ဆွမ်းကပ်​ပူ​ဇော်​ခြင်း အပိုင်း ၃

Words
230
Reading
2 min
8y
Listen to this post
~2 min
  • itemကြက်အူချောင်းကြော်ဖို့အတွက်ကို အိမ်မှာဘဲ အမြဲနီးပါးချက်ပြုတ်နေတဲ့
    ဘော်ဒါဆောင်သူငယ်ချင်း ဆရာ ကတာဝန်ယူပါတယ်။ သူကဒါမျိုးကျွမ်း
    ကျင်နေလှပြီလေ။ နေ့တိုင်းချက်ပြုတ်နေရတော့ ။ ဦးဆုံး ဆီ ၁၀ ကျပ်သား
    ခန့် ဒယ်အိုးထဲထည့်လိုက်တယ်။ ဆီကျက်လာပြီဆိုတော့ အိုးထဲကိုရေနည်း
    နည်း ထည့်လိုက်တယ်။ ပြီးတော့မှ ကြက်အူချောင်းကိုထည့်ပြီး ကြော်ပါ
    တော့တယ်။ ဟိုလှိမ့်လိုက် ဒီလှိမ့်လိုက်နဲ့ ပထမဆုံး ကြက်အူချောင်းကြော်
    တစ်ဒယ်အိုးပြီးသွားပါတယ်။ ဆယ်ယူခတ်ပြီး ဒန်အိုးအသစ်ထဲထည့်လိုက်
    ပြီးတော့ ဒီကောင်လေးနည်းနည်းအကျွမ်းလိုသေးတယ်။ နောက်ဒယ်အိုး
    ကျ နည်းနည်းလေး အကျွမ်းဘက်လုပြီးမှ ချလိုက်မယ်ပြောတယ်။ နောက်
    ဒယ်အိုးကျတော့ နောက်ကျမှ ချတော့ နည်းနည်းလေး မည်းသွားတယ်။
    တော်တယ်လို့ပြောရမှာဘဲ။ ကြော်ရင်းကြော်ရင်းနဲ့ ဆီကတိုးတိုးလာတယ်။
    FB_IMG_1525056220114.jpg

ဆီများနေတယ် ကြော်မကောင်းဘူး ဆီခတ်လိုက်ကြဦးဟ လို့ပြောတော့
ဆီတွေကို အကုန်နီးပါးခတ်လိုက်တယ်။ ထမင်းစားဇွန်း ၃ ဇွန်းဇာလောက်
ဘဲ ချန်ပြီး နောက်ထပ်ကျန်နေတဲ့ ကြက်အူကြောင်းတွေကို စတင်ပြီးကြော်
လိုက်ပါတော့တယ်။ ပြီးတော့ အငန်အတွက် ပါလချောင်ကြော် ကြော်ပါ
တယ်။ ဒါကိုတော့ သူငယ်ချင်းတစ်ယောက်ရဲ့မိန်းမက ကူညီပြီးတော့ ကြော်
ပေးပါတယ်။ ငရုပ်သီးကို သက်သက်ကြော်တယ်။ ပြီးတော့ ငါးပိကို သက်
သက်ကြော်ပါတယ်။
image
အအေးခံပြီးတော့မှ နှစ်ခုပေါင်းပြီး ရောမှာဖြစ်ပါတယ်။
ဒါကို သူငယ်ချင်းတစ်ယောက်က သိပ်မကြိုက်ချင်ဘူးဖြစ်နေတယ်။ အစပ်
နည်းတယ်။ ပေါ့တယ်လေးပေါ့။ သူက အားလုံး ကြက်သွန်ရော ၊ငရုပ်သီး
ရော၊ ငါးပိရောကို အတူတူပေါင်းစည်းချက်စေချင်တာ. ကဲပါကွာ မင်းက
လည်း ချက်ပြီးမှတော့ ထားလိုက်တော့ ။ ချက်ပြုတ်ပြီးကျတော့ မောပန်း
နေကြလေပြီ ။ သူငယ်ချင်းတွေဝိုင်းဖွဲ့ပြီး ငယ်ကျိုးငယ်နာဖော် ၊ရယ်စရာ
ဟာသတွေပြောလိုက်နဲ့ ပျော်စရာအလွန်ကောင်းကြပါတယ်။
ခဏနေတော့ အိပ်စက်အနားယူသူကယူပြီး ပူပြင်းတဲ့နေ့လည်ခင်းတစ်ခု
ကို ဖြတ်ကျော်နေက်ကြပါတော့တယ်။
FB_IMG_1525056215696.jpg

နေ့လည် ၄ နာရီလောက်ထိုးတော့ ဘုန်းကြီးကျောင်းကိုသွားပြီး ပန်းကန်
ပြားတွေ ဟင်းခတ်စရာတွေ ၊ရေနွေးဓါတ်ဘူးတွေ ၊ အစရှိတဲ့ မနက်ခင်း
အတွက် လိုအပ်တဲ့ အသုံးဆောင်ပစ္စည်း တွေကို ဆေးကြောသန့်ဇင်ဖို့
အတွက် သူငယ်ချင်းတွေကို ဖုန်းဆက်ခေါ်လိုက်ပါတယ်။ အားလုံးလူစုံ
ပြီဆိုတော့ ဘုန်းကြီးကျောင်းအပေါ်ထပ်က ပန်းကန်ပြားတွေ သိမ်းထား
တဲ့ဆီကိုသွားပြီး မနက်ဖြန်အတွက် လိုအပ်တဲ့ ပစ္စည်းတွေ အောက်ကိုချ
ပါတယ်။ မိန်းကလေးတွေကိုတော့ ဆေးကြောဖို့ နေရာယူကြပါတယ်။
မိန်းကလေးတွေ ဆေးကြောပြီးသား ပန်ကန်တွေကို ကျွန်တော်တို့တွေ
က ဆွမ်းကပ်ဖို့ ဓမ္မာရုံထဲ ကိုသယ်ယူပို့ဆောင်ပေးလိုက်ပါတယ်။ နောက်
စားပွဲခင်းတို့ လိုက်လံငှားပါတယ်။ ချက်ပြုတ်ဖို့အတွက် ထင်းတွေကိုမိုး
လွတ်ရာကိုရွှေ့သယ်ကြပါတယ်။ အခန်းထဲမှာ ကော်ဇော်ခင်းဖို့လည်းပြင်
ဆင်ပြီး နေရာများကိုသန့်ရှင်းရေးလုပ် တံမြတ်စည်းလှည်းခြင်းတို့ကျွန်
တော်တို့တွေ တာဝန်ယူလိုက်ပါတယ်။
FB_IMG_1525056243223.jpg

ညနေနေလေးတော်တော်စောင်းလာတော့ အာလူးပူတင်းအပ်ထားတာ
သွားရွေးပါတယ်။ အလုပ်တွေပြီးသလောက်ရှိပြီဆိုတော့ကိုယ့်အိမ်ကို
ပြန်ပြီးတော့ ရေမိုးချိုခြင်းအလုပ်ကိုလုပ်ဆောင်ကြပါတယ်။ ညအချိန်
ကျရောက်လာတော့ အိမ်က မဟေသီကို ငါဒီနေ့ ဘုန်းကြီးကျောင်းအိပ်
ချင်အိပ်မှာလို့ ပြောခဲ့တယ်။ မဟေသီကတော့ မအိပ်စေချင်ပါဘူး။ ကိုယ်
ကလည်းကိုယ်အကြံအစည်နဲ့ ကိုယ်ဆိုတော့ လည်း အိပ်ဖို့ဘဲ စိတ်အား
ထက်သန်နေပါတယ်။ ဘာအကြံအစည်လဲဆိုတော့ အဲလိုညပိုင်းဆိုရင်
သူငယ်ချင်းတွေ ဖဲရိုက်ကြပါတယ်။ နှစ်တိုင်းရိုက်ကြပါတယ်။ ရိုက်တိုင်း
လည်းရှုံးပါတယ်။ တစ်နှစ်ဘဲနိုင်ဘူးလိုက်တယ်။ ကျွန်တော်တို့တွေက
တစ်နှစ်လုံးနေမှ ဒီတစ်ကြိမ်သာ ဖဲဆော့ဖြစ်ကြပါတယ်။ ကျန်တဲ့နေ့တွေ
ဆို မဆော့ဖြစ်ကြပါဘူး။ ခါတိုင်းနှစ်တွေဆို သူငယ်ချင်းကိုဖြိုးကအမြဲ
တမ်းနိုင်နေကြပါ။ သူကပိုက်ဆံအားကောင်းတော့ လိုက်နိုင်တာလည်း
ပါတယ်။ ဒီနှစ်လဲ သူဘဲနိုင်သွားပါတယ်။ ကျွန်တော်ကတော့ တစ်သိန်း
လောက်ရှုံးသွားပါတယ်။ မိန်းမတော့ အသိမပေးပါဘူး။ ကိုယ့်ဘာသာ
ကိုယ် ထိုင်းငွေထဲကဘဲ သုံးစွဲရတာပေါ့လေ .

Msc-164
nannhtike@nannhtike
Photo friend and me

ဆွမ်းကပ်​ပူ​ဇော်​ခြင်း အပိုင်း ၃ | Ecency