မိသားစု

Words
211
Reading
1 min
9y
Listen to this post
~1 min

မနက်ခင်းအလင်းလေးတော်တော်တက်လာပြီဆိုရင် ကျွန်တော်အမေဟာ ထမင်းဟင်းချက်ဖို့
စတင်ပြင်ဆင်နေပါပြီ ။ ကျွန်တော်ကတော့အိပ်ကောင်းတုန်းပါ။ အမေထမင်းအိုးတည်ပြီး ကျက်ချိန်
လောက်ဆိုရင် ကျွန်တော်ဇနီးသည် အိပ်ယာထပါတယ်။ ပြီးတော့အမေကို အလုပ်တွေဝိုင်းကူလုပ်
ပါတယ်။ ခဏလောက်နေရင် ကျွန်တော်ကို အိပ်ယာကနိုးပါတယ်။ တစ်ဆက်တည်းကျွန်တော်ရဲ့
သားသုံးယောက်ကို တစ်ယောက်ချင်းစီနှိုးပါတယ်။ အလတ်ကောင်က အိပ်ရာထစောတတ်ပါတယ်။
သူစောထရင် သူ့အစ်ကိုကြီးကိုသွားနိုးခိုင်းပါတယ်။ ပြီးရင် ညီငယ်လေးကိုနှိုးခိုင်းပါတယ်။ အကြီးဆုံး
အစ်ကိုကတော့ နည်းနည်းလေးအပျင်းထူးပါတယ်။ အရှေ့ဘက်အိမ်ကနေနှိုးလာပြီး အနောက်ဘက်
ကျွန်တော်တို့ အခန်းထဲရောက်ရင် တစ်ခါတစ်လေပြန်ပြီး အိပ်တတ်ပါတယ်။ ကျွန်တော်တို့မသိရင်။
ကျွန်တော်တို့ သိလို့ ဆော်အော် အော်ငေါက်လိုက်ရင်တော့ အိပ်ယာကထလာပါတယ်။
image
ညီအစ်ကိုသုံးယောက်
လုံး မျက်နှာမသစ်ပေးဘဲ အိပ်ယာပေါ်မှာ တစ်ခါတစ်ရံဆော့တတ်သေးတယ်။ သူတို့ဆော့နေရင် တစ်ဦးနဲ့
တစ်ဦးခိုင်းမိမှာဆိုးလို့ အမြဲတမ်းသတိပေး ပြောဆိုနေရပါတယ်။ ကလေးတွေဆိုတော့လည်း ဆော့ကြတာ
ကိုတော့ ဆော့လို့ရပါတယ်။ ခိုင်းမိနေကြမှာစိုးရိမ်မိနေတယ်။ ခေတ်ကလည်းပြောင်းလည်းလာပြီဆိုတော့
သူတို့ဆော့လိုက်ရင် ပါဝါရိမ်းဂျား အနီကောင်တွေ၊ ပါဝါရိမ်းဂျား အဖြူကောင်တွေဆိုပြီး သူတို့ကိုယ်သူတို့
နာမ်စားတပ်ပြီးတော့ ချတိုင်းကြည့်ကစားနေကြတာပါ။ တစ်ခါတစ်လေ တုတ်လိုအချောင်းတွေနဲ့ ဆော့တော့
မျက်စိမျက်ဆံတွေခိုင်းမိမှာလည်းစိုးရိမ်ပူပန်ရပါသေးတယ်။ ခဏလောက်သူတို့ဆော့နေတာကြာလာရင်
မျက်နှာသစ် ၊ သွားတိုက်ဖို့ ဆော်သြရသေးတယ်။ ကလေးတွေဆိုတော့ မျက်နှာသစ်ဖို့ကိုမနည်းချော့ချော့
ပြောပြောနေရပါတယ်။ အကြီးကောင်ကြီးကသွားတိုက်ရမှာပျင်းတတ်တယ်။ အဲတာကြောင့်နေမှာ သူ့ပါးစပ်ထဲ
မှာ သွားပိုးမစားတဲ့သွားရယ်လို့ မရှိသလောက်ပါဘဲ။ ဖြစ်လိုက်ရင်သူကြည့်ဘဲ။ ညညသွားပိုးကိုက်လို့ အမလေး
ဘာညာနဲ့ ခဏခဏကြုံတတ်ရပါတယ်။ သုံးယောက်ထဲမှာ အကြီးဆုံးကောင်က အလေးဆုံး အထိုင်းမှိုင်းဆုံးဘဲ
ကျွန်တော်အထင်နည်းနည်းပျင်းတယ်လို့ထင်တယ်။ သူနဲ့အတူထိုင်ရင် ဘေးကနေမှီထိုင်နေတော့တာ။ အဲလို
မနေဖို့လည်းခဏခဏတော့ သွန်သင်ပြောဆိုပါတယ်။ အလတ်ကောင်ကတော့သွက်တယ်။ ပါးလည်းပါးတယ်။
တစ်ခုခုခိုင်းမယ်ဆိုသူလုပ်ကိုယ်လုပ်နဲ့ငြင်းနေတတ်ကြတယ်။ ကလေးတွေဆိုတော့လည်းရှိမယ်မပေါ့ဗျာ။
