This content got low rating by people.

မော်ရင်ဟိုကြားက

Words
99
Reading
1 min
Listen
Play
8y

ပေါ့ဘာနဲ့မော်ရင်ဟိုကြား ဆက်ဆံရေးနဲ့ပတ်သက်ပြီး အမျိုးမျိုးပြောဆိုလျက်ရှိတဲ့အပေါ် ချယ်ဆီး အသင်းကစားသမားဟောင်း ဒရော့ဘာက မှားယွင်းကြောင်း ထောက်ပြပြောဆိုခဲ့ပြီး မော်ရင်ဟိုဟာ ပေါ့ဘာဘက်မှ ရပ်တည်ပေးသူဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ မော်ရင်ဟိုချယ်ဆီးအသင်းကို နည်းပြအဖြစ် တာဝန်ယူခဲ့တဲ့ (၂)ကြိမ်စလုံးမှာ ဒရော့ဘာဟာ ချယ်ဆီး အသင်းရဲ့ ကစားသမားအနေနဲ့ ကစားခဲ့သူဖြစ်ပါတယ်။ “ ကျွန်တော်တို့ကြားမှာ ဒီလိုဆက်ဆံရေးမျိုး တစ်ကြိမ်မက ကြုံတွေ့ခဲ့ဘူးပါတယ်။ ဒါပေမယ့် မော်ရင်ဟိုက သူမကြိုက်တဲ့ သူတစ်ယောက်ကို တိုက်ခိုက်မယ့်သူမျိုးမဟုတ်ပါဘူး။ သူ ပေါ့ဘာကို အရမ်းကြိုက်တယ်။ ဒါကြောင့်လည်း ပေါ့ဘာကို သူ တာဝန်တွေအများကြီးပေးထားတာပေါ့။ ”လို့ ဒရော့ဘာက ပြောကြားခဲ့ပါတယ်။ ပေါ့ဘာနဲ့ မော်ရင်ဟိုကြားမှာ အစိုင်အခဲတွေဖြစ်နေပြီး စကားမပြောနိုင်လောက်တဲ့ အခြေအနေ ဖြစ်နေကြောင်း သတင်းတွေ ပေါ်ထွက်လာချိန်မှာပဲ ဒရော့ဘာက ယခုလိုပြောကြားခဲ့တာဖြစ်ပါ တယ်။
image
ပေါ့ဘာဟာ ဘရိုက်တန်အသင်းကို (၂)ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ FAဖလား ကွာတားဖိုင်နယ် ပွဲစဉ်မှာ အရန်ခုံမှာသာထိုင်နေခဲ့ရသလို ၊ ဆီးဗီးလားအသင်းကို (၂)ဂိုး (၁)ဂိုးနဲ့ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ် မှာလည်း လူစားဝင်ကစားသမားအနေနဲ့သာ ပါဝင်ကစားခဲ့တာဖြစ်ပါတယ်။ ပေါ့ဘာဟာ ယခင်က နည်းပြကြီး ဖာဂူဆန်လက်ထက် ၂၀၁၁-၁၂ ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက်အသင်း ကစားသမားအဖြစ် ပထမတစ်ကြိမ်ကစားခဲ့ပြီး မော်ရင်ဟိုရောက်ရှိခဲ့တဲ့ ၂၀၁၆ ခုနှစ်မှာ ဒုတိယအကြိမ်အဖြစ် အသင်းကိုပြန်လည်ရောက်ရှိခဲ့တာလည်းဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ ၂၀၁၆-၁၇ ဘောလုံးရာသီမှာ League Cup ၊ ယူရိုပါလိဂ်တွေမှာ ချန်ပီယံဖြစ်ခဲ့ပေမယ့် ယခုရာသီမှာတော့ FA ဖလားတစ်ခုသာလျှင် ဖြစ်နိုင်ချေရှိတဲ့ မျှော်လင့်ချက် ဖြစ်ပါတယ်။

မော်ရင်ဟိုကြားက | Ecency