စစ်မှန်သော

Words
207
Reading
1 min
9y
Listen to this post
~1 min

ကျွန်တော်တို့ဆိုင်ရောက်ပြီဆိုရင် မနက်(၈)နာရီလောက်ရှိနေပါပြီ ။
အဲဒီအချိန်မတိုင်ခင် ဆိုင်မှာကူလုပ်ဖို့ ခေါ်ထားတဲ့ သူက ဆိုင်ဖွင့်နှင့် တံမြတ်စည်း
လှဲနှင့်ပြီးပါပြီ။ ခဏလောက်နေတော့ ကျွန်တော်မိန်းမက ဈေးသွားဖို့ ပြင်ဆင်နေတတ်ပါပြီ။
ဈေးဝယ်သွားခါနီးတိုင်း ညည်းတတ်တာကတော့ ဒီနေ့ ဘာချက်လို့ချက်ရမှန်းမသိဘူး
ဆိုတာကိုပါဘဲ။ ပြီးဈေးခြင်းတောင်းယူပြီး ဈေးဝယ်သွားပါတော့တယ်

image
ကျွန်တော်မိန်းမဟင်းချက်ပြီဆိုရင် မကြာခဏ တူးတတ်ပါတယ်။ ဟင်းအိုးတည်ပြီး ဆိုင်ရှေ့က
လုပ်ငန်းပေါ်လာရင် လုပ်ငန်းလုပ်ဖြစ်နေတော့ တစ်ခါတစ်လေ ဟင်းအိုးကိုမေ့မေ့သွားတော့
ဟင်းကတူးတူးသွားတယ်။ အဲလိုဟင်းတူးလေးတွေနဲ့လည်း တစ်ရက်တစ်ရက်ဖြတ်သန်းခဲ့ရတယ်။
တစ်ခါတစ်လေ ဆိုင်လူကျတဲ့နေ့ဆိုရင် ဟင်းကိုမချက်ဖြစ်ပါဘူး။ ဆိုင်ကဟင်းဝယ်ပြီးစားကြပါတယ်။
လစာထုတ်တဲ့ရက်ဆိုရင် ဟင်းမချက်ဖြစ်တာများပါတယ်။ အဲနေ့ဆိုရင် ဌာနဆိုင်ရာက လစာထုတ်
လာတဲ့သူတွေက သူတို့ ရုံးလုပ်ငန်းတွေကို မိတ္တူ လာဆွဲကြပါတယ်။ အဲလိုနေ့မျိုးဆိုရင်ဟင်းဝယ်စား
ရပါတယ်။ ကျွန်တော်ကတော့ ဆိုင်ကဟင်းတွေသိပ်မစားချင်ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့
ကျွန်တော်တို့ မိသားစုက ဟင်းချိုမှုန့် ရှောင်ပါတယ်။ နည်းနည်းလောက်ပါတာတော့စားဖြစ်ပါတယ်။

image
ဆိုင်ကချက်တဲ့ဟင်းတွေက သိတဲ့အတိုင်းဘဲ ဟင်းချိုမှုန့်တွေ ထည့်တာများပါတယ်။
သူတို့ဟင်းလေးချိုအောင်ဆိုပြီးပေါ့လေ။
ကျွန်တော်ကတော့ ကွန်ပျူတာစာစီ ကူလုပ်တာဖြစ်ဖြစ် ၊ ဓါတ်ပုံထုတ်ပေးတာဖြစ်ဖြစ် ၊ ဖုန်းပြင်
နေတာဖြစ်ဖြစ်တစ်ခုခု လုပ်ဖြစ်ပါတယ်။ ဘာမှမလုပ်ဖြစ်တောင် ဖုန်းတော့ ထိုင်ကလိနေတတ်
ပါတယ်။ (ဟီးးး) ဘေးမှာရှိတဲ့သားတွေကတော့ ဖုန်းတစ်ယောက်တစ်လုံးစီနဲ့ ဂိမ်းဘဲဆော့နေ
တတ်ပါတယ်။ သူတို့ငြိမ်ရင်ပြီးရောဆိုပြီး ဒီအတိုင်းလွှတ်ပေးထားတယ်။ ဒီလိုနဲ့ နေ့ခင်းအချိန်ရောက်
လာရင်ထမင်းစားနားပါတယ်။ ထမင်းစားပြီးချိန်လောက်ဆို အငယ်ဆုံးကလေးကို သူ့အမေကြီးတို့
လာရောက်ခေါ်သွားတယ်။ ကျွန်တော်တို့အတွက် ကလေးကူထိန်းပေးတဲ့အနေနဲ့ပါ။ နေ့ခင်းမှာ တစ်ခါတစ်လေ
တီဗွီကလာတဲ့ မြန်မာဇာတ်ကားတွေကို ကြည့်ဖြစ်ပါတယ်။ ကျွန်တော်ကတော့ မြန်မာဇာတ်ကားသိပ်မကြိုက်
ဘူးဗျာ။ ဘာဖြစ်လို့လည်းဆိုရင် မြန်မာဇာတ်လမ်းတွေက တစ်ခါလာလည်းဒါ တစ်ခါလာလည်းဒါနဲ့။
ဇာတ်အိမ်ဖွဲ့မကောင်းပါဘူး၊(ဒါကျွန်တော်အမြင်ပါ) ခုနောက်ပိုင်းဆို ပိုတောင်ဆိုးသေးတယ်ထင်ပါတယ်။
ဘာမှရိုက်စရာမရှိ ဟာသကားတွေဘဲ တွေ့တွေ့နေရပါတယ်။ နောက်ပြီး မြန်မာမှုပျောက်နေတဲ့ ဇာတ်ကား
တွေထဲမှာ ဇာတ်ဝင်ခန်းတွေလည်း ပါလာတာကို မကြိုက်တာလဲပါပါတယ်။ နိုင်ငံခြားကားတွေဘဲ ကျွန်တော်
အကြည့်များပါတယ်။ အများဆုံးကြည့်ဖြစ်တာကတော့ ကုလားကားပါဘဲ။ ကုလားကားကတော့ ဇာတ်အိမ်
ဖွဲ့တာတော်တော်ကောင်းပါတယ်။ (ဒါလည်းကျွန်တော်အမြင်ပါ)၊ စစ်တိုက်ကား ၊ ကွန်မန်ဒိုကားတွေဆိုလည်း
ကြိုက်ပါတယ်။ တီဗွီကြည့်ပြီးရင်လည်း ဟိုနည်းနည်း ဒီနည်းနည်းအလုပ်လေးတွေ ထလုပ်ဖြစ်သေးတယ်။
၃ နာရီခွဲလောက်ဆိုရင် ကျွန်တော် မိန်းမကကလေးတွေကို ကျူရှင်လိုက်ပို့ဖို့လုပ်ပါတယ်။ ကလေးတွေဆိုတော့
ကစားတာကိုဘဲ ခုံမင်နှစ်သက်နေကြတော့ ကျူရှင်သွားခါနီးပြီဆိုရင် လုပ်ဟဲ့ ၊ ပြင်ကြဟဲ့ ဆိုတဲ့အသံနေတွေ
ဆူညံပွက်လောရိုက်တတ်ပါတယ်။ ကလေးတွေကို ကျူရှင်လိုက်ပို့ရင်း တစ်ခါတစ်ခါ လမ်းက မုန့်ဟင်းခါးတို့
မုန့်လင်မယားတို့။ အစရှိတဲ့ မုန့်တွေဝယ်လာလို့ရှိရင် ၀ိုင်းဝန်းစားသောက်အားပေးခဲ့လိုက်တယ်။
တစ်ခါတစ်လေ နေ့လည်ခင်းပိုင်းလောက်ကျ တစ်ရေးတစ်မော အိပ်ဖြစ်တတ်သေးတယ်။
အိပ်ယာကနိုးရင် ခဏလောက် ဟိုဟာနည်းနည်းဒီဟာနည်းနည်း လုပ်ငန်းအလုပ်ပြပြီး (4)နာရီခွဲလောက်ဆို
ရင် ပိုက်ကျော်ခြင်းသွားခတ်ဖြစ်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ နည်းနည်းလေးဝလာလို့ ။
အထိုင်များတယ်ဆိုတော့ ကိုယ်လက်လေ့ကျင့်ခန်းလေးလုပ်ပေးရတယ်မဟုတ်လား။ တော်ကြာနေ
ကျန်းမာရေးထိခိုက်နေမှာစိုးရသေးတယ်လေ။ ခြင်းခတ်တော့ လူလည်း စိတ်လွတ်ကိုယ်လွတ်နဲ့ စိတ်အပန်း
ဖြေတဲ့သဘောလည်းဖြစ်စေတယ်။။ ခြင်းခတ်ပြန်လာရင် ညနေ(၆)နာရီလောက်ရှိနေပြီ။ ပြန်ရောက်ရင်ခဏနေ
တော့ ရေချိုးပါတယ်။ ရေချိုးပြီး တစ်အောင့်လောက်နေတော့ ညနေစာ ထမင်းစားကြပါတယ်။ ကလေးတွေကို
အရင်ကျွေးပြီးကျွန်တော်တို့ လင်မယားထမင်းစားဖြစ်တာများပါတယ်။ ထမင်းစားပြီး ဆိုင်ကိုလာတဲ့ဧည့်သည်
တွေအလုပ်တွေရှိရင် အလုပ်တွေဆက်လုပ်ပါတယ်။ အဲလိုအလုပ်လုပ်ရင် ည(၈)နာရီလောက်ဆိုရင်
ဆိုင်သိမ်းဖို့ပြင်ဆင်ပါတယ်။ ဆိုင်ရှေ့ရေဖြန်းတာတို့၊ ဆိုင်ကခုံလေးတွေသိမ်းတာတို့လုပ်ပြီး ဆိုင်ကိုပိတ်
အိမ်ပြန်ကြပါတယ်။

author nannhtike@nannhtike
msc-164
photo google