ကျွန်တော်တို့အနာဂါတ်

Words
143
Reading
1 min
9y
Listen to this post
~1 min

ကျွန်တော်တို့အနာဂါတ်

  • item ကျွန်တော်တို့တွေလက်ရှိလိုက်နာကျင့်သုံးနေတဲ့ လူနေမှု ၊ အကျင့်စရိုက် နဲ့ ပေါင်းသင်း ဆက်ဆံရေးဟာကျွန်တော်တို့ရဲ့အနာဂါတ်ကို ပုံဖော်ထစ်ဆစ်ပေးတဲ့ ၊ ရှင်သန်စေတဲ့ အနာဂါတ် ပေါင်းတည်မှုတစ်ခုဖြစ်ချေလေရဲ့ ။
    ကောင်းမွန်အောင် တည်ဆောက်၊ ထုဆစ်ခဲ့ရင်လည်း နောင်လာနောင်သားများ ပါးစပ်ဖျားမှာ ကောင်းကျိုးများသာအမွှန်းတင်ကျန်နေခဲ့သလို မကောင်းမှု အကျင့်စရိုက်တွေသာပြုလုပ်နေမယ်ဆိုရင် မကောင်းသတင်း ဆိုးပြစ်များသာတွင်ကျန်နေရစ်ပေတော့မည်။ ဒါ့ကြောင့် ကျွန်တော်တို့ ပုံဖော်ထုဆစ်နိုင်တဲ့ အနာဂါတ်ကြီးကို ကောင်းကောင်းမွန်မွန်
    အဖြစ် ရပ်တည်နိုင်ဖို့ ကြိုးစားကြိုးစားကြရန်အလို့ငှာ တိုက်တွန်းအပ်ပါသည်။

image
ယခုအချိန်ဟာ ဆုတ်ကပ်ခေတ်ကို ရောက်ရှိ၊ဦးတည်နေပြီဆိုတာကို ကျွန်တော်တို့တွေ ငြင်းဆန်လို့မရပါဘူး။ ဘုရားဟော တရားများကသော်လည်းကောင်း၊ ကောသလ အိပ်မက် (16)ချက်ကသော်လည်းကောင်း နှိုင်းယှဉ်
ကြည့်မည်ဆိုလျှင်ဖြင့် အထင်အရှားပေါ်လွင်နေပေတော့သည်။ (10)နှစ်ရှိလေပြီးသော သတိုးသမီးတို့သည် အိမ်ထောင်ပြုကြမည်ဆိုတဲ့ တရားများညွှန်ပြမှုဟာ ခုခေတ်နဲ့ အလွန်အမင်း နီးစပ်နေပြီဖြစ်လေသည်။ မြန်မာပြည်တွင်လည်း ထိုသို့
သော အချင်းအရာများကို FACEBOOK လူမှုကွန်ယက်ပေါ်တွင်လည်း မြင်တွေ့ကြားသိနေရပေသည်။ အခြားသော နိုင်ငံများတွင် (12)နှစ်တွင် လက်ထပ်ထိမ်းမြားနေသည်ကိုလည်း သိရှိနေကြရလေသည်။ ဆုတ်ကပ်ခေတ်ရောက်ရှိနေပြီဖြစ်သောကြောင့် သက်တမ်းများသည်လည်း တစ်ဖြည်းညြ်းနဲ့ လျော့နည်းလာပြီဖြစ်လေသည်။ တိုတောင်းလွန်း ၊ ရခဲ့လွန်းသော လူလောကတွင် ကျွန်တော်တို့သည် မကောင်းမှုများပြုလုပ်နေမည်ဆိုပါက အဘယ်သို့ အကျိုးရှိမည်မဟုတ်ပေ။

image
ကျွန်တော်မြင်တွေ့နေရတဲ့ ပတ်ဝန်းကျင်ကို အနည်းအကျဉ်း သုံးသပ်ရသော် တစ်ချို့သော လူတို့သည် ရဟန်း
တို့အား အပြစ်မြင်နေကြသည်။ ၀ိနည်းနှင့်မညီသော်လည်း ကျွန်တော်တို့ဟာ ထိုရဟန်းအား အပြစ်တင်ရန် မသင့်ပေ။မည်သို့ပင်ဖြစ်စေ သင်္ကန်းစလေးတစ်စ နားမှာပန်ထား၊ ခါးမှာချည်ထား၊ လက်မှာပတ်ထားရင်တောင်မှ ကျွန်တော်တို့ဟာ
ပူဇော်ဦးခိုက်လျှင်ပင် အကျိုးကျေးဇူးရှိပါသေးသည်။ မြင်တွေ့နေရသော facebook ပေါ်က အကြောင်းအရာများသည်စိတ်မချမ်းမြေ့စရာပါလား။ သံဃာကိုသံဃာလို့ မမြင်တော့ဘဲ ပြုမှုဆက်ဆံနေကြတာတွေ တွေးမိပြီး စိတ်လေးနေမိပါ
တော့တယ်။ ကုသိုလ်ဟာ ရဖို့ မလွယ်သလို အကုသိုလ်ဟာဖြင့် ရရှိဖို့ အလွန်လွယ်ကူလွန်းလှပါတယ်။ ကိုယ်ဟာ အလှူကြီးတစ်ခုပြုလုပ်နေသော်လည်း စိတ်မထားတက်ပါက ကုသိုလ်မရနိုင်တဲ့အပြင် အကုသိုလ်တောင်ရနိုင်ပါသေးတယ်။

image
ထို့ကြောင့် မကောင်းမှုတွင် မွေ့ပျော်တတ်ကျသော လူ့လောက၌ ကျွန်တော်တို့သည် ကုသိုလ်ရရှိနိုင်မည့်အလုပ် တို့ကို လုပ်ဆောင်ကြရပေလိမ့်မည်။ ထိုကုသိုလ်တို့သည် ကျွန်တော်တို့ အနာဂါတ်ပင်ဖြစ်ပေလိမ့်မည်။ကျွန်တော်တို့၏ သံသရာ အဖော်မွန်ဖြစ်ပေလိမ့်မည်။ ကောင်းမှုပြုလုပ်ခြင်း၌ မွေ့ပျော်တက်သောအကျင့်ကို တစ်ဖြည်းဖြည်းကျင့်ကြံယူရပါမည်။* item
image

  • item

author nannhtike@nannhtike
msc-164
photo google

ကျွန်တော်တို့အနာဂါတ် | Ecency