မျှော်လင့်ခြင်း Steemit

Words
107
Reading
1 min
Listen
Play
9y

image
Credit to Google

ဘာလိုလိုနဲ့ steemit platform ပေါ်ရောက်တာ ၅ရက် မြောက်နေ့ ရှိလာပြီ။ တစ်နေ့တစ်နေ့ Post တင်ဖို့ တော်တော်စဉ်းစားရပါတယ်။ အမှန်အတိုင်းပြောရရင် ကျွန်တော် စာရေးတာ တော်တော် အလေ့အကျင့်နည်းပါတယ်။ ဒါပေမဲ့ ဒီPlatform မှာက Post လေးတင်လိုက်၊ vote လေးတွေ ပေးလိုက်နဲ့ $ လေးတွေ တတ်နေတော့ အားရှိစရာဘဲ။ Post တင်မယ်ဆိုတော့ ဒီအတိုင်း Post ဖြစ်ရင် ပြီးရောလဲ မတင်ချင်ဘူး။ ဘာလို့လဲဆိုရင် ကိုယ့် Blog မှာ ကိုယ်ပြန်ကြည့်ရင်ဘဲဖြစ်ဖြစ် သူများလာလည်ရင်ဘဲ ဖြစ်ဖြစ် အဆင်ပြေပြေ ဖြစ်စေချင်တယ်။ နောင်တစ်ချိန်ကျရင်လဲ ကိုယ့် Posts တွေကို ကိုယ်ပြန်ကြည့် ပြီး ကိုယ့်ကိုယ်ကို ဆုံးမလို့ ရတာပေါ့။ တစ်ခါတစ်လေ စဉ်းစားမိတယ်၊ ကျွန်တော် Facebook သုံးလာတာ ၇နှစ် ၈နှစ်လောက်ရှိပြီ။ Steemit Platform မှာ အဲ့လောက်နှစ်ဆိုရင် တော်တော်တန်ဖိုးရှိပြီလို့ တွေးမိတယ်။Post လေးတွေ တင်လိုက်၊ သူများတွေကို လိုက် voteလိုက်၊ SPတွေ ကိုယ်တတ်နိုင်သလောက် စုလိုက်နဲ့ ဆိုရင် မဆိုးသလိုဘဲ (မှတ်ချက် Steem ဈေးမကျသွားရင် ပေါ့လေ)။ နောက်ဆိုလဲ ကျွန်တော် အဆင်ပြေရင် ကျွန်တော်နဲ့ သိတဲ့ သူတွေကိုလဲ သုံးဖို့ တိုက်တွန်းမိမှာပါ။ Steemit Platform ကို Beta Version ကနေ တကယ့် version ဖြစ်လာပြီး Steem နဲ့ SBD ဈေးတွေလဲ အခုထက်မက တတ်ပါစေလို့ မျှော်လင့်ရင်း။

မျှော်လင့်ခြင်း Steemit | Ecency