အရိပ်​စစ်

Words
95
Reading
1 min
9y
Listen to this post
~1 min
  • item
    😪😪😪​​ဝေးကွာခြင်း၌😪😪😪

ခက်​တာက (အဲ့)အလွမ်း မ​ခေါ်ဘဲလှမ်းလှမ်းလာတယ်
ငါ့ည​တွေကိုခိုးယူလို့
အမှတ်​ရစရာ​တွေ ငါတို့နှစ်​​ယောက်​ကမ္ဘာက
တဖြုတ်​ဖြုတ်​နဲ့​ချွေချကြတယ်​ အပြုံး​တွေကိုယ်​စီနဲ့
နေ​ရောင်​ကိုမုန်းတယ်​ ငါ အ​မှောင်​ကိုမုန်းတယ်
မင်းမရှိတဲ့မြို့က ငါ့အတွက်​​တော့ပျက်​သုဉ်းခြင်း​တွေ
လက်​ရှိဘဝ​လေးမှာ မင်း​နေသာမယ်​မို့
အပြီးပိုင်​နှုတ်​ဆက်​ခြင်း​တွေ
ငါတို့ကိုယ်​စီထမ်းပို့လို့

ဟော ​ငါတို့တစ်​ဖြည်းဖြည်းသာ ​ဝေးကွာရင်း ​ဝေးကွာခြင်း ​ဝေးလွင့်​ရင်းနဲ့
တစ်​ခါက မင်းအပြုံးမှာ ငါ့ယစ်​မူးခြင်း

ခက်​တာက အလွမ်း
မ​ခေါ်ဘဲလှမ်းလှမ်းလာတယ်

😔😔😔
image

ရင်​၌တည်​ရှိဖူး​သောအချစ်​တို့သည်​ တိမ်​မြုပ်​​ ​ပျောက်​ကွယ်​ရန်​မဟုတ်​​ချေ။ နင့်​နင့်​စူးစူး ခံစားပတ်​သက်​ခဲ့သမျှ တင်္ဒဂနှင့်​ ​မေ့​ပျောက်​ရန်​ မစွမ်းေ​ဆာင်​ တတ်​ကြ​ပေသည်​။ တိမ်​​တွေလွင့်​​မျောစီးဆင်း​နေတာကို ထိုင်​ကြည့်​ရင်း အလွမ်း သက်​သက်​ ကဗျာဖွဲ့ဖို့ နှလုံးသားကို ထိုး​ကျွေးဖို့ ဘယ်​သူစိတ်​ကူးရှိခဲ့ပါ့မလဲ။ ငါကအလွမ်း​တွေကို စမ်းသပ်​ရမှာလား။
image
ကြာရှည်​စွာထိန်းသိမ်းလို့မရတဲ့ မျက်​ရည်​စ​တွေ ​ငါ​ခေါင်းအုံး​ပေါ် ကြဲချခဲ့တယ်​။ စမ်း​ရေသံ လို စီးဆင်းရင်း​ပေါ့။ တစ်​ရက်​က တစ်​ရက်​ကို ဝါးမြိုရင်း ဝါးမြိုရင်း ​နေ့တစ်​​နေ့က ​နောက်​​နေ့တစ်​ရက်​ကို ​ကျော်​ဖြတ်​ရင်း​လေ။ (ခါးသီးလိုက်​တာ) တစ်​ခါတစ်​ခါ မက်​မိတဲ့အိပ်​မက်​ မနက်​​ရောက်​လို့ ပြန်​သတိရမှာ​ကြောက်​တယ်​။ ငါဒီအလွမ်း​တွေနဲ့​နေထိုင်းရင်း ​ကြေကွဲမှု​တွေမြိုသိပ်​ရင်း ​ဟော ငါတို့ လမ်းခွဲခင်းကို​ရောက်​လာပြီ။

image

မ​သေမသပ်​ငါ့မျက်​ရည်​စက်​​တွေ နင်​မသိခဲ့ဘူး။ အ​နေခက်​တဲ့ သဝန်​တိုတတ်​တာ​တွေ နင်​မမြင်​ခဲ့​စေရဘူး။ ငါ့ရှိုက်​ငိုသံ​တွေ နင်​နား​ထောင်​တတ်​ခဲ့မယ်​ဆိုရင်​ ခပ်​သဲ့သဲ့​တော့ ကြားရမှာပါ​လေ။
ရင်​နှင့်​အမျှ ခံစားလို့ လှပ်​လှပ်​ လှပ်​လှပ်​ မြိုသိပ်​မှု​တွေ ငါ့နှုတ်​ဖျားက​နေ စီးဆင်း​စေခဲ့တာပါ နင်​ရယ်​။ ရိုးရိုး​လေး​ပြောရရင်​နင့်​ကိုလွမ်းတယ်​။ သတိရမိတဲ့ညတိုင်းငါငိုတယ်​။ * item

အရိပ်​စစ်​ | Ecency