.jpeg
Credit to google.
မင်းပြသနာကို တခြားလူတွေပြောပြမယ်ဆိုရင် ၂၀ရာခိုင်နှုန်းက ဂရုမစိုက်ပါဘူး။၈၀ ရာခိုင်နှုန်းက ကြိတ်ဝမ်းသာနေပါမယ်တဲ့။ဒီလိုမျိုးတွေ ကျွန်တော်တို့ ဖြတ်သန်းရမယ် ဘဝတလျှောက်လုံး ကြုံရမှာပါဘဲ။သူငယ်ချင်း အပေါင်းအသင်းများရင် များသလို၊နည်းတဲ့သူကလည်းနည်းသလို ပြောဆိုဆက်ဆံရင်း၊တခါတလေလည်း သူစိမ်းနဲ့ ပြောဆိုဆက်ဆံရင်း ဒီအပေါ်က စာသားလေးလိုအနည်းနဲ့ အများတော့ ကြုံရမှာပါ။အဲဒီတော့ ကိုယ်စကားကိုယ် သတိထားဖို့ လိုပါတယ်။ကိုယ်က ကိုယ့်ပြသနာပြောပြလို့ တဘက်က စာနာပြီး ကူညီမယ်လို့မှန်းထားပေမဲ့ ကိုယ်ပြောတဲ့စကား အပေါ် အခွင့်ကောင်းယူပြီး ချောင်ပိတ်ရိုက်ဖို့ စောင့်နေတဲ့သူတွေ ရှိတယ်ဆိုတာ သိနေဖို့လိုပါတယ်။ဒါကလည်း ဒီအတိုင်းပြောရင် သိပ်သဘောတော့ မပေါက်ချင်ဘူး။ကိုယ်တွေ့လည်းကြုံ၊ကြုံတဲ့ အပေါ်မှာ သင်ခန်းစာ ယူနိုင်ရင်တော့ အကောင်းဆုံးပေါ့။ကောင်းတဲ့လူလည်းရှိနိုင်ပါတယ်။ဒါပေမဲ့ လူတိုင်းတော့ မဟုတ်ဘူးပေါ့။တခါတလေ ကိုယ်က ကိစလေးလို့ထင်ပြီး အမှုမဲ့အမှတ်မဲ့ နေလိုက်လို့ နောက်မှ အကြီးအကျယ်ပြသနာကြီးဖြစ်လာစရာတွေလည်းရှိမယ်။နောက်ဆုံးတော့ ရွှေသမင်ဘယ်ကထွက် မင်းကြီးတောကထွက် ဆိုသလို ကိုယ့်ရှုးကိုယ်ပတ်တဲ့ အဖြစ်မျိုး မဖြစ်စေဖို့သတိပေး ရေးသားလိုက်ရပါတယ်။

စကားအရာ သတိထားပါ | Ecency