ကြုံတွေ့ခဲ့တာတချို့

Words
94
Reading
1 min
Listen
Play
8y

26600FA0-B573-4AFE-8975-C403B618443E.jpeg
Credit to google.
ကျွန်တော် ကရင်ပြည်နယ်ဘက်မှာ နေခဲ့တုန်းက အခုကျိုးသွားတဲ့ မြောင်းမြတံတားလို မြစ်ကူးတံတားတွေဖြတ်ခဲ့ဖူးတယ်။အဲဒီဘက်ဒေသက ဆိုင်ကယ်အားပြုစီးတော့ ကိုယ်တွေလည်းအများသူဌာလို ဆိုင်ကယ်နဲ့ပေါ့။ အဲဒီတံတားတွေပေါ်က ဖြတ်ခါနီးဆို ကြောက်စိတ်တွေဝင်လာတယ်။ဘာလို့လည်းဆိုတော့ တံတားကြမ်းခင်းတွေက အောက်ကပုံမှာပြထားတဲ့အတိုင်း မြောင်းလိုင်းတွေနဲ့။
C7AECA5D-AFEB-43B8-964F-50C313D68F2F.jpeg
Credit to orginal uploader.
အဲဒီလိုင်းတစ်လိုင်းနဲ့တစ်လိုင်း ကြားကခပ်စိပ်စိပ်မဟုတ်တော့ ဆိုက်ကယ်နဲ့ဖြတ်ပြီဆို ဆိုင်ကယ်လက်ကိုင် ကို အတင်းကိုဆုတ်ကိုင်ပြီး ငြိမ်နေအောင်ထိန်းရတယ်။မဟုတ်ရင် ဆိုင်ကယ်က ဟိုဘက်ယိမ်းလိုက် ဒီဘက်ယိမ်းလိုက်နဲ့ မှောက်ဖို့တော်တော်နီးတယ်။ဆိုင်ကယ်ဘီးလေလျော့ နေရင်ပိုဆိုး။စက်ဘီးတာယာဆို မြောင်းကြားထဲ ကျရော။အဲ့တော့စက်ဘီးဆိုတွန်းသွားရတယ်။ပြထားတဲ့ပုံမှာတော့ စက်ဘီးလမ်းလေးလုပ်ထားပုံ ရတယ်။အဲ့ဒီတုန်းက တံတားပေါ်ဖြတ်တဲ့ ကရင်ကြီးတစယောက်ကြောင်း ရယ်စရာအနေနဲ့ ကြားခဲ့ဘူးတယ်။သူဆိုင်ကယ်စီးပြီး တံတားပေါ် ဖြတ်ကတည်းက တဘက်ကမ်းက လူတွေက ရပ်ပြီး စောင့်နေရတယ်။ဘာလို့လဲဆိုတော့ သူက တံတားလမ်းအပြည့် ဟိုဘက်ယိမ်းလိုက် ဒီဘက်ယိမ်းလိုက်နဲ့ ဟိုဘက် အခြမ်းက လူတွေ ကိုလည်း လက်မြှောက်ကာထားပြီး ဘယ်သူမှ မဖြတ်နဲ့အုံး။သူဖြတ်ပြီးမှ ဖြတ်ဆိုတဲ့ ပုံနဲ့လာနေတော့ ဘယ်သူမှ မဖြတ်ရဲဘူး။သူဒီဘက်ကမ်းရောက်မှ တခြားသူတွေ တံတားပေါ်ဖြတ်ကူးကြတယ်လို့ကြားခဲ့ ဘူးတယ်။ကျွန်တော်လည်း အဲဒီတုန်းက တံတားပေါ်ဖြတ်တိုင်း စဉ်းစားမိတယ်။ ဒီတံတားကြမ်းခင်းကို သံပြားဖြစ်ဖြစ်၊အခင်းတခုခုနဲ့ ခင်းပေးထားရင် ဖြတ်ကူးတဲ့သူတွေလည်းအစဉ်ပြေကြမှာဘဲလို့ တွေးခဲမိတယ်။ဒါပေမဲ့ ကျွန်တော် အဲဒီဒေသက ပြောင်းရွေ့လာခဲ့တဲ့အထိတော့ အဲဒီအတိုင်းဘဲ။
CCD8092C-02C2-47C9-87AD-8B0AAEC2F6D2.jpeg
Credit to orginal uploader.
အခု မြောင်းမြတံတားတွေ့မှ ကရင်ပြည်နယ်ဘက်က တံတားတွေကို ပြန်မြင်ယောင်မိတယ်။ အဲဒီတံတားတွေလည်း ခိုင်ခိုင်ခံ့ခံ့ ရှိပြီး တံတားပေါ် ဖြတ်ကူးတဲ့လူတွေလည်း ဘေးကင်းပါစေလို့ မျှော်လင့်ပါတယ်။

ကြုံတွေ့ခဲ့တာတချို့ | Ecency