This post is from a low-reputation account and contains an unverified outbound link. Be cautious before clicking external links.

A bout of 2 People

naraya(25)
Published in
#credit
Words
57
Reading
1 min
Listen
Play
9y

 ကဲ ဖြိုးမနေ့က ပြောပြမယ်လို့ ပြောထားတဲ့ လူနှစ်မျိုးအကြောင်းအခု ပြောပြမယ်နော်။အခုခေတ်မှာလူတိုင်းသူငယ်ချင်းတွေအများကြီးရှိကြတယ်တစ်နေ့တစ်နေ့မိတ်ဆွေဖွဲ့တဲ့ဦးရေမနည်းပါဘူး Facebook ပေါ်မှာကသူငယ်ချင်းထောင်ချီပါပဲ။အဲဒီအများကြီးထဲက ကိုယ်အတွက်တကယ်ကောင်းတဲ့မိတ်ဆွေကိုရွေးချယ်ခင်မင်တတ်ဖို့အရေးကြီးလာပါတယ်။ ဆိုတော့ဖြိုးဖြိုးသုံးတဲ့နည်းကတော့ ခံယူချက်တစ်ခုက လောကကြီးမှာ လူနှစ်မျိုးပဲရှိပါတယ်။ တစ်မျိုးကတော့ သိတာခင်တာကြာလေလေ ပိုချစ်ခင်နှစ်လိုဖွယ်ကောင်းလာလေလေဖြစ်ပြီး တစ်မျိုးကတော့ ပေါင်းသင်းတာ ကြာလေလေ စိတ်ညစ်စရာပိုကောင်းပြီး စိတ်အနှောင့်အယှက်ဖြစ်ရလေလေပါပဲ။ အပေါင်းအသင်းဆိုတာ လှပဖို့၊ ပိုက်ဆံရှိဖို့၊ ဂုဏ်ရှိဖို့ထက် ဘယ်လိုစိတ်ထားပြည့်ဝပြီး သူငယ်ချင်းကောင်းပီသစွာ ကိုယ်လိုအပ်တဲ့အချိန်မှာ ရပ်တည်ပေးလဲဆိုတာပါပဲ။ ဘဝခရီးလမ်းကြီးကိုလျှောက်လှမ်းတဲ့အခါ ပထမတစ်မျိုးလို သူငယ်ချင်းတွေကိုယ့်ဘေးမှာ များများရှိမယ်ဆိုရင် ဘဝမှာ ဘယ်လောက်ပဲအနိမ့်အမြင့်အတက်အကျကြုံကြုံ ပေါ့ပေါ့ပါးပါးဖြတ်သန်းဖို့ ပိုလွယ်ကူပါလိမ့်မယ်။ ဒုတိယတစ်မျိုးကတော့ ကိုယ့်ဘေးမှာရှိနေရင်တောင် ကိုယ့်ကိုစိတ်အနှော်အယှက်ဖြစ်စေတဲ့သူမျိုးဆိုတော့ အဲ့လိုသူငယ်ချင်းနည်းလေလေကောင်းလေလေပါပဲ။ဒါကြောင့် ပထမတစ်မျိုးလိုစိတ်ထားကောင်းတဲ့မိတ်ဆွေတွေများများရှိအောင်ပေါင်းသင်းဆက်ဆံပါလို့ အကြံပြုပါတယ်။😘😘🙏

Phyo Phyo Aungသည် Australia 🇦🇺 University of SydneyမှာBusinessနှင့်Psychologyဘွဲ့ရပြီး Psychology masterအတွက်ပြင်ဆင်နေပါတယ်။ဖြိုးဖြိုးကသူများကိုမျှဝေရတာအရမ်းကြိုက်ပြီး မြန်မာပြည်ကသူငယ်တွေကိုနိုင်ငံတကာအသိပညာဗဟုသုတတွေကိုကိုယ်သိသလောက်အားလုံးကိုပြောပြချင်သည့်အတွက်ဒီpageကိုစခဲ့ပါတယ်။ ကျေးဇူးအများကြီးတင်ပါတယ်။ တခြားသူငယ်ချင်းတွေနဲ့လဲဒီPageလေးကိုမျှဝေပေးပါဦးနော်😊😊😊။
#phyophyoaung#foodforyourbrain

A bout of 2 People | Ecency