အသံမစဲ မဟာဋ္ဌာန်းပူဇော်ပွဲတွင် ဆွမ်းကပ်လှူပူဇော်ခြင်းအပိုင်း(၂)
အချိုပွဲအတွက် စပျစ်သီးဝယ်ဖို့ အတွက် ဈေးလှည့်ပတ်မေးကြတယ်။
တစ်ဖာကို ၁၁၀၀၀ိ/ ၄ပိဿပါတယ်တဲ့။ အပေါ်ကနေကြည့်တော့အ
သီးလေးတွေကတော်တော်လေးလှတယ်။ ရောင်းတဲ့အမကြီးကလည်း
စကားတွေပြောနေတာရွှန်းရွှန်းဝေနေတာဘဲ။ ကိုယ်ကလည်းလူလည်
လေ ဘယ်ရမလဲ။ အစ်မကြီး ဖာကိုအောက်ထဲလှန်ပြပါဦးလို့ဆိုတော့
ဘေးကနေခပ်စောင်းစောင်းလေးဘဲလှန်ပြတယ်။ အထဲကို မမြင်ရဘူး
ကိုယ်ကလည်းလှမ်းကြည့်လိုက်တယ်။ အတည်ပေါက်နဲ့အထဲကအလုံး
တွေမြင်တာလိုဘာလိုလိုနဲ့ ဟုတ်ကဲ့ရပါပြီပေါ့။ အဲတာနဲ့ ၀ယ်ခဲ့လိုက်
တယ်။ သူငယ်ချင်းရေ ငါ့သားလေးကလည်းသိပ်ကြိုက်တာ ။ ငါလည်း
တစ်ဖာလောက်ဝယ်ခဲ့ဦးမယ်ဆိုပြီး စုစုပေါင်း (၂)ဖာဝယ်ခဲ့လိုက်တယ်။
ဈေးခြင်းတောင်းကိုသူကသယ် ကိုယ်က သပျစ်သီးဖာ(၂)ဖာထမ်းခဲ့ပြီး
တော့ ကိုယ့်ကောင်ရေ နေကအရမ်းပူနေတယ်။ ဒို့နှစ်ယောက်ထဲနဲ့
ထပ်ပြီးတော့မနိုင်တော့ဘူး ပစ္စည်းတွေကို ကားစီသွားထားရအောင်
လို့ပြောပြီး နှစ်ယောက်သား ပစ္စည်းတွေ သယ်လာကြတယ်။
ချွေးတွေကလည်း ရွှဲနစ်နေပြီ ကိုယ်ခန္ဓာကိုယ်အနံ့တောင် မခံချင်တော့
ဘူး။ကားဆီရောက်တော့ သူငယ်ချင်းအစ်ကိုကြီးက ရောက်နှင့်နေပြီ
ခင်ဗျားက ဘယ်ပျောက်သွားတာလဲ။ ကျွန်တော်တို့ မှာ မနည်းသယ်
လာရတာ။ အကူလေးရမလားလို့ ခေါ်လာပါတယ်ဆိုမှ။ ငါမင်းတို့ကို
ဖုန်းဆက်သေးတယ်။ မကိုင်ကြဘူး။ အင်းပါလေ။ ကဲ ကဲ ခဏနားပြီး
ရင် ထမင်းသွားစားကြမယ်။ ဗိုက်လည်းဆာလာပြီလေ ဆိုတော့ သူ
ငယ်ချင်းအစ်ကိုကြီးက သူခါတိုင်းသွားစားနေတဲ့ဆိုင်ရှိတယ်ဆိုပြီး
ရှေ့ကနေထွက်သွားတယ်။
ဈေးချိုမြောက်ဘက် အထပ်ကိုတက်သွားတယ်။ လှေကားက နှစ်ဆင့်
လောက်တက်ရတယ်။ ဗိုက်ကလည်းအရမ်းဆာနေပြီလေ ။ မထူးဘူး
ခဏနေရောက်တော့မှာ အားတင်းပြီးတက်လာခဲ့တယ်။ အပေါ်ထပ်
လည်းရောက်ရော အဲထမင်းဆိုင်ကပိတ်ထားတယ်။ အနားကဆိုင်
တစ်ဆိုင်ကိုမေးကြည့်တော့ ဒီနေ့သူတို့ပိတ်တယ်တဲ့။ ခဏနေ ၂ နာရီ
ခွဲလောက်နေရင် အားလုံးပိတ်တော့မှာ။ ဒါနဲ့ နောက်ထပ်ဆိုင်တစ်ဆိုင်
ထပ်ရှာကြည့်တယ်။ အဲဆိုင်ကလည်းပိတ်ထားပြန်တယ်။ ထမင်းမှ
စားနေပြီဆိုကာမှ မတွေ့ဘူးဖြစ်နေတယ်။ ဒါနဲ့ လမ်း ဂ၁ လမ်းဘက်မှာ
ထမင်းဆိုင်တစ်ဆိုင်တွေ့တာနဲ့ ကားရပ်လိုက်တယ်။ သူငယ်ချင်းက
လည်း ဂျီးခပ်များများထင်တယ်။ ဆိုင်ကသန့်လားမသိဘူး။ ငါကြည့်
လိုက်ဦးမယ်ဆိုပြီးအရှေ့ကနေထွက်သွားတယ်။ ဘာနေနေစားမယ်
ဆိုပြီးတော့ ဆင်းလာခဲ့လိုက်တယ်။
ဆိုင်ထဲသူတို့ထိုင်နှင့်တဲ့နေရာဝင်ထိုင်လိုက်တယ်။ အပေါ်မော့ကြည့်
တော့ ပန်ကာမရှိတဲ့အောက်မှ လာထိုင်နေကြတယ်။ ဟျောင့် ဘာလို့
ပန်ကာမရှိတဲ့ အောက်မှာလာထိုင်ရတာလည်းပြောတော့ ။ ငါက ကား
ကိုလှမ်းမြင်လို့ရမယ့်နေရာ ရွေးထိုင်တာတဲ့။ အေးပါကွာလို့ ။ ဒီလိုနဲ့
ကိုယ်စားမယ့် ဟင်းလျာကို ရွေးပေးပြီး အစ်မရေ ကျွန်တော့ကိုလိုက်
ပွဲလေးတစ်ပွဲလောက်ချပေးပါလို့ပြောခဲ့လိုက်တယ်။ ကျွန်တော်ကထ
မင်းစားလို့ရင် အလျဉ်ပျက်သွားရင်သိပ်မစားတတ်ဘူး။ အဲတာကြောင့်
တစ်ခါတည်းလိုက်ပွဲမှာခဲ့လိုက်တယ်။ ဒီလိုနဲ့ ကျွန်တော်တို့ရဲ့နေ့လည်
စာကို ဆာဆာလောင်လောင်နဲ့မို့ထင်တယ် စားလို့ကောင်းလိုက်တာ။
msc-164
author @nannhtike
photo me and friend