ငါပြန်လာတဲ့အချိန်နင်ဟာ
တောင်းတန်းတွေကိုခေါ်ဆောင်သွားနှင့်ပြီ
ဝေးလွင့်ခြင်းကို ထမ်းပိုးဖို့ ငါ့အိပ်မက်ကို နိုးထစေခဲ့တယ်
ကြင်နာခြင်းဟာတိတ်တဆိတ်ထွက်ခွါချိန်
နေရောင်ခြည်ဟာ အားနွဲ့လာတယ်
တစ်ထစ်ချယုံကြည်ခြင်းတွေ
ငါ့အနာဂါတ်မှာ အိပ်စက်ကုန်ပြီ
မင်းထားခဲ့ပါ ပျော်ရွှင်ခြင်းမဲ့ သံစဉ်တွေကို
ကမ်းခြေမှာ အေးစက်တဲ့နှင်းပွင့်နဲ့
မိုးသောက်ယံကို ငါစောင့်နေတယ်
ဆိတ်သုဉ်းမှုတွေ ကွာကျလာတိုင်း
မျက်ရည်စက်တွေစီးဆင်းနေကျ
ဒီအိပ်မက်အခါခါမက်ပေမယ့်
ငါမပျက်မကွက် စောင့်နေမယ်
ဟော
လမင်းအရိပ်နဲ့ မင်းထွက်လာမလား
နောက်ပြီး
လေပြေနဲ့ မင်းရောက်လာမလား
ငါအားယူပြီး ထရပ်နေတုန်း
ငါအားယူပြီးကြိုးစားနေတုန်း
မင်းအမုန်းတွေ တဝုန်းဝုန်းကျလာတယ်
photo>>google image
author @nannhtike