Ready Player One နဲ့တွေးမိတာလေးတွေ

Words
207
Reading
1 min
Listen
Play
8y

6AA5D72A-5EDC-40BF-80F0-1BBB1F34DB85.jpeg
Credit to google.
ဒီနေ့ကြည့်ဖြစ်တဲ့ ဇာတ်ကားနဲ့ ကျွန်တော့်အမြင်လေးကိုပြောပြချင်ပါတယ်။ဇာတ်လမ်းအမည်လေးကတော့
Ready Player One ပါ။Science Fiction အမျိုးအစားပါ။ ဒီကားကို နာမည်ကြီး ဒါရိုက်တာ Steven Spielberg ရိုက်ကူး ထားတာပါ။ဒီဇာတ်ကားကို စိတ်ဝင်စားတဲ့ နောက်တချက်က မြန်မာပြည်ဖွား ဂျပန်မှာ နေတဲ့ မိုရီဆာကီဝင်း ခေါ် အဝင်း သရုပ်ဆောင်ထားတာ ကြောင့်လည်းဖြစ်ပါတယ်။ဂျပန်ပြည်မှာ ထူတောင်ထားတဲ့ Primax ဂီတ အဖွဲ့ရဲ့ အဖွဲ့ဝင် တစ်ဦးလည်း ဖြစ်ပါတယ်။ 64346C45-31B3-434D-B25D-66A302287DB6.jpeg
Credit to google.
D34047BE-9070-4F25-8E90-4BE459A2366A.jpeg
Credit to google.
အနာဂတ်မှာ လူသားတွေ နေထိုင်မဲ့ နေထိုင်မှု ပုံစံကို ဖော်ကျူးထားတာပါ။ Virtual reality နည်းပညာကို Game program နဲ့တွဲပြီး ဖန်တီးထားတာပါ။
BC5B6E04-FF60-450E-90C5-84FE88747489.jpeg
Credit to google.
နည်းပညာ company ကြီးတစ်ခုက ဖန်တီးထားတဲ့ Game Program တစ်ခုမှာ ဝင်ရောက် ကစားသူ လူတွေက အရေးကြီးတဲ့ သော့ ၃ချောင်းကို ရှာဖွေပြီး Easter egg လို့ ခေါ်တဲ့ ဆုရအောင် ကြိုးစားကြရတာပါ။အရင်ကပေါ်ခဲ့တဲ့ ပိုကီမွန် Game ကိုအဆင့်မြှင့်ပြီးကစားတာမျိုးပေါ့။ပိုကီင်္မွန်က ဖုန်းလေးနဲ့ အပြင်မှာ တကယ်မမြင်ရတဲ့ အကောင်လေးတွေ လိုက်ရှာပြီး Reward လိုက်ယူတာပေါ့။ အခုက ဒီ့ထက် အဆင့်မြှင့်ပြီး အပြင်ထွက်စရာမလိုဘဲ ကိုယ့် အခန်းကနေဘဲ ကစားပြီး Reward ရှာကြတာပါ။ ကိုယ်ကြိုက်တဲ့ ဇာတ်ကောင်ဖန်တီးပြီး Virtual world ထဲမှာ တွေ့ဆုံ စကားပြောတာတွေ လုပ်ကြတာပေါ့။
C5FAC4F0-FAF1-40FA-B6BE-3C52FB2B0901.jpeg
Credit to google
အဲ့ဒီမှာ စည်းကမ်းချက်က တကယ့်အစစ်အမှန် နာမည် မသုံးဘဲ Nick name ကိုသုံးပြီး ဆက်ဆံရတာပေါ့။ အဲဒီ့ကားကြည့်ပြီး Virtual reality ရယ် game program ရယ် crypto coin တွေရယ်ပေါင်းပြီး ပုံရိပ်ယောင်လောက (virtual world) မှာ အကြီးအကျယ် ငွေကြေးရှာဖွေ နိုင်တယ်ဆိုတာ တွေးမိတယ်။ အခုအချိန်မှာ VR နည်းပညာက တော်တော်ကို develop လုပ်လာကြပြီ။ နောက်တစ်ချက်က ကျွန်တော်တို့သုံးနေတဲ့ steemit လိုပေါ့။Steemit ဆိုတဲ့ social platform တခု တည်ဆောက်ပြီး Postsတွေတင် voteတွေပေး၊rewardယူ သလိုဘဲ အခုဒီကားမှာလည်း game programတခုဆောက်၊အဲ့ဒီ့ထဲကို လူတွေကဝင် join၊ virtual world ထဲမှာ တိုက်ကြခိုက်ကြနဲ့ rewardတွေယူ၊ သူရဲ့ အားသာချက်က ရုပ်လည်းမြင်ရမယ်၊ အသံတွေလည်းကြားရမယ် ပြီးတော့ လှုပ်ရှားလို့လည်းရတယ်။ တစ်ယောက်နဲ့တစ်ယောင် ဆက်သွယ်လို့လည်းရတယ်ပေါ့။ တကယ်သာဒီလိုဖြစ်ရင် လူတွေလည်း virtual world ကနေကိုထွက်လို့ရမှာ မဟုတ်တော့ဘူး(မှတ်ချက် ထမင်းဆာရင်တော့အပြင်လောကထဲ ပြန်ဝင်ရမှာပေါ့)။
2D8164C0-F126-447A-8C72-40FEB4A15196.jpeg
Credit to google.
Virtual world ဆိုတာ ကိုယ့်စိတ်ကြိုက် programဆွဲပြီး လုပ်ချင်သလို လုပ်လို့ရနေတော့ တော်တော်လေးကို ဆွဲဆောင်နေသလိုဖြစ်နေတာပေါ့။ အခုကျွန်တော်တို့တွေ Facebook ဆိုတဲ့social media တောင် ဖုန်းလေးတွေ လက်ကမချနိုင်ဖြစ်နေတာ ရုပ်လည်းမြင်၊အသံလည်းကြား၊ပိုက်ဆံပါရှာလို့ရလာရင်တော့ ဒီVirtual worldထဲမှာဘဲ တဝဲလည်လည်ဖြစ်မှာမြင်ယောင်မိပါတယ်။ အဲဒီတော့ ဟုတ်မဟုတ်သိရအောင် ကိုယ်တိုင်ကြည့်ပြီး ဆုံးဖြတ်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်။

Ready Player One နဲ့တွေးမိတာလေးတွေ | Ecency