နွေအလှ

Words
93
Reading
1 min
9y
Listen to this post
~1 min

နွေရာသီအလှ
image
နွေဦးရာသီပေါက်လာတော့ ကျွန်တော်တို့ အညာဒေသမှာ လက်ပံပွင့်တွေ လေအလွင့် ကြွေဆင်းနေကြတယ်ဗျာ ။ မြေပြင်မှာပြန့်ကျဲနေတဲ့ လက်ပံပွင့် နီနီရဲရဲ လေးတွေ သူ့ထက်ငါ အလုအယက်ကောက်ကြပါတယ်။ ပျော်စရာဓလေ့လေးတစ်ခုပါဘဲ။ ကောက်လို့ရလာတဲ့လက်ပံပွင့်တွေကို အိမ်ကိုပြန်ရောက်တာနဲ့ အပွင့်အဖတ်လေးတွေကိုချွေ ဝတ်မှုန်လေးတွေကိုခါချပစ်လိုက်ပါတယ်။
image
ပြီးရင်တော့ နေပူပူမှာ ၃ရက် ၄ရက်လောက်အခော့က်လှမ်းလိုက်ပါတယ်။ အခြောက်လှမ်းလို့ရလာတဲ့လက်ပံပွင့်ခြောက်များကိုတော့ မှိုမတတ်အောင်သေချာထုတ်ပိုးပြီး သိမိးထားတတ်ကြပါတယ်။ ဟင်းချက်စရာအဖြစ်ထည့်သွင်းချက်ပြုတ်စားကြပါတယ်။ တစ်ချို့ကလည်း ဟင်းချိုဟင်းထဲထည့်ချက်ကြပါတယ်။ အာလူးသီးရယ်။ ဒန့်သလွန်အသီးရယ် ဘူးသီးရယ် ရုံးပလွေသီးရယ် ရောပြီး အချဉ်ရည်တစ်ခွက်အဖြစ်ချက်ပြုတ်ကြပါတယ်။
image
တစ်ချို့တွေကတော့ ဝက်သားနဲ့ရောချက်စားသုံးသလို အမဲသားနဲ့လည်းရောပြီး ချက်ပြုတ်စားတတ်ကြပါတယ်။ လက်ပံပွင့်ချိန်ဆို နွေရာသီဖြစ်တာကလည်းတစ်ကြောင်း ကလေးသူငယ်တွေကျောင်းပိတ်ထားကြပါတယ်။ လက်ပံပွင့်ချိန်ကို ခွေးရူးပြန်ချိန်လို့လည်း စကားတွင်ပြောဆိုတတ်ကြပါတယ်။ ဒါကြောင့်လက်ပံပွင့်ချိန်ရောက်လာရင် လူကြီးသူမများက ကိုယ့်ငားသမီးများကို အခြားဝေးသောနေရာများသို့ သွားရောပ်ဆော့ကစားခြင်းကို ပိတ်ပင်တတ်ကြပါတယ်။ ကလေးများ သဘာဝကတော့ ကျောင်းအားလပ်ရက်လေးမှာ အဖေည်များနဲ့ အချိနိပြည့်နီးပါးဆော့ကစားနေချင်ကြတာပါဘဲ။ လက်ပံပွင့်လုကောက်ကျပြီး လက်ပံပွင့်မှ ဝတိမှုံအပွင့်လေးများမှ ချိတ်ကလေးနဲ့သူရှုံးကိုယ်နိုင်ဆော့ကစားကြပါတယ်။

image
လက်ပံသီးလေးများအား အညှာမှ တုတ်ကလေးများတပ်၍ ဂျင်သီးလှည့်တမ်းလည်းကစားတတ်ကျပါသေးတယ်။
ပျော်စရာကလေးဘဝမှာ အချိန်ဆိုတာ မြန်လွန်းလှပါတယ်
image
image
လက်ပွံင့်တွေ လေတိုက်ကြွေလိုက်တဲ့အခါ
တဖွဲဖွဲလွင့်တယ်ျလယာဉ်ပမာ
အော် ချစ်စရာ ချစ်စရာ
မြင်ရပါလေဦးတော့ကွယ်
ရိုးတံလေဒဏ်နဲ့ ရွှေညာသူ ရွှေညာသားတို့
စက်ဘီးလေးတွေစီးကာကိုယ်စီ
စက်ဘီးလေးတွေစီးကာကိုယ်စီ
အဘာအလှသဘာဝများ ပြည့်နှက်နေသည်
photo credid my dear firend ko naing (asahi) ngazun
authir nannhtike@nannhtike
msc-164

နွေအလှ | Ecency