ဟိုတစ်နေ့ကဆိုလုပ်ငန်းနှစ်ခု ခိုင်းလိုက်တာတစ်ယောက်တစ်ခုလုပ်ဆိုပြီးတော့။ အဲဒီအချိန် အလတ်ကောင်က
ဝေးနဲ့နေရာကို သူသွားမယ့်ဟန်ပြင်လိုက်တယ်။ အကြီးကောင်ကြီးကအအရယ်။ သူ့ထက်ဦးအောင်သွားမယ်ဆို
ပြီးပြေးသွားပါလေရော။ အလတ်ကောင်က မပြေးဘဲ သူ့အစ်ကိုပြေးသွားတော့ သူက နီးတဲ့နေရာကိုသွားယူတယ်။
အဲလိုဂျလယ်ကျပါတယ်။ အငယ်ဆုံးကောင်ကတော့ အလယ်ဆုံးဖြစ်မယ်ထင်တယ်။ တော်တော်လေးသိတတ်ပါ
ပြီဆိုကတည်းက ထမင်းကို ခွံ့မကျွေးရဘူး။ သူ့ဘာသာစားတာ ယနေ့အထိဘဲ။ ခဏလောက်နေတော့ သူ့အမေက
မနက်စာထမင်းနဲ့ စားဖို့ အကြော်ကို နေ့တိုင်းနီးပါးသွားဝယ်ပါတယ်။ ပြန်ရောက်လာရင်
ထမင်းဟင်းစားဖို့ ပြင်ဆင်ပြီးတာနဲ့ မိသားစုတွေ ထမင်းစားဝိုင်းဝန်းစားကြပါတယ်။ သူတို့ သုံးယောက်လုံးကြာညို့နဲ့
ထမင်းစားတတ်ပါတယ်။ ကြာညို့ကို ဘယ်လိုကြိုက်ကြသလဲမသိဘူး။ မနက်ခင်းထမင်းစားတိုင်း ကြာညို့ ထည့်ထည့်
ပေးရပါတယ်။ ထည့်မပေးရင် မျက်နှာတွေကသိပ်မကြည်ကြဘူး။ အငယ်ကောင်ကပိုဆိုးပါတယ်။ အခုထက်ထိကို
ကြာညို့ထည့်ထည့်စားတယ်။ အကြီး နှစ်ကောင်ကမှတော်သေးတယ်။ မိဘကတစ်ရက်တစ်လေမစားနဲ့လို့ပြောရင်
ပြောလို့ရသေးတယ်။ ထမင်းဟင်းစားပြီးရင် ပန်းကန်တွေကို သူ့အမကဆေးကြောရပါတယ်။
ထမင်းစားသောက်ပြီးရင် သူတို့သုံးယောက်တစ်ခါတစ်လေ အိမ်သာဝိုင်းတက်ကြပါတယ်။
ကလေးတွေဆိုတော့ကို တစ်ယောက်ကအိမ်သာတတ်ရင် တစ်ခြားတစ်ယောက်ကပါလိုက်တတ်ချင်ကြတယ်။
ဘယ်ရယ်မဟုတ်ဘူး။ တစ်ခါတစ်လေသုံးယောက်ဂျီကျနေရင် အိမ်သာတတ်ဖို့ကို တစ်ခြားအိမ်တစ်အိမ်ကို လိုက်ပို့
ရပါတယ်။ အကြီးဆုံးနဲ့ အငယ်ဆုံးကောင်ကတော့ နေ့တိုင်းအိမ်သာမတတ်ကြပါဘူး။ အလတ်ကောင်ကတော့
နေ့တိုင်းထမင်းစားပြီးတာနဲ့ အိမ်သာတန်းတတ်တဲ့အကျင့်ဖြစ်နေတယ်။ အလတ်ကောင်လေး အိမ်သာတတ်နေတုန်း
ဆိုင်ကိုသွားဖို့ အတွက် ကလေးအ၀တ်အစားတွေထည့် ဆိုင်မှာလိုအပ်မယ့်ပစ္စည်းတွေကို ထည့်ပါတယ်။
ကျွန်တော်ကတော့မိုးလင်းမျက်လုံးပွင့်လာရင် ဖုန်းစပွတ်ပါတယ်။ (ဟီးးးးးး)
အဲတာကို မိန်းမကသိပ်တော့မကြည်ဘူး။ အားလုံးပြင်ဆင်ပြီးရင် ဆိုင်သွားဖို့ ကလေးနှစ်ယောက်ရယ် ကျွန်တော်
မိန်းမရယ်က ဆိုင်ကယ်တစ်စီး ။ အကြီးကောင်ကတော့ စက်ဘီးလေးစီးပြီး ဆိုင်ကိုလိုက်ပါတယ်။ လမ်းမှာဆိုင်ကယ်
တွေရှုပ်တော့ တိုက်မှာစိုးလို့ အကြီးကောင်ကိုစောင့်ပြီးတော့ ဆိုင်ကယ်ကို ဖြည်းဖြည်းချင်းစီးသွားရပါတယ်။

ဆက်လက်ရေးသားပါဦးမည်။
image

MSC-164
Author - nannhtike@nannhtike
photo by me

မိသားစု | Ecency