Valentine's day

Words
61
Reading
1 min
9y
Listen to this post
~1 min

ဗယ်လင်တိုင်းဒေး

image

ဖေဖေါ်ဝါရီ (14)ရက်မှာ ပျော်ရွှင်နေသူတွေကြည့်ပြီး ကြေကွဲနေသူတစ်ယောက်ရှိနေတယ်ဆိုတာကို ဘယ်သူသိနိုင်မလဲဗျာ။ ပြုံးပျော်နေသူတွေရဲ့အဝေးမှာ ဒီဖေဖေါ်ဝါရီ(14)ရက်ကို ခါးခါးသီးသီးနဲ့နာကြင်မုန်းတီးနေမိတဲ့သူတစ်ယောက်ရှိတယ်ဆိုတာ ဘယ်သူကများရိပ်မိပါ့မလဲ။ အေးမြတဲ့ဆောင်းညမှာ မအိပ်စက်နိုင်ဘဲ ဝမ်းနည်းပူဆွေးရခြင်းတွေက ရင်အစုံကိုပူလောင်စေပါတယ်ချစ်သူ။ ချစ်သူလို့ခေါ်ခွင့်မရှိပေမယ့် ရင်ထဲကတိတ်တခိုး မြတ်နိုးမှုတွေက စီးဆင်းလာစေတဲ့ မသိစိတ်ရဲ့ စေခိုင်းချက်မို့ ခွင့်ပြုပေးပါချစ်သူ။ အားလုံးကကြည်းနူးပျော်ရွှင်ခွင့်တွေ ယုယကြင်နာခြင်းတွေကြားမှာ မွမ်းမံထုံလွှမ်းနိုင်ပေမယ့် ကျွန်တော်တစ်ယောက် ခြေဦးတည့်ရာသွားနေမိတယ် ။( လေလွင့်နေဆဲပါချစ်သူ။ ) ငါလေလွင့်ဆဲပါ .. . . . . .။
image


အလွမ်းတွေချွေချဖို့
ငါ့ရင်အစုံကိုဖွင့်ဟ ရင်နာသမျှမင်းသိပ့ါစေ
အိပ်မက်တွေဆက်တူးရင်း ငါ့ညတွေမိုးအလင်း
ကောင်းကင်ဓူဝံကို ဆွတ်ခူးရင်းပေါ့
ငါ့ရင်မှာ အလွမ်းတွေဝေနေတုန်း
မြောက်ပြန်လေ ဆော့ပြေးရင်းက
ဟော. . .
ငါအလွမ်းတွေကို ခါခါချကြ။ ။

image

photo credit google image

author by nannhtike@nannhtike

Valentine's day | Ecency