အလွမ်းသင့်နွေ

Words
107
Reading
1 min
9y
Listen to this post
~1 min

image

မြောက်ပြန်လေညှင်းတို့သည် ၀ါရွက်ရင့်ရော်နေသော သစ်ရွက်တို့ကိုချွေယူနေလေပြီ
အပူဒဏ်ကိုအံတုရင်း သစ်ရွက်နုတို့ကို မွေးဖွားထုတ်နေတဲ့ ရိုးတံကြဲကြဲပင်အိုတို့သည်
နွေရာသီ၏ အလှကို ပုံဖော်ထုဆစ်နေကြပေသည်။

image
ဟိုတစ်စ ဒီတစ်စမှသည် သြဥငှက်တို့က မိမိတို့၏ အဖော်ကို ရှာဖွေရင်းတွန်းကျူးနေကြသည်မှာ
ဟော နွေဦးအစကို ဖွင့်လှစ်လိုက်မှန်း သိကြပေ၏။
ဥဒဟိုလှုပ်ရှားသွားလာနေကြသော လူတို့သည်လည်း တစ်ဖြည်းဖြည်းနှင့် ပူးပြင်လာတော့မည့်
နွေရာသီကို ကြိုတင်ငြူးငြူနေကြပေသည်။ ဘယ်ကိုသွားရမယ်မသိ စိတ်တို့ ဂယောင်ဂချားနိုင်လှသည်။
နှင်းတွေကိုတိုက်ထုတ် အပူဒဏ်ကို မင့်မင့်ကြီးပေးဖို့ ကြံစည်နေတဲ့ နွေရာသီ အစ ဒီအခါသမယ မှာ
သူ့တို့ - - - - ငါတို့ ----- လွမ်းကြလေသည်။
ဘယ်သို့ ဘယ်ဆီ စိတ်စေစားရာမရှိ ။ ထိုထိုအတွေးများနဲ့သာ နယ်ချဲ့တတ်ကြသော နွေရာသီဦးကား
ကျွန်ုပ်၏စိတ်အား လေလွင့်စေခဲ့ပြန်ပါသည်။
နွေရာသီကား မည်သူကိုမျှ မျက်နှာမထောက်ထားဘဲ အလွမ်းတွေကိုရင့်စေတယ်။

image
စိတ်ကူးပေါက်ပေါက်နဲ့ နွေရာသီရောက်လာရင် ရွာဘက်သွားပြီး မကျီးပင်ကြီးတွေအောက်မှာ
တစ်ရေးလောက် စိတ်လွတ်ကိုယ်လွတ်အိပ်စက်ပစ်လိုက်ချင်တယ်။ ညနေစောင်းရင် ထန်းပင်ကျရေလေး
တစ်မြူလောက်ဖြစ်ဖြစ် ပဲကြီးလှော်လေးနဲ့ ငပိဘူးလေးနဲ့ မြည်းပြစ်လိုက်ဦးမယ်။
ထန်းလက်တဲထဲက ကွန်းပစ်ပေါ်မှာ ထန်းရည်အိုးလေးတည်ပြီး သူငယ်ချင်းတွေ ဟိုရောက်ဒီရောက်
ရှေးဟောင်းနှောင်းဖြစ်လေးတွေ ငယ်ကျိုးငယ်နာလေးတွေပြောရင်း တစ်ရက်နှစ်ရက်လောက်တော့
ကဲပြစ်ရမယ်။ တမာရနံ့သင်းနေတဲ့ အညာမြေမှာ ကျွန်တော်တို့တွေကြီးပြင်းလာခဲ့ရတော့ အားလပ်ရက်
တွေမှာ ရွာပြန်ပြီး ကုန်ဆုံးကြည့်ချင်ပါသေးတယ်။
မကြာမှီသင်္ကြန်ကလည်းနီးလာပြီဖြစ်တော့
သင်္ကြန်သီးချင်းသံ ခပ်သဲ့သဲ့လေးတွေလည်း ကြားမိနေရပြီအလွမ်းဓါတ်ခံကိုရင့်သန်စေပါတယ်။
မမခိုင်ရဲ့ ရည်းစားဦး ခွေတစ်စီးရီးလုံးဖွင့်ပြီး အလွမ်းဗို့အားကိုထပ်တင်ထားပါတယ်။
ဒီနွေဒီလေမှာ အသည်းကွဲသမားလေးတွေကို ကိုယ်ချင်းစာမိပါတယ်။ အော် သူတို့တော်တော်လေးမနေတတ်မထိုင်မိဖြစ်နေရှာမှာဘဲလို့တွေးမိတယ်။ မရက်စက်ပါနဲ့နွေ မရက်စက်လိုက်ပါနဲ့
image

author nannhtike@nannhtike
photo credit google
msc-